ကိုလေး၊ ဦး (အင်းဝဂုဏ်ရည်)

အင်းဝမြို့ ဈေးချို ပန်းပဲတန်းရပ် ဇာတိဖြစ်သည်။ အဖ ဦးချွန်နှင့် အမိ ဒေါ်မမကြီးတို့က ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ 'ကိုလေး' ဖြစ်သည်။

ဆဌမတန်းက စပြီး ကဗျာရေးသားခဲ့ပါသည်။

အင်းဝဂုဏ်ရည် အလယ်တန်းကျောင်း၊ ပြဿဒ်ကျောင်းနှင့် တံတားဦးမြို့ အထက တို့တွင် ပညာသင်ကြားခဲ့ပြီး၊ မန္တလေးတက္ကသိုလ်၌ ဆက်လက် ပညာဆည်းပူးခဲ့သည်။

မန္တလေးတက္ကသိုလ်တွင် စစ်ကိုင်းတိုင်းအသင်း ဉာဏဗလမှူး၊ အဆောင်များ စာကြည့်တိုက်မှူး၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းတို့၌ ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၅၂ ခုနှစ်၊ ဩဂုတ်လထုတ် မန္တလေး မြန်မာ့လမ်းစဉ်သတင်းစာမှာ “ကျွန်ပ်တို့ ဌာန ရွှေအင်းဝ” ကဗျာ စတင်ပုံနှိပ်ဖော်ပြခြင်း ခံရသည်။ “လမ်းသစ်ကဗျာများ” စာအုပ်ဖြင့် ၁၉၆၅ ခုနှစ် အတွက် အမျိုးသားစာပေ (ကဗျာ) ပထမဆု ရခဲ့သည်။

၁၉၉ဝ ခုနှစ်တွင် ကဗျာရှင် ၅ ဦး စုစည်းမှုနဲ့ “နဒီငါးသွယ်” ကဗျာရှည်စာအုပ် ထုတ်ဝေခဲ့ပြီး တံတားဦးမြို့မှာ နေထိုင်လျက် ရှိသည်။

[1]

ကိုးကား

  1. လူထုဦးလှ ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အမှတ်တရစာများကို စုစည်းပြီး လူထုကြီးပွားရေး စာအုပ်တိုက်က ၁၉၉၄ ဩဂုတ်လတွင် ပထမအကြိမ် ထုတ်ဝေဖြန့်ချိသည့် ‘လူထုအမှတ်တရ လူထုဦးလှ’ စာအုပ်ပါ ကဗျာဆရာ “ကိုလေး (အင်းဝဂုဏ်ရည်)” အတ္ထုပ္ပတ္တိအကျဉ်းမှ...။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.