ကချင်တောင်တန်း

ကချင်တောင်တန်း သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ မြောက်ပိုင်းအကျဆုံးနေရာတွင် တည်ရှိပြီး နက်ရှိုင်းသည့် တောများ တည်ရှိသည်။ တောင်တန်းများသည် များသောအားဖြင့် မြောက်/တောင် သွယ်တန်းနေကြသည်။ ဘမ်းပဘမ်းတောင် (Bumhpa Bum) တောင်သည် ၃၄၁၁ မီတာ (၁၁၁၉၁ ပေ) မြင့်ပြီး အမြင့်ဆုံးနေရာလည်း ဖြစ်သည်။ ထိုတောင်သည် အရှေ့တောင်အာရှရှိ မြင့်မားသည့် တောင်ထိပ်ရှိသည့် တောင်များတွင် ပါဝင်သည်။[1]

ကချင်တောင်တန်း
ကချင်တောင်တန်း
အမြင့်ဆုံးအမှတ်
တောင်ထွတ်ဘမ်းပဘမ်း
အမြင့်၃,၄၁၁ m (၁၁,၁၉၁ ft)
ကိုဩဒိနိတ်26°41′N 97°14′E
ပထဝီဝင်
နိုင်ငံမြန်မာနိုင်ငံ
ပြည်နယ်/စီရင်စုအရှေ့တောင်အာရှ
တည်ရာနယ်နမိတ်မြန်မာ၊ အာရူနာချယ် ပရာဒတ်ရှ်၊ (အိန္ဒိယနိုင်ငံ)
တိဘက် နှင့် ယူနန်ပြည်နယ် (တရုတ်နိုင်ငံ)
ဘူမိဗေဒ
ကျောက်သားအမျိုးအစားဂရင်းနိုက်ထုံးကျောက်

ပထဝီအနေအထား

ကချင်တောင်တန်းသည်ဒေသသည် ၁၉၁၇၇ စတုရန်းမိုင် (၄၉၆၇၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။ တောင်တန်းများ ပါဝင်ပေါင်းစပ်တည်ရှိပြီး အများစုသည် မြောက် နှင့် တောင်သို့ သွယ်တန်းနေသည်။ ထို့အပြင် လွင်ပြင်များလည်း ရှိပြီး ဧရာဝတီမြစ်သို့ ဦးတည်နေသည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.