ကေဖိန်း

ကေဖိန်း (အင်္ဂလိပ်: Caffeine) (Also ကဖိန်း) ဆိုသည်မှာ လက်ဖက်ကော်ဖီစေ့နှင့် ကိုလာစေ့များတွင် ပါရှိသည့် အဲလ်ကာလွိုက် တစ်မျိုးဖြစ်၍ ရေတွင်ပျော်လွယ်သည်။ သွေးကြောများကျယ်၍ လန်းဆန်းစေသော အာနိသင် အနည်းငယ်ရှိသည်။ ဆေးဝါးများတွင် ရောစပ်သုံးစွဲကြသည်။ ကေဖိန်းသည် ကမ္ဘာအနှံ့ တွင်ကျယ်စွာ သုံးစွဲနေသည့် စွဲလမ်းစေတတ်သော မူးယစ်ဆေးဝါးဖြစ်သော်လည်း ယင်းသည် တရားဝင်ဖြစ်သည်။ ကေဖိန်းသည် အာရုံကြောစနစ်၏ သေချာသည့်အပိုင်းတစ်ခုကို လှုံ့ဆော်ပေးသည်။ ကေဖိန်းဓာတ်အား အပင်အစေ့အရွက် စသည်တို့တွင် တွေ့ရလေ့ရှိပြီး လူသိများသော ပင်ရင်းမှာ ကော်ဖီစေ့ဖြစ်သည်။ ကေဖိန်းဓာတ် ပါဝင်သော သောက်စရာ ကော်ဖီ၊ ကိုလာ၊ လက်ဖက်ရည်တို့သည် လူကြိုက်များပြီး ၂၀၀၅ ခုနှစ်အရ မြောက်အမေရိကမှ ၉၀ ရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူများသည် ကေဖိန်းဓာတ်ကို နေ့စဉ် သုံးစွဲကြသည်။[1] ကေဖိန်းအားသုံးစွဲရာ၌ ကောင်းကျိုး၊ ဆိုးကျိုး ရှိလေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးစာရင်းတစ်မျိုးဖြစ်သကဲ့သို့[2] အချို့သော ရောဂါများကိုလည်း ထိရောက်စွာ ကာကွယ်ပေးသည်။[3]

ကိုးကား

  1. Lovett R (24 September 2005). "Coffee: The demon drink?". New Scientist (2518).
  2. WHO Model List of Essential Medicines (PDF) (18th ed.)။ World Health Organization။ October 2013 [April 2013]။ p. 34 [p. 38 of pdf]23 December 2014 တွင် ပြန်စစ်ပြီး
  3. "The impact of coffee on health" (May 2013). Maturitas 75 (1): 7–21. doi:10.1016/j.maturitas.2013.02.002. PMID 23465359. Retrieved on 15 January 2014.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.