ကမ္ဘာ့သမိုင်း

လူသားတို့၏သမိုင်း သို့မဟုတ် ကမ္ဘာ့သမိုင်းသည် လူသားထု၏အတိတ်ကို သေသေချာချာ သုတေသနပြုကာ ဖေါ်ပြခြင်း ဖြစ်သည်။ ရှေးဟောင်းသုတေသနပညာမနုဿဗေဒမျိုးရိုးဗီဇပညာဘာသာဗေဒနှင့် အခြားသော ပညာရပ်များမှ ရှာဖွေတွေ့ရှိချက်များကို အခြေခံ၍ ဖေါ်ပြခြင်းဖြစ်ပြီး၊ စာအရေးအသားကို စတင်တီထွင်သည့်ကာလမှ စတင်၍ သမိုင်းတင်ထားနိုင်ခြင်းဖြစ်သည်။ ထိုသို့ သမိုင်းတင်ဖေါ်ပြရာတွင် ရေးသားထားသော မှတ်တမ်း၊ ကျမ်းဂန်များနှင့် သမိုင်းပညာရှင်အချင်းချင်း တည်းဖြတ်အတည်ပြုစစ်ဆေးပြီးမှသာ ရေးသားထားသည့် စာအုပ်စာတမ်းများ၊ တွေ့ရှိချက်များကို အခြေခံလေ့ရှိသည်။

သမိုင်းမတင်မီခေတ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သမိုင်းမတင်မီခေတ်

လူသားအစ

မျိုးရိုးဗီဇတိုင်းတာမှုများက လက်ရှိလူသားမျိုးရိုး(ဟိုမို ဆေပီယန်စ် - Homo sapiens)နှင့် လူနှင့် ပုံပန်းအနီးစပ်ဆုံး ဆွေမျိုးများဟုဆိုနိုင်သော ချင်ပန်ဇီမျောက်ဝံ (chimpanzees and bonobos)မျိုးရိုးတို့ သည် မူလမျောက်ဝံမျိုးရိုးမှ လွန်ခဲ့သောနှစ်ပေါင်း ၄.၆မှ ၆.၂သန်းခန့်တွင် ခွဲထွက်လာခဲ့ကြောင်း ညွှန်ပြထားသည်။[1] ခန္ဓာဗေဒအရလက်ရှိလူသားဟုဆိုနိုင်သူ (Anatomically modern human)များကို အာဖရိကတိုက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀,၀၀၀ခန့်တွင် ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။[2] အဆိုပါလူများသည် အခြားမျိုးနွယ်စိတ်များနှင့် ကွဲပြားသော အပြုအမူများဖြစ်သော ခေတ်လူသားများ၏ အပြုအမူနှင့် ဆင်တူသောအပြုအမူတို့ကို လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀,၀၀၀ခန့်တွင် စတင်ကျင့်သုံးလာခဲ့ကြသည်။[3]

ပြင်သစ်နိုင်ငံLascaux၌ ၁၅,၀၀၀ BCE ပတ်ဝန်းကျင်ကာလတွင် ရေးဆွဲထားသည့် ဂူနံရံ ပန်းချီ
ဩစတြီးယားနိုင်ငံမှ ၂၆,၅၀၀ BCE ပတ်ဝန်းကျင်ကာလတွင် ပြုလုပ်ထားသော "Venus of Willensdorf"

လူ့​အဖွဲ့​အစည်းများ ပေါ်ပေါက်တိုးတက်လာခြင်း

၁၀,၀၀၀ BCE ခန့်တွင်စတင်သော ကျောက်ခေတ်သစ်အပြောင်းအလဲကာလ၌ စိုက်ပျိုးမွေးမြူရေးများ စတင်ပေါ်ပေါက်ကြီးထွားလာခဲ့ပြီး လူသားတို့၏ နေထိုင်မှုပုံစံကို အခြေခံအားဖြင့် ပြောင်းလဲသွားစေခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ၁၀,၀၀၀ BCE ပတ်ဝန်းကျင်၌ လည်းကောင်း၊ လက်ရှိတရုတ်နိုင်ငံတည်ရှိရာဒေသတွင် ၇,၀၀၀ BCE ပတ်ဝန်းကျင်၌ လည်းကောင်း၊ အိန္ဒုမြစ်ဝှမ်းဒေသနှင့် ဥရောပဒေသတွင် ၆,၀၀၀ BCE ပတ်ဝန်းကျင်၌ လည်းကောင်း၊ အမေရိကဒေသတွင် ၄,၀၀၀ BCE ပတ်ဝန်းကျင်၌ လည်းကောင်း လယ်ယာစိုက်ပျိုးရေးကို စတင်လုပ်ကိုင်ကာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။[4] အရှေ့အလယ်ပိုင်းဒေသတွင် ၈,၅၀၀ BCE ပတ်ဝန်းကျင်၌ ဂျုံနှင့် ဘာလီစသော ကောက်နှံပင်များ(cereal crops)ကို စတင်စိုက်ပျိုးလာကြပြီး၊ သိုးနှင့် ဆိတ်များမွေးမြူခြင်းဖြင့် တိရိစ္ဆာန်ရိုင်းများကို အိမ်သုံးအဖြစ်မွေးမြူခြင်း စတင်လာခဲ့ကြသည်။[5]

မှတ်စုများ

    ကိုးကား

    1. Chen & Li 2001, pp. 444–56.
    2. Homo sapiens The Smithsonian Institutions's Human Origins Program Smithsonian Institution (8 February 2016)။ 21 May 2017 တွင် ပြန်စစ်ပြီး။
    3. Klein, Richard G. (June 1995). "Anatomy, Behavior, and Modern Human Origins". Journal of World Prehistory 9 (2): 167–98. doi:10.1007/BF02221838. ISSN 0892-7537.
    4. Hart-Davis 2012, pp. 36–37.
    5. McNeill 1999, p. 11.

    စာစုစာရင်း

    • "Genomic Divergences Between Humans and Other Hominoids and the Effective Population Size of the Common Ancestor of Humans and Chimpanzees" (2001). American Journal of Human Genetics 68 (2): 444–56. doi:10.1086/318206. PMID 11170892.
    • Hart-Davis၊ Adam, ed. (2012)။ History: The Definitive Visual Guide။ New York: DK Publishing။ ISBN 978-0-7566-7609-4CS1 maint: ref=harv (link)
    • McNeill၊ William H. (1999) [1967]။ A World History (4th ed.)။ New York: Oxford University Press။ ISBN 978-0-19-511616-8CS1 maint: ref=harv (link)
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.