ကမ္ဘာမကျေ

ကမ္ဘာမကျေသည် မြန်မာနိုင်ငံတော်သီချင်းဖြစ်သည်။ သီချင်း၏ အစပိုင်း(ခြေဆင်း)အား မြန်မာ ရိုးရာသံစဉ်ဖြင့် တီးခတ်ထားခဲ့သည်။ ထို့နောက် အနောက်တိုင်း ဂီတသံစဉ်သို့ ပြောင်းလဲ တီးခတ်ထားသည်ကို တွေ့ရသည်။ ဤသီချင်းစာသား၊ သံစဉ်များကို ဝိုင်အမ်ဘီ ဆရာတင်[1]ခေါ် သခင်တင် ရေးစပ်သီကုံးထားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၂ တွင် တိုင်းပြုပြည်ပြု လွှတ်တော် တတိယညီလာခံ ဆဋ္ဌမမြောက် အစည်းအဝေး မှ ကမ္ဘာမကျေ ကို နိုင်ငံတော်သီချင်း အဖြစ် အတည်ပြုခဲ့သည်။ [2]

ကမ္ဘာမကျေ
English: Till the End of the World
Kaba Ma Kyei

 မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံတော်သီချင်း
စာသားဆရာတင်၊ ၁၉၄၀ နှင့် ၁၉၄၆
ဂီတဆရာတင်၊ ၁၉၄၀
ရွေးချယ်ခြင်း၁၉၄၇
ဂီတ နမူနာ
ကမ္ဘာမကျေ (တီးလုံး)


သီချင်းစာသား

သီချင်းစာသား[3] IPA transcription MLC transcription
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊
တို့ပြည်၊ တို့မြေ၊
များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊
ခွင့်တူညီမျှ၊ ဝါဒ ဖြူစင်တဲ့ ပြည်၊
တို့ပြည်၊ တို့မြေ၊
ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့စေ၊
အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ ။
(ကမ္ဘာမကျေ၊ မြန်မာပြည်၊
တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။)
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။
တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တစ်တွေ
ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။
[təjá m̥ja̰ ta̰ lʊʔ laʔ tɕʰɪ́n nɛ̰ mə t̪wè]
[do̰ pjè do̰ mjè]
[mjá lù kʰaʔ t̪éʲɲ ɲéʲN dʑœ́n zè bo̰]
[kʰwɪ̰n tù ɲì m̥ja̰ wàda̰ pʰjù sɪ̀n dɛ̰ pjè]
[do̰ pjè do̰ mjè]
[pjì dàʊn zṵ ʔəmwè ʔəmjɛ́ tì da̰n zè]
[ʔədeʲʔtʰœ̀m pjṵ bè tʰéʲn̪ t̪éʲn zo̰ lè]
[ɡəbà mə tɕè mjəmà pjè]
[do̰ bó bwá ʔəmwè sɪʔ mo̰ tɕʰɪʔ mjaʔ nó bè]
[pjì dàʊn zṵ ɡò ʔət̪ɛʔ pé lo̰ do̰ kà ɡwɛ̀ məlè]
[dà do̰ pjè dà do̰ mjè do̰ pàɪn nɛʔ mjè]
[do̰ pjè do̰ mjè ʔətɕó ɡò ɲì ɲà zwà do̰ dədwè]
[tʰœ́n sʰàʊm bà zo̰ lè do̰ tà wʊ̀m bè ʔəpʰó tœ̀m mjè]
ta.ra: hmya. ta. lwat lap hkrang: nai. ma. swe
(tui. prany tui. mre)
mya: lu hkap sim: ngrim: hkyam: ce hpo.
hkwang. tu nyi hmya. wada. hpyu cang tai. prany
(tui. prany tui. mre)
prany htaung cu. a mwi a.mrai: tany tam. se
a.dhithtan pru. pe htin: sim: cui. le
kambha ma. kye / mranma prany /
tui. bhui: bwa: a.mwe cac mui. hkyac mrat nui: pe //
prany htaung cu. kui a.sak pe: lui. tui. ka kwai ma.le /
da tui. prany da tui. mre tui. puing nak mre //
tui. prany tui. mre a.kyui: kui nyi nya cwa tui. ta.twe
htam: hcaung pa cui. le tui. ta wan pe a. hpui: tan mre //

ပြင်ဆင်မှု

နိုင်ငံတော်သီချင်းပါ "ဗမာ"ဟူသော စကားရပ်ကို "မြန်မာ"ဟူသည့် စကားရပ်ဖြင့် ပြောင်းလဲရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ အမိန့်အမှတ် ၂/၈၉ကို အတွင်းရေးမှူး(၁) လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာသည်။

အခြားကြည့်ရန်

စာညွှန်း

  1. မှနန်းတော်ရှေ့ဆရာတင် - ဦးသော်ဇင်(စာမျက်နှာ-၃၉)
  2. လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စွဲသမိုင်း − ကျော်ငြိမ်း (၁၉၄၅ မှ ၁၉၄၈ − စာ ၇၄)
  3. Constitution of the Republic of the Union of Myanmar (2008) Chapter 13 State Flag, State Seal, National Anthem and the Capital. Article 439 (a). Page 176.

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.