ကမာရွတ်မြို့နယ်

ကမာရွတ်မြို့နယ်သည် ရန်ကုန်မြို့လယ်၏ မြောက်အလယ်ပိုင်းတွင် တည်ရှိသည်။ က္မာရတ်-ဟူသော မွန်ဝေါဟာရက ဆင်းသက်သည်။ မွန်ဘာသာအရ က္မာ-ရေလှောင်ကန်၊ ရတ်-ရတနာ၊ ရတနာကန်ဟု အဓိပ္ပါယ်ရသည်။ အင်းလျားကန်ကို ဆိုလိုသည်။ အင်းလျားကန်နားက ရပ်ကွက်ကို ကမာရွတ်-ဟု ခေါ်ဆိုခြင်း ဖြစ်သည်။[1]

ကမာရွတ်မြို့နယ်
ကမာရွတ်မြို့နယ်
ကမာရွတ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°49′15″N 96°8′0″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
မြို့ရန်ကုန်မြို့
ခရိုင်ရန်ကုန်အနောက်ပိုင်းခရိုင်
စာပို့သင်္ကေတ၁၁၀၄၁၊ ၁၁၀၄၄

ကမာရွတ်သည် ရှေးမွန်ဘုရင်များလက်ထက်ကပင် ဒဂုန်မြို့ လက်အောက်ခံ ကျေးရွာကြီး တရွာ ဖြစ်သည်။ ကုန်းဘောင်ခေတ်ဦးကာလတွင် ကျေးရွာအဖြစ် ဆက်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလအတွင်း ၈ ဇူလိုင် ၁၈၂၄ တွင် ကမာရွတ်ခံတပ်တိုက်ပွဲ ဖြစ်ပွားပြီး၊ သုံးပါးဝန်ကြီး ဦးရန်အောင်နှင့် ဝန်ထောက် ဦးရွှေမင်းတို့ ကျဆုံးသည်။[2]

ကမာရွတ်မြို့နယ်၏ မြောက်ဘက်တွင် လှိုင်မြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ အရှေ့ဘက်တွင် အင်းယားကန်ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်၊ တောက်ဘက်တွင် စမ်းချောင်းမြို့နယ်တို့ တည်ရှိသည်။ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ပြည်လမ်းသည် ဤမြို့နယ်ကို ဖြတ်သန်းသွားသည်။ ရန်ကုန်တက္ကသိုလ်ဆေးတက္ကသိုလ်(၁) ရန်ကုန်ရန်ကုန် စီးပွားရေး တက္ကသိုလ်ရန်ကုန်ပညာရေးတက္ကသိုလ်အဝေးသင်တက္ကသိုလ်(ရန်ကုန်)တီတီစီလေ့ကျင့်ရေးကျောင်း၊ သတင်းပြန်ကြားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ ဆင်မလိုက်ဈေး၊ ဂျန်ရှင်းစကွဲစင်တာလှည်းတန်းစင်တာစိန်ဂေဟာ(လှည်းတန်း)တည်ရှိသည်။

ထင်ရှားသော အဆောက်အဦးများ

ကမာရွတ်မြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
ဂျပ်ဆင်ဘုရားကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းရန်ကုန်တက္ကသိုလ် နယ်မြေ
တက္ကသိုလ်များ ဓမ္မရုံတက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်တက္ကသိုလ် ဆေးရုံဆေးရုံတက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာဆောင်တက္ကသိုလ်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် အင်းဝဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတက္ကသိုလ်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ဒဂုံဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် အင်းယားဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် နဝဒေးဆောင်ကျောင်းသားအဆောင်သထုံလမ်းသွယ်
ရန်ကုန်တက္ကသိုလ် ပင်းယဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ပြည်ဆောင်ကျောင်းသားအဆောင်ပြည်လမ်း
ရန်ကုန်တက္ကသိုလ် သိပ္ပံဆောင်တက္ကသိုလ်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ရွှေဘိုဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် တကောင်းဆောင်ကျောင်းသားအဆောင်ပြည်လမ်း
ရန်ကုန်တက္ကသိုလ် သထုံဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် သီရိဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ

ပုဂံဆောင် ။ အမရာဆောင်။ မဟော်သဓာဆောင်။သံဗျင်ဆောင်။ အဓိပတိဆောင်

အထင်ကရပုဂ္ဂိုလ်

  1. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောအောင် (ရှမ်းစုရပ်)
  2. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောနောင် (ရှမ်းစုရပ်)
  3. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုးညို
  4. စာရေးဆရာ သန်းဆွေ
  5. ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သိန်းမောင်[2]

ကိုးကား

  1. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
  2. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၂၃။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.