ကံမရှိ ဉာဏ်ရှိတိုင်းမွဲ

ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။ မြန်မာဆိုရိုးစကား တစ်ခုလည်း ဖြစ်သည်။[1]

ဆိုလိုရင်း

အဆင်မပြေနေသူအဖို့ ကြံစည်လုပ်ဆောင်တိုင်း မအောင်မမြင် ဆုံးရှုံးမှုနှင့်သာ တွေ့ကြုံရသည်။

အခြားအသုံးအနှုန်း

  • ကံမရှိ ဉာဏ်ချိတိုင်းမွဲ

နမူနာအသုံး

  • ကံသာဖမိ၊ ကံမရှိက၊ ဉာဏ်ချိတိုင်းမွဲ၊ ကြံတိုင်းလွဲ၏။ [၁၂၆၆] မဃ* ၂၅၁။
  • ဉာဏ်နှင့်ဝီရိယ ကောင်းစေကာမူ ကံမပါက ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဟူသကဲ့သို့ ကြံသမျှ အရာမထင်ဖြစ်တတ်ကြောင်းကို လူတိုင်းပင် သတိမူအပ်ပေသည်။ [၁၃၈၁]စာဗိမာန်၊ ၅၊ ၁။ ၄၇။

ကျမ်းကိုး

  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.