ကရာချိမြို့

ကရာချိမြို့သည် အိန္ဒိယကျွန်းဆွယ်‎အနောက်ဘက်ပိုင်း သိန္ဓုနယ်ရှိသင်္ဘောဆိပ်မြို့ ဖြစ်၍၊ ပါကစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီးလျှင် အိန္ဒုမြစ်ဝကျွန်းပေါ်ဒေသ၏ မြောက်ဘက်တွင် တည်ရှိ၏။ ထို့ကြောင့် အိန္ဒုမြစ်ထွက်သော ဝါဂွမ်း‎ဆား‎သားရေစိမ်း‎သိုးမွေး‎အကြမ်းနှင့် ဂျုံ‎စပါးတို့ကို ကရာချိမြို့မှတဆင့် အခြားမြို့နယ်နိုင်ငံများသို့ တင်ပို့လေသည်။ ထိုသို့ ကရာချိမြို့သည် အတွင်းဖက်ရှိ နယ်များအတွက် ထွက်ပေါက်ဖြစ်သဖြင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး၌ ထင်ရှားသောမြို့ဖြစ်သည်။ ပါကစ္စတန်နိုင်ငံအတွက် ဥရောပတိုက်‎နှင့် အနီးဆုံး သင်္ဘောဆိပ်‎နှင့် လေဆိပ်‎စခန်းလည်းဖြစ်၍ အခြားမြို့ကြီးများနှင့် မီးရထား‎ဖြင့် ဆက်သွယ်လျက်ရှိသည်။ ထိုမြို့မှ ဟိုက်ဒရဗတ်‎နယ်နှင့် အိန္ဒုမြစ်ဝှမ်း တစ်လျှောက်သို့ မီးရထားဖြင့်လည်းကောင်း ရေလမ်းမှလည်းကောင်း ကူးသန်းသွားလာ နိုင်လေသည်။ ကရာချိမြို့နှင့် ၃ မိုင်ခန့် ကွာဝေးသော ကီယာမာရီကျွန်း‎တွင် အကြီးဆုံးသော သင်္ဘောကျင်းများကို တည်ဆောက်ထား၏။ ထိုမြို့တွင် ဘိလပ်မြေ‎လုပ်ငန်းနှင့် တံငါလုပ်ငန်းများမှာ ထင်ရှားသော လုပ်ငန်းကြီးများဖြစ်လေသည်။ ကရာချိမြို့၏ အကျယ်အဝန်းမှာစတု ရန်းမိုင် ၈၁၂ဖြစ်၍လူဦးရေမှာ ၁၉၅၂ ခုနှစ် သန်းကောင်စာရင်းအရ ၁၁၁၈၀ဝဝ ဖြစ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.