ကိုကို၊ မောင်(အမရပူရ)

မောင်ကိုကို (အမရပူရ) သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရွှေခဲကျေးရွာမှ စာရေးဆရာ တစ်ဦးဖြစ်သည်။ မောင်ကိုကို (အမရပူရ)သည် ၁၉၅၁-ခုနှစ်၊ မေလ ၃၀-ရက်နေ့တွင် အဖ ဦးကျော်အေး၊ အမိ ဒေါ်လှမြိုင်တို့က အမရပူရအရှေ့ ယက္ကန်းတော်ရပ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကိုကို ပင်ဖြစ်သည်။ ၁၉၇၅-ခုတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Econ စီးပွားရေးဘွဲ့ကို ရခဲ့သည်။ ၁၉၇၄-ခုနှစ် စီးပွားရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ဆည်တိုင်ကျေးရွာ လူမှုစီးပွား ဆောင်းပါးဖြင့် စာပေလောကသို့ စတင်ရောက်ရှိခဲ့သည်။ ၁၉၈၀ မှ ၁၉၈၅ အထိ ရှုမဝမဂ္ဂဇင်းတွင် ကဗျာနှင့် ဝတ္ထုတိုများ ရေးသားခဲ့သည်။ ၁၉၉၅ မှ ၁၉၉၇ အထိ ဓန စီးပွားရေးမဂ္ဂဇင်းတွင် မျက်နှာဖုံးဆောင်းပါးများ ရေးသားခဲ့သည်။

မူလကလောင်အမည် ကိုကို(အမရပူရ)ဖြင့် ချစ်ပန်းပွင့်တွေ ဝေစီမှာလားနှင့် အခြားဝတ္တုတိုများ(၁၉၈၉)၊ အုပ်စိုးခိုင် အမည်ဖြင့် စီးပွားရေးမှော်အောင်သူ စွန်းဦးတီထွင် မြန်မာလူငယ်များ(၁၉၉၇)တွင် ထုတ်ဝေခဲ့သည်။ "ငှက်ပြာလေးနဲ့ ကျွန်တော်" ဝတ္ထုတိုများ စာအုပ်မှာ အထူးထင်ရှားသည်။ "တို့ဘုရားကို တို့ဖူးပြီ" နှင့် "ဘာကိုမှ မကြောက်သူများ" စာအုပ်များဖြင့် ၂၀၁၂-ခုနှစ် နှင့် ၂၀၁၃-ခု တို့အတွက် ထွန်းဖောင်ဒေးရှင်းစာပေဆု နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့သည်။ [1]

စာပေလက်ရာများ

  1. ချစ်ပန်းပွင့်တွေ ဝေစီမှာလားနှင့် အခြားဝတ္တုတိုများ (၁၉၈၉)၊
  2. စီးပွားရေးမှော်အောင်သူ စွန်းဦးတီထွင် မြန်မာလူငယ်များ (၁၉၉၇)၊
  3. အသည်းနာ ကမ္ဘာမကြေ၊
  4. ငှက်ပြာလေးနဲ့ ကျွန်တော်၊
  5. ဘာကိုမှ မကြောက်သူများ၊
  6. တို့ဘုရားကို တို့ဖူးပြီ၊
  7. ခေတ်ပြိုင်ပန်းချီဆရာများ၊

ယခုအခါ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်း မြို့နယ်၌ နေထိုင်လျှက်ရှိသည်။ [2]

ကိုးကား

  1. မောင်ကိုကို (အမရပူရ) ရေးသော ခေတ်ပြိုင်ပန်းချီဆရာများ၊ ၂၀၁၅၊ ဩဂုတ်လ၊ စာ-၆
  2. နေထွတ်၏ မန္တလေး အဘိဓာန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.