ကျိုတိုမြို့
ကျိုတိုမြို့ (京都) သည် ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်း အလယ်ပိုင်း ဒေသတွင် တည်ရှိသည့် ရှေးဟောင်း မြို့တစ်မြို့ ဖြစ်သည်။ လူဦးရေ ၁ သန်းခွဲခန့် ရှိပြီး ဂျပန်၏ မြို့တော်ဟောင်း ဖြစ်သည်။ ဤမြို့သည် ဂျပန်ယဉ်ကျေးမှု စတင်ထွန်းကားရာ မြို့ဖြစ်သည်။ "အရှေ့ဖျား ရောမမြို့တော်" ဟုလည်း တွင်သည်။ ဂျပန်နိုင်ငံတွင် စတုတ္ထအကြီးဆုံးမြို့ကြီးဖြစ်၍ ၇၉၄ ခုနှစ်မှ ၁၈၆၈ ခုနှစ်တိုင် မင်းနေပြည်တော် ဖြစ်ခဲ့သည်။ ကမ္ဘာပေါ်၌ အလှဆုံးသော မြို့ကြီးတစ်မြို့လည်း ဖြစ်သည်။ ရှေးဟောင်း အနုပညာ၏ လက်ရာဖြစ်သော အဆောက်အုံကြီးများ၊ လှပသော ပန်းဥယျာဉ်များ၊ ဘုံအဆင့်ဆင့်ရှိသော စေတီပုထိုးများ၊ ကျောင်းကန်တန်ဆောင်းကြီးများဖြင့် သိုက်မြိုက်တင့်တယ်လှသော မြို့ကြီးဖြစ်သည်။ အဆောက်အအုံနှင့် လမ်းများတည်ဆောက်ထားပုံမှာ တရုတ်ဆန်သည်။ လမ်းမကြီးများမှာ ဖြူးဖြောင့်ကျယ်ဝန်းပြီး တစ်ခုနှင့်တစ်ခု ထောင့်မှန်ကျကျ ဖြတ်လျက် ရှိလေသည်။
ကျိုတိုမြို့ (京都市) | |
ကျိုတိုမြို့ | |
ဧရိယာ | 827.90 km2 |
လူဦးရေ | 1,465,917 (2008) |
ဝက်ဆိုက် | City of Kyoto |
ယဉ်ကျေးမှု
ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံ၏ ရှေးမြို့တော်အဖြစ် တည်ရှိခဲ့သည့် ကျိုတိုမြို့သည် ကံကောင်းထောက်မစွာပဲ ဒုတိယ ကမ္ဘာစစ် အတွင်း ဟီရိုရှီးမားနှင့် နာဂါစာကီကဲ့သို့ ဗုံးကျဲဖျက်ဆီးခြင်း မခံခဲ့ရပေ။ ကျိုတိုမြို့သည် ဂျပန်နိုင်ငံတွင် ရှေးမူရှေးဟန်များကို အကောင်းဆုံး ထိန်းသိမ်းနိုင်သည့် မြို့တစ်မြို့ဖြစ်သည်။ ဘုရားကျောင်းနှင့် နတ်ကွန်း ၂၀၀၀ ခန့်၊ နန်းတော်၊ ပန်းခြံနှင့် အခြား ရှေးရိုးဟန် အဆောက်အအုံ အများအပြားကို တွေ့ရှိနိုင်သည်။ ထို့အပြင် သာသနာရေးအချက်အချာမြို့ဖြစ်သည်။ တန်ဆောင်းကျောင်းကြီးများမှာ ကြီးမားခန့်ညားသော သစ်ပင်ကြီးများအကြား၌ မြေခုံအဆင့်ဆင့်နှင့် တင့်တယ်စွာ တည်ရှိကြသည်။ ယင်းတို့အနက် ဘုရားကျောင်းတစ်ခုမှာ ကမ္ဘာပေါ်၌ အကြီးဆုံးသော သစ်အဆောက်အအုံကြီးဖြစ်သည်။ အခြားအဓိကရ အဆောက်အအုံမှာ ဂျပန်မင်းများ စံပျော်ခဲ့သော နန်းတော်ကြီးနှင့် နီဂျိုရဲတိုက်ကြီးဖြစ်သည်။ ထိုရဲတိုက်ကြီးမှာ ၁၅ ရာစု၊ စံပြဗိသုကာလက်ရာ ဖြစ်သည်။ ကျိုတိုမြို့တွင် တက္ကသိုလ်နှစ်ခုရှိသည်။ ခေတ်မှီ စက်ရုံအလုပ်ရုံများ မရှိချေ။ ပိုးထည်၊ ကြွေထည်၊ ပန်းထိမ်၊ ပန်းပု စသော လက်မှုလုပ်ငန်းများကိုသာ လုပ်ကိုင် ကြသည်။ ထိုလုပ်ငန်းများတွင် အခြားဂျပန်မြို့များက ကျိုတိုမြို့ကို မယှဉ်နိုင်ကြချေ။ ကျိုတို ဆင်ခြေဖုံးတွင် လက်ဖက်ပင် အကြီးအကျယ်စိုက်ပျိုးသည်။ ကျိုတိုလက်ဖက်ခြောက်မှာ ဂျပန်နိုင်ငံတွင် အကောင်းဆုံးဖြစ်သည်။ သို့သော် ပြည်ပမတင်ပို့ဘဲ နိုင်ငံတွင်း၌သာ သုံးစွဲလေသည်။ နှစ်ပေါင်း တစ်ထောင်ကျော် မင်းနေပြည်တော်ဖြစ်ခဲ့ရာမှ မေဂျီဘုရင်လက်ထက်တွင် တိုကျိုသို့ မြို့တော်ပြောင်းလိုက်သည်။ သို့သော်ငြားလည်း ဂျပန်မင်းများသည် ကျိုတိုနန်းတော်ကြီး၌သာလျှင် ဘိသက်ခံလေ့ရှိကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်မြို့ကြီးများအနက် ကျိုတိုတစ်မြို့သာလျှင် မဟာမိတ်တို့၏ ဗုံးကြဲတိုက်ခိုက်ခြင်းမှ ကင်းလွတ်ခဲ့လေသည်။ ကျိုတိုလူဦးရေမှာ ၁၉၅၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ ၁၁, ၀၁၈, ၅၃ ဖြစ်သည်။
ဓာတ်ပုံများ
ဘုရားကျောင်းများ
- Kamigamo Shrine
(上賀茂神社) - Shimogamo Shrine
(下鴨神社) - Tō-ji (東寺)
- Kiyomizu-dera (清水寺)
- Saihō-ji (西芳寺)
- Tenryū-ji (天龍寺)
- Kinkaku-ji (金閣寺)
- Ryōan-ji (龍安寺)
- Nishi Hongan-ji
(西本願寺) - Nijō Castle (二条城)
- Daigo-ji (醍醐寺)
- Ginkaku-ji (銀閣寺)
- Ninna-ji (仁和寺)
- Kōzan-ji (高山寺)
ပွဲတော်များ
- Gion Matsuri (祇園祭)
- Aoi Matsuri (葵祭)
- Jidai Matsuri (時代祭)
- Gozan Okuribi (五山送り火)