ကံချွန်၊ ဦး(ပန်းချီ)

ဦးကံချွန်သည် မန္တလေးမှ ပန်းချီဆရာ တစ်ဦးဖြစ်သည်။ ၁၉၂၈-ခုနှစ်တွင် အဖ ဦးဘတင်၊ အမိ ဒေါ်လှတင် တို့က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် ဆရာကြီး ဦးစောမောင် ထံတွင် ပန်းချီပညာအခြေခံကို စတင်လေ့လာ သင်ယူ ရေးဆွဲခဲ့သည်။ မန္တလေးမြို့အနီး မြစ်ငယ်မီးရထားတွဲပြင်ဌာနတွင် အမှုထမ်းခဲ့ဘူးသည်။ ၁၉၉၅-ခုနှစ်တွင် မန္တလေးမြို့၌ ကွယ်လွန်သည်။ [1]

ကိုးကား

  1. နေထွတ် ၏ မန္တလေးအဘိဓာန်(၁၉၉၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.