ကျောမည်း ခွေးအ

ကျောမည်းခွေးအ (black-backed jackal) သိပ္ပံအမည် (Canis mesomelas) ကို ငွေကျောကုန်းခွေးအ သို့မဟုတ် ခွေးအနီ ဟုလည်း ခေါ်ဆိုလေ့ ရှိကြသည်။ ခွေးအ မျိုးစိတ်တစ်မျိုးဖြစ်ပြီး အာဖရိကတိုက်အတွင်း ကီလိုမီတာ ၉၀၀ မျှ ဝေးသော ဒေသနှစ်ခုတွင် တကွဲတပြား တွေ့ရှိရသည်။ ပထမဒေသမှာ တိုက်ကြီး၏ တောင်ဘက်ပိုင်းဖြစ်ပြီး တောင်အာဖရိကနမီးဘီးယားဘော့ဆွာနာဇင်ဘာဘွေ တို့ ပါဝင်သည်။ အခြားဒေသ တစ်ခုမှာ အရှေ့ဘက် ကမ်းရိုးတန်း တလျှောက်တွင် ဖြစ်ပြီး ကင်ညာဆိုမာလီယာ နှင့် အီသီယိုးပီးယားတို့ ပါဝင်သည်။ ပတ်ဝန်းကျင် အပြောင်းအလဲကို လက်ခံနိုင်မှု နှင့် နေရာ အနှံ့အပြား ရှိမှုတို့ကြောင့် နိုင်ငံတကာ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့က မျိုးသုဉ်းရန် စိုးရိမ်ရေမှတ် အနိမ့်ဆုံး သတ္တဝါ အဖြစ်သတ်မှတ်ထားသည်။ သို့သော်လည်း ထိုခွေးအများကို ကျွဲနွားများအား တိုက်ခိုက်သူ နှင့် ခွေးရူးရောဂါ ဖြန့်ဖြူးသူ အနေနှင့် လိုက်လံ သတ်ဖြတ်လေ့ ရှိကြသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများ အရ ကျောမည်းခွေးအသည် ခွေးမျိုးရင်းဝင် သတ္တဝါများတွင် ရှေးအကျဆုံး တည်ရှိခဲ့သော သတ္တဝါ အဖြစ် တွေ့ရသည်။

Black-backed jackal
Temporal range: Pliocene[1] - Recent
Cape jackal (Canis m. mesomelas), Western Etosha, Namibia
သဘာဝထိန်းသိမ်းခြင်း အခြေအနေ

Least Concern  (IUCN 3.1)
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
မျိုးစဉ်:
Carnivora
မျိုးရင်း:
Canidae
မျိုးစု:
Canis
မျိုးစိတ်:
C. mesomelas
ဒွိနာမ
Canis mesomelas
(Schreber, 1775)
Subspecies

2 ssp., see text

Black-backed jackal range

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.