ကျော်ရဲအောင်

ကျော်ရဲအောင်သည် မြန်မာ့ရုပ်ရှင်လောကတွင် အောင်မြင်ကျော်ကြားသော သရုပ်ဆောင် မင်းသားတစ်ဦး ဖြစ်သည်။ ကျော်ရဲအောင်ကို ၁၉၆၆-ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဘိုကလေးမြို့၌ အဖ ဦးမြင့်အောင်နှင့် အမိဒေါ်ခင်လှတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကိုကိုနိုင် ဖြစ်သည်။

၁၉၉၀-ခုနှစ်တွင် ဒါရိုက်တာ ဇဗ္ဗူထွန်းသက် ရိုက်ကူးသော တို့ကပိုချစ်သည် ဇာတ်ကားတွင် စိုးမြတ်သူဇာနှင့် တွဲဖက်၍ အနုပညာလောကထဲသို့ ရောက်ရှိခဲ့သည်။ ကြော်ငြာကဏ္ဍတွင် လှကလေးစိန်ထိုးမုန့် ကြော်ငြာဖြစ်သည်။ ၁၉၉၆-ခုနှစ်တွင် သားသမီးဇနီးကြင်ယာ ဇာတ်ကားနှင့် ၂၀၀၇-ခုနှစ်တွင် ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားဖြင့် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့သည်။ ကျော်ရဲအောင်သည် ချစ်ဇနီး မဆုမွန်နှင့် အိမ်ထောင်ကျပြီး သားနှင့်သမီး နှစ်ယောက် ထွန်းကားသည်။ [1]

ကိုးကား

  1. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.