ကာကာဒူး အမျိုးသားဥယျာဉ်
ကာကာဒူး အမျိုးသားဥယျာဉ် သည် ဩစတြေးလျနိုင်ငံ မြောက်ဩစတြေးလျပြည်နယ်ရှိ ထိန်းသိမ်းစောင့်ရှောက်ထားသော နယ်မြေ တစ်ခု ဖြစ်ပြီး ဒါဝင်မြို့ ၏ အရှေ့တောင်ဘက် ၁၇၁ ကီလိုမီတာ အကွာတွင် တည်ရှိသည်။
ကာကာဒူးအမျိုးသားဥယျာဉ်* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ဩစတြေးလျ |
အမျိုးအစား | သဘာဝ ၊ ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i,vi, vii, ix, x |
ကိုးကား | ၁၄၇ |
ဒေသ** | အာရှ-ပစိဖိတ် |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၁ (ပဉ္စမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ထိုဥယျာဉ်သည် မြောက်ဩစတြေးလျပြည်နယ် အယ်လီဂေတာ ရေးဗား ဒေသအတွင်း တည်ရှိသည်။ အကျယ်အဝန်း အနေနှင့် ၇,၆၄၆ စတုရန်းမိုင် (၁၉,၈၀၄ စတုရန်းကီလိုမီတာ) [1] မျှ ရှိပြီး မြောက်မှတောင်သို့ ၂၀၀ ကီလိုမီတာခန့်မျှ ရှည်လျားပြီး အရှေ့မှ အနောက်သို့ ၁၀၀ ကီလိုမီတာကျော်မျှ ရှည်လျားသည်။ ထိုဥယျာဉ်၏ အကျယ်အဝန်းမှာ ဆလိုဗေးနီးယားနိုင်ငံ၏ အကျယ်အဝန်းမျှ ရှိပြီး တက်စမေးနီးယားကျွန်း၏ ၃ ပုံ ၁ပုံမျှ သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံ၏ တစ်ဝက်မျှ ရှိသည်။ ကမ္ဘာပေါ်တွင် ယူရေနီယမ် အများဆုံး ထွက်သော ရိန်းဂျား ယူရေနီယံတွင်းအား ဥယျာဉ်မှ ဝိုင်းပတ်ထားသည်။
ကိုးကား
- Kakadu National Park Northern Territory, Australia။ United Nations Environment Programme World Conservation Monitoring Centre – World Heritage Sites။ UNESCO။ 13 July 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 March 2011 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.