ကကတစ်

ကကတစ် (Large perch) သည် မြန်မာနိုင်ငံ ကမ်းရိုးတစ်လျှောက်၌ တွေ့ရသော အရေးကြီးသည့် စားငါး တစ်မျိုးဖြစ်၍ လူသိများသည်။ ဤငါးသည် ပါဏဗေဒ အလိုအရ ငတောက်တူကသမြင်းငစင်စပ် စသည်တို့နှင့်အတူ ပါစီဒို မျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍ အနည်းငယ် ရှည်လျားသည်။ နှာတံတို၍ အောက်မေးရှေ့သို့ငေါထွက်နေသည်။ ခေါင်း၏ ဘေး တစ်ဖက်တစ်ချက်တွင် ကြီးမားသော မျက်လုံးနှစ်လုံးရှိသည်။ ကျောဆူးတောင်နှစ်ခုပါ၍ ရှေ့ဆူးတောင်တွင် မာကျောသော ဆူးရိုးများပါရှိသည်။ အမြီးမှာ ထိပ်မျိုးဖြစ်၏။ အကြေးများမှာ မကြီးမငယ်ဖြစ်၍ အနားကြမ်းအကြေးမျိုး ဖြစ်သည်။ ဤငါး၏ အရောင် ဝမ်းပိုက်တစ်လျှောက်တွင် အဖြူရောင် သန်းနေသည်။ ကကတစ်သည် သာမန်အားဖြင့် တစ်ပေခွဲသာရှိသော်လည်း၊ တစ်ခါတစ်ရံ အရှည် ၅ ပေအလေးချိန် ၅၅ ပိသာခန့်အထိ ရှိနိုင်သည်။ ဤငါး၏ စည်ဖောင်းများမှ အတော်အသင့် ကောင်းမွန်သော ငါး စည်ဖောင်းကော်ကို ပြုလုပ်ရရှိနိုင်သည်ဟု သိရသည်။

ကကတစ်ငါး

[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.