ကျောက်တံ

ကျောက်တံသည် ကျောက်သင်ပုန်းပေါ်တွင် ရေးရသောကျောက်သားနှင့် ပြုလုပ်ထားသည့် အတံလေးကို ခေါ်သည်။ ကျောက်တံကို ကျောက်သင်ပုန်းထုတ်သော ကျောက်မှထုတ်ယူရ၏။ သို့သော် ကျောက်တံထုတ်သော ကျောက်ပြားသည် သက်တန်းနု၍ ကျောက်သားပွ ရသည်။ သို့မှသာ ကျောက်သင်ပုန်းပေါ်တွင် ရေး၍ ကောင်းသည်။ ကျောက်တံ အရွယ်အစားမှာ ခဲတံအရွယ်သာသာ ပြုလုပ်ထားသည်။ ကျောက်တံကို ရေးသားရန်ဘက်နှင့် နောက်ဘက်ဟူ၍ ခွဲခြားထားသည်။ နောက်ဘက်တွင် တစ်လက်မ အရွယ် စက္ကူကို ပတ်၍ ကော်နှင့်ကပ်ထားသည်။ ရေးသား အသုံးပြုနိုင်ရန် ပထမဦးစွာ ကျောက်တံကို သွေးရသည်။ ခဲတံကဲ့သို့ ချွန်လာသောအခါ ကျောက်သင်ပုန်းပေါ်တွင် ရေးသားနိုင်သည်။

ကျောက်တံ ထုတ်လုပ်ပုံ အဆင့်ဆင့်

ကျောက်တံကို ကျောက်သင်ပုန်းထုတ်သော ကျောက်မှထုတ်ယူရ၏။ သို့သော် ကျောက်တံထုတ်သော ကျောက်ပြားသည် သက်တမ်းနု၍ ကျောက်သားပွ ရသည်။ သို့မှသာ ကျောက်သင်ပုန်းပေါ်တွင် ရေး၍ ကောင်းသည်။ တောင်ပေါ်က ကျောက်ပြားဆိုက် အသေးများကို သယ်၍ မညီလျှင် ရွေဘော်ထိုးပေးရသည်။ ရွေဘော်ထိုးပြီး ရေတစ်ညစိမ်ရသည်။ ပြီးလျှင် ထိပ်နှစ်ဖက်ကို ကော်ပတ်နဲ့ ပြန်ချွန်ပေးရတယ်။ အရင်က စက်နဲ့ချွန်၍ အခုမှာ ကော်ပတ်နှင့် အဆင်ပြေ၍ ကော်ပတ်နှင့် ချွန်ကြသည်။ ကော်ပတ်စားပြီးလျှင် ၆လက္မ၊ ၈လက္မ အရွယ်ဆိုက်များ ဖြတ်ရသည်။ ဆေးပြီး အခြောက်လှန်းကာ အမဲရောင် ဆေးဆိုးပေးရသည်။ မန္တလေးကို တင်ပို့လျှင် တစ်ဗူးကို အချောင်းနှစ်ဆယ်စီ ထည့်ပြီး၊ မွန်ပြည်နယ်မှာ တင်ရောင်းလျှင် တစ်စည်းကို အချောင်းတစ်ရာစီ စည်း၍ ဖောက်သည်သွင်းရသည်။

ရေးပြီးသားစာများကို ဖျက်ရန် ရေစိုအဝတ်နှင့် ပြန်လည်ဖျက်ပစ်နိုင်သည်။ အချို့ဒေသများတွင် ပေါက်သော ကျောက်သင်ပုန်းဖျက် အပင်၏ အရွက်နှင့်လည်း ဖျက်နိုင်သည်။

[1]

ကိုးကား

  1. ဒေါ်ခင်မြ(ကထိက)၏ မော်လမြိုင် ဆရာအတတ်သင်သိပ္ပံ (၁၉၇၈ ခုနှစ်၊ မတ်လထုတ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.