ကျော်ဇေယျာဝင်း (ဘောလုံးသမား)
ကျော်ဇေယျာဝင်း(၂ မေ ၁၉၉၁ ခုနှစ်)သည် ကွင်းလယ်ကစားသမား တစ်ဦးဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်း၏ လက်ရွေးစင် ကစားသမား တစ်ဦးလည်းဖြစ်သည်။[2][3] ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် သူသည် ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး မြန်မာအသင်းနှင့်အတူ ကြေးတံဆိပ် ရရှိခဲ့သည်။ ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား အရည်ချင်းပြည့်မီချက် ခြေစစ်ပွဲတွင် ယူ-၂၂ အသင်း ခေါင်းဆောင်ခဲ့သည်။
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အမည် အပြည့်အစုံ | ကျော်ဇေယျာဝင်း | ||
မွေးသက္ကရာဇ် | ၂ မေ၊ ၁၉၉၁ | ||
မွေးရပ်ဇာတိ | မြန်မာ | ||
အရပ်အမြင့် | ၁.၇၀ m (၅ ft ၇ in) | ||
ကစားသည့်နေရာ | ကွင်းလယ်တိုက်စစ် | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ဧရာဝတီယူနိုက်တက် | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
၂၀၁၀-၂၀၁၃ | ကမ္ဘောဇ | ၉၈ | (၂၁) |
၂၀၁၃-၂၀၁၄ | → Perak FA (loan) | ၁၁ | (၃) |
၂၀၁၄ – ၂၀၁၅ | ကမ္ဘောဇ | ၂၀ | (၄) |
၂၀၁၅- | ဧရာဝတီယူနိုက်တက် | ||
နိုင်ငံကိုယ်စားပြုအသင်း‡ | |||
၂၀၁၂ | မြန်မာ ယူ-၂၂[1] | ၅ | (၅) |
၂၀၁၁ - ၂၀၁၃ | မြန်မာ ယူ-၂၃ | ၁၀ | (၅) |
၂၀၁၁ - လက်ရှိ | မြန်မာ | ၁၉ | (၄) |
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
သူ၏ ဘောလုံးသမားဘဝသည် မြန်မာ နေရှင်နယ် လိဂ်၊ ကမ္ဘောဇအသင်းမှ အစပြုခဲ့သည်။ မလေးရှား စူပါ လိဂ်မှ Perak FA အသင်းသို့ ၂၀၁၃၊ နိုဝင်ဘာတွင် တစ်နှစ် အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့သည်။[4][5] ၂၀၁၄ ဧပြီတွင် Perak FA အသင်းမှ ဒဏ်ရာပြဿနာများကြောင့် အငှားစာချုပ်ကို ဖျက်သိမ်းခဲ့သည်။[6]
ကိုးကား
- "AFC U-22 Results"၊ Asian Football Confederation။
- "SEA Games 2011: Aung Kyaw gives ten-man Myanmar win over Laos"၊ ASEAN Football Federation၊ 2011-11-03။
- "SEA Games 2011: Myanmar confirm place in next round"၊ ASEAN Football Federation၊ 2011-11-13။
- Transfer News: Perak complete Zayar Win signing | Goal.com
- http://www.globalpost.com/dispatch/news/xinhua-news-agency/131206/sports-myanmar-sea-games-provides-stage-player-transfer
- Weigang kembali bantu Perak?။ 28 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2016 တွင် ပြန်စစ်ပြီး။