ကတိုး

အမွှေးနံသာအဖြစ် အသုံးပြုသော ပစ္စည်းဖြစ်သည်။ ရေမွှေးဖော်စပ်ရာတွင် အသုံးပြုသည်။ ကတိုးကောင်ဟုခေါ်သော ဒရယ်ဖိုကောင်တစ်မျိုး၏ ဝမ်းတွင်းအကြိတ် တစ်မျိုးမှ ထုတ်ယူသည်။ ထိုဒရယ်မျိုးကို အာရှတိုက်အလယ်ပိုင်း ဟိမဝန္တာတောင်ခြေ ဒေသတွင် တွေ့ရှိရသည်။ ကြွက်ကတိုးဟူ၍လည်း ရှိသည်။ တစ်ချို့အပင်များမှလည်း ကတိုးထုတ်ယူသည်။ ကတိုးအတုများကိုလည်း ဖော်စပ်ကြသည်။ [1]

ကတိုးကောင်

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.