ကဏန်း

ကဏန်း (Crab) သည် ကိုယ်ထည် ပုဝိုင်းလုနီးရှိ၍ ခြေလက် ရှစ်ချောင်းရှိပြီး ဘေးတိုက်တွားသွားတတ်သော သတ္တဝါမျိုးဖြစ်သည်။ ရေထဲတွင်နေ၍ ကုန်းပေါ်၌ အတန်ကြာ အသက်ရှင်ကာ သွားလာနိုင်သည်။ လယ်ပုဇွန်လုံးဟု ခေါ်သော ကဏန်းမှာ တွင်းအောင်းကဏန်းမျိုးဖြစ်၍ လက်သည်းခွံခန့်ရှိသော နုံးစပ်တွင်နေတတ်သည့် ဖောင်စီးကဏန်း မျိုးလည်း ရှိသည်။ ကိုယ်ထည်သည် ဝါကြံ့ကြံ့အရောင် ရှိသည်။ ပင်လယ်ကဏန်းများမှာ လက်သီးဆုတ်အရွယ်မှ ပန်းကန်ပြားအရွယ်အထိ အရွယ်အစားရှိသည်။ လက်မနှစ်ချောင်းမှာ ဆူးချွန်အသွားရှိ၍ ညှပ်နိုင်၏။ လက်မများသည် အခြားလက်များထက် ပို၍ကြီးပြီး လက်မတစ်ဖက်တည်း အချိုးအစား မမျှအောင် ကြီးသော ကဏန်းမျိုးလည်းရှိသည်။ ပင်လယ်ကျောက်ကဏန်းတွင် အငယ်ဆုံးလက်ချောင်းသည် ရေကူးရန် လှော်တက်သဖွယ် ပြား၍နေတတ်သည်။ ဂျပန်နိုင်ငံတွင် လက်နှစ်ဖက် ၁၁-ပေအထိ ကြီးသော ကဏန်းကြီးများရှိသည်။ ကဏန်းအသားကို စားသုံးကြသည်။ [1]

ဂဏန်း နှင့် မရောထွေးပါနှင့်။
ကဏန်း

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.