ကိုမင်ဖောင်

ဆိုဗီယက်ရုရှား ဦးဆောင်သော အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်ပါတီများ၏ဗဟိုအဖွဲ့ဖြစ်သည်။ ကွန်မြူနစ်သတင်း ဗြူရိုဟူ၍ အမည်ပေးရာမှ (Communist Imformation Bureau) ကိုမင်ဖောင် ဖြစ်လာသည်။ ၁၉၁၉-ခုနှစ်တွင် ဖွဲ့စည်းသော ကိုမင်တန်၏ နောက်တွင် ပေါ်ပေါက်လာသော်လည်း ဥရောပအရှေ့နှင့် အလယ်ပိုင်းနိုင်ငံများ၊ ပြင်သစ်၊ အီတလီ၊ ရုရှားနိုင်ငံများအတွက်သာ သတ်မှတ်ထား၍ ကွန်မြူနစ်နိုင်ငံအားလုံး မပါဝင်ချေ။ ၁၉၄၇-ခုနှစ်တွင် ဖွဲ့စည်း၍ ၁၉၅၆-ခုနှစ် ဟန်ဂေရီ ပုန်ကန်မှုကြီး ပေါ်ပြီးနောက် ရပ်စဲသွားသည်။ [1]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.