ကနေဒါ ရော့ကီးတောင်တန်းဥယျာဉ် ကမ္ဘာ့အမွေအနှစ်နေရာ

ကနေဒါ ရော့ကီးတောင်တန်းဥယျာဉ် ကမ္ဘာ့အမွေအနှစ်နေရာ သည် ကနေဒါ ရော့ကီးတောင်တန်း တွင် တည်ရှိသော ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုဖြစ်သည်။ ၎င်းတွင် တဆက်တည်းဖြစ်နေသော ဥယျာဉ် ၇ ခု ပါဝင်ပြီး ၎င်းတို့ထဲတွင် အမျိုးသားဥယျာဉ် ၄ ခုပါဝင်သည်။ အမျိုးသားဥယျာဉ်များမှာ

  • ဘန်းဖ် အမျိုးသားဥယျာဉ်
  • ဂျက်စပါ အမျိုးသားဥယျာဉ်
  • ကူးတနေး အမျိုးသားဥယျာဉ်
  • ယိုဟို အမျိုးသားဥယျာဉ်
ကနေဒါ ရော့ကီးတောင်တန်းဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ကနေဒါ
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii,viii
ကိုးကား ၃၀၄
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၄  (အဋ္ဌမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

တို့ဖြစ်ကြပြီး ဗြိတိသျှကိုလံဘီယာ၏ ခရိုင်ဥယျာဉ်များမှာ

  • ဟမ်ဘာ ခရိုင်ဥယျာဉ်
  • အဆင်းနဘွိုင်းတောင် ခရိုင်ဥယျာဉ်
  • ရော့ဘ်ဆန်တောင် ခရိုင်ဥယျာဉ် တို့ ဖြစ်ကြသည်။

ဥယျာဉ်များတွင် တောင်ကုန်းများ၊ ရေခဲမြစ်များနှင့် ရေပူစမ်းများ ပါဝင်ပြီး မြောက်အမေရိက မြစ်များ၏ မြစ်ဖျားခံရာ ဒေသဖြစ်ကာ

  • ဆက်ဆကာချီဝမ်မြစ်
  • အက်သာဘတ်စကာမြစ်
  • ဖရေဆာမြစ် တို့ ပါဝင်သည်။

ထိုဒေသသည် သဘာဝပတ်ဝန်းကျင် နှင့် ဇီဝဆိုင်ရာ မျိုးကွဲများ ရှိခြင်းကြောင့် ထင်ရှားသည်။ ၁၉၈၀ မှ ၁၉၈၄ အထိ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ကိုယ်ပိုင်ပါဝင်ခဲ့သော ဘားဂတ်စ် ယှေလကျောက် ဒေသလည်း အပါအဝင်ဖြစ်ပြီး ထို့နောက်တွင် ကနေဒါ ရော့ကီးတောင်တန်း အမျိုးသားဥယျာဉ် သတ်မှတ်မှုအတွင်း ထည့်သွင်းခဲ့သည်။ ref>The Burgess Shale Royal Ontario Museum။ 24 June 2012 တွင် ပြန်စစ်ပြီး။</ref>[1]

ကိုးကား

  1. World Heritage Committee: Eighth Ordinary Session UNESCO (1984)။ 24 June 2012 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.