ကရစ်ကက်

၂၂-ကိုက် ရှည်လျားသော ကွင်း၌ ဘောလုံးကလေးနှင့် ရိုက်တံတို့ကို အသုံးပြု၍ ဘောလုံးကို ရိုက်လွှတ်ထားစဉ် တစ်ဖက်က ဘောလုံးကို လိုက်ဖမ်းယူကာ ပစ်ပေါက်၍ တစ်ဖက်က ခေါက်ရေရအောင် ကူးသန်းပြေးခြင်းဖြင့် အပြန်အလှန် နှစ်ဖက်ကစားရသော ကစားနည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ၁၃-ရာစုနှစ်လောက်ကပင် စတင်ကစားခဲ့ကြသည်။ ၁၇၄၄-ခုနှစ်က ကစားပွဲဆိုင်ရာ စည်းကမ်းရေးဆွဲခဲ့သည်။ နိုင်ငံများစွာတွင် ကစားကြ၍ ကမ္ဘာ့ပြိုင်ပွဲများတွင်လည်း ကျင်းပကြသည်။ [1]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.