ကြိုးမဲ့ဆက်သွယ်ရေး

ကြိုးမဲ့ဆက်သွယ်ရေးစနစ် (အင်္ဂလိပ်: wireless communication) ဆိုသည်မှာ အကွာအဝေး တစ်ခုအတွင်း လျှပ်ကူးပစ္စည်း သို့မဟုတ် ဝိုင်ယာကြိုးကို အသုံးမပြုဘဲ သတင်းအချက်အလက်များကို ကူးပြောင်းပေးပို့ခြင်းဖြစ်သည်။ ဆက်သွယ်မှု ပြုလုပ်သည့် အကွာအဝေးမှာ နီးကပ်သောအကွာအဝေး (ဥပမာ တယ်လီဗွီးရှင်း ရီမုတ်ကွန်ထရိုးကဲ့သို့ မီတာအနည်းငယ်သာရှိသော အကွာအဝေး) သို့မဟုတ် အလွန်ဝေးကွာသော အကွာအဝေး (မိုင်ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရှိသည့် ရေဒီယိုဆက်သွယ်ရေး ပြုလုပ်သည့် အကွာအဝေး) ဖြစ်နိုင်သည်။ ကြိုးမဲ့ဆက်သွယ်ရေးစနစ်သည် ဆက်သွယ်ရေးဘာသာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။

ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွင် နေရာတကျ တပ်ဆင်ထားသောစနစ်များ၊ ရွှေ့ပြောင်းနိုင်သောစနစ်များ၊ အလွယ်တကူသယ်ယူနိုင်သောစနစ်များ၊ နှစ်လမ်းသွားရေဒီယို (two-ways Radio) ၊ ဆယ်လူလာတယ်လီဖုန်း၊ တစ်ကိုယ်ရေသုံး ဒစ်ဂျစ်တယ်အကူအညီပေးကိရိယာ သို့ ပီဒီအေ (PDA) နှင့် ကြိုးမဲ့ကွန်ယက်တည်ဆောက်ခြင်း(Wireless Networking) တို့ပါဝင်ပတ်သက်နေသည်။ ကြိုးမဲ့ဆက်သွယ်ရေး၏ အခြားသော ဥပမာများမှာ ဂျီပီအက်စ်ကိရိယာများ၊ အဝေးထိန်းဂိုဒေါင်တံခါးဖွင့် စနစ်များ၊ ကွန်ပျူတာတွင် သုံးသော ကြိုးမဲ့ မောက်စ်များ၊ ကြိုးမဲ့ကီးဘုတ်များ၊ ဂြိုဟ်တု တယ်လီဗွီးရှင်းစနစ်နှင့် ကော့ဒ်လတ်စ်ဖုန်း (Cordless Phone)တို့ဖြစ်သည်။

ကြိုးမဲ့ဆက်သွယ်ရေးမိတ်ဆက်

ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးပြုခြင်းအားဖြင့် ပုံမှန်အားဖြင့် ဝိုင်ယာကြိုးကို အသုံးပြု၍ ဆက်သွယ်ရန် လက်တွေ့မကျသော သို့မဟုတ် မဖြစ်နိုင်သော လုပ်ငန်းဆောင်တာများကို ဖြစ်မြောက်စေနိုင်သည်။ ထိုအသုံးအနှုန်းကို တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းများ၌ စွမ်းအင်တစ်မျိုးမျိုး (ဥပမာ ရေဒီယိုကြိမ်နှုန်း၊ အနီအောက်ရောင်ခြည်၊ လေဆာရောင်ခြည်၊ မြင်နိုင်သော အလင်းတန်း၊ အသံစွမ်းအင် အစရှိသော စွမ်းအင်များ)ကိုထုတ်လွှတ်သော ဆက်သွယ်ရေးစနစ်များ (ဥပမာ - ရေဒီယိုထုတ်လွှင့်စက် နှင့် အသံဖမ်းစက်၊ အဝေးထိန်းကိရိယာများ၊ ကွန်ပြူတာကွန်ယက်များ၊ ကွန်ယက်၏ terminal များ) ကို အသုံးပြု၍ သတင်းအချက်အလက်များကို ဝိုင်ယာကြိုးမပါပဲ လွှဲပြောင်းခြင်းကို ဆိုလိုသည်။ ထိုနည်းဖြင့် သတင်းအချက်အလက်များကို အနီး သို့ ဝေးလံသော နေရာများသို့ လွှဲပြောင်း ပေးအပ်နိုင်သည်။

ကြိုးမဲ့ဆက်သွယ်ရေး

ဝိုင်ယာလက်ခေါ် ကြိုးမဲ့ကြေးနန်းရိုက်နည်း သို့မဟုတ် ကြိုးမဲ့အချက်ပြ သတင်းပို့နည်းကို တွေ့ရှိခြင်းမှာ တစ်နေ့ တခြား တိုးတက်လျက်ရှိသည့် သိပ္ပံပညာ၏အံ့ဖွယ်အ ကောင်းဆုံးသော အောင်မြင်ချက်များအနက်တစ်ခုအပါအ ဝင် ဖြစ်လေသည်။ ဝိုင်ယာလက်မပေါ်မီက တစ်နေရာနှင့် တစ်နေရာကြေးနန်းကြိုးအဆက်အသွယ်ရှိမှသာ ကြေးနန်း သတင်း ပေးပို့နိုင်ခဲ့သည်။ သို့ရာတွင် ဝိုင်ယာလက်ပေါ် လာသောအခါ ကြေးနန်းကြိုးဆက်သွယ်နေစရာ မလိုတော့ဘဲ ဝိုင်ယာလက် အသံလွှင့်စက်နှင့်အသံဖမ်းစက် များ လုံလောက်စွာရှိလာ၍ အတိုင်းတိုင်း အပြည်ပြည်မှ စစ်သင်္ဘောများမှာနေ့ချင်းညချင်းပင် ဝိုင်ယာလက်စက် များဖြင့် တပ်ဆင်ပြီးသား ဖြစ်သွားလေသည်။ ၁၉ဝ၄ ခုနှစ် ရုရှ-ဂျပန် စစ်ပွဲတွင် ရေကြောင်းစစ်ဆင်ရေးကိစ္စ များ၌ဝိုင်ယာလက်သည် အရေးပါစွာဆောင်ရွက်ခဲ့ရသည်။ ၁၈၉၆ ခုနှစ်တွင် ဝိုင်ယာလက် စတင်ပေါ်ပေါက်၍ ၁၈၉၉ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ပင်လယ်ပြင်ရှိနစ်မြုပ်ဆဲ သင်္ဘောတစ်စင်းမှ ပထမအကြိမ် အကူတောင်းသောဝိုင် ယာလက်သတင်းကြောင့် ကမ်းတွင်ဆိုက်ကပ်ထားသော လှေများကို အချိန်မီစေလွှတ်ပြီးလျှင် ကယ်ဆယ်နိုင်ခဲ့သည်။ မကြာမီပင် ပင်လယ်ကူးသင်္ဘောတိုင်းလိုလို၌လည်းဝိုင်ယာ လက်စက်များ တပ်ဆင်ပြီးသား ဖြစ် သွားပြီးလျှင်ပင်လယ် ပြင်မှာနေရင်း ကမ္ဘာ့သတင်းများကို ကြားရစပြုလာလေ သည်။

၁၉ဝ၄ ခုနှစ်သို့ ရောက်သောအခါ ပင်လယ်ကူးသင်္ဘော ကြီးများပေါ်၌ ဝိုင်ယာလက်ဖြင့်ရသောနေ့စဉ်သတင်းများ ကိုပင် သတင်းစာများအဖြစ် ရိုက်နှိပ်ထုတ်ဝေလာကြသည်။ ၁၉ဝ၇ ခုနှစ်သို့ရောက်သော် ပင်လယ်၊သမုဒ္ဒရာကိုကျော် ဖြတ်ကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဝိုင်ယာလက်သတင်းများ ကို ရိုက်ကြားပေးပို့နေကြလေပြီ။ဤမျှဆန်းကြယ်၍ အသုံး ကျသော ဝိုင်ယာလက်စက်အကြောင်းကိုစဉ်းစားလိုက်တိုင်း ကျွန်ုပ်တို့သည် ဝိုင်ယာလက် ဖြစ်မြောက်အောင်မြင်ရေးအ တွက်ကြိုးစားအားထုတ်လာခဲ့ကြသော သိပ္ပံပညာရှင်ကြီး များအနက်အောက်ပါပုဂ္ဂိုလ်ကြီးလေးဦးကို မည်သည့်အ ခါမျှ မမေ့အပ်ပေ။ ထိုပုဂ္ဂိုလ်ကြီးလေးဦးမှာ ဂျိမ်း ကလပ်မက္ကဆွဲ၊ ဂျော့ ဖရန်စစ် ဖစ်ဇဂျရယ်၊ ဟိုင်းနရစ် ရုဒေါ့ ဟက်ဇနှင့် ဂူလျဲမိုး မာကိုနီတို့ ဖြစ်လေသည်။ လျှပ်စစ်ဓာတ်သည် မည်ကဲ့သို့ လှိုင်းထ၍ ရွေ့လျားသွား လာပုံကိုမက္ကဆွဲက မိမိ၏ လျှပ်စစ်သံလိုက်ဓာတ်သီအိုရီ ဖြင့် ၁၈၇၃ ခုနှစ်တွင်ပြသပြီးလျှင် နောင်တွင်ရေဒီယိုလှိုင်း များကို တွေ့ရှိလာရမည်ဟူ၍ပင် ကြိုတင်၍အဟောထုတ် ထားခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဖစ်ဇဂျရယ်က အာကာသ (စပေ့)အတွင်း၌ လျှပ်စစ်သံလိုက်လှိုင်းများ လွှတ်နိုင်သော နည်းကိုတွေ့ရှိသည်။ ၁၈၈၇ ခုနှစ်တွင် ဟက်ဇကအဆိုပါ လှိုင်းတို့၏ လှိုင်းအလျားနှင့် တုန်ကြိမ်တို့သည်မည်သို့ရှိ ကြ၍ ထိုလှိုင်းတို့သည် အလင်းလှိုင်း၊ အပူလှိုင်းတို့နှင့် တစ်မျိုးတစ်စားတည်းဖြစ်ကြောင်း ပြဆိုခဲ့သည်။

၁၈၉၆ ခုနှစ်တွင် မာကိုနီက လျှပ်စစ်သံလိုက်လှိုင်းများဖြင့် အချက်ပြသတင်းပေးပို့သော ကိရိယာကို ပထမဦးစွာတီ ထွင်ခဲ့လေသည်။မာကိုနီသည် လျှပ်စစ်သံလိုက်လှိုင်းများကိ အာကာသ (စပေ့)ထဲသို့ လွှတ်နိုင်ရန်အင်ဒပ်ရှင်းကွိုင်ခေါ် ညို့ခွေတစ်ခုကို အသုံးပြုသည်။ ထို ညို့ခွေ ကိုအေရီယယ် ခေါ် ကောင်းကင်ကြိုးနှင့် ဆက်သွယ်ထားသည်။ ညို့ခွေတွင် လျှပ်စစ်မီးပွားများ ဖြစ်ပေါ်စေသောနေရာပါ ရှိသည်။ လျှပ်စစ်ဓာတ်ကိုစီးဖြတ်စေခြင်းဖြင့် ညို့ခွေ၌ လျှပ်စစ်မီးပွားများ ဖြစ်ပေါ်သောအခါလျှပ်စစ် သံလိုက် လှိုင်းတို့သည် ကောင်းကင်ကြိုးမှပတ်ဝန်းကျင်အရပ်မျက် နှာအားလုံးသို့ ပျံ့ထွက်သွားသည်။

သတင်းပို့သောအခါ မော့တီထွင်ခဲ့သောအချက်ပြ အမှတ် အသားများကို အသုံးပြုကာ အလိုရှိသော အက္ခရာနှင့် ဂဏန်းများအလိုက် လျှပ်စစ်သံလိုက်လှိုင်းများကို ပြတ် တောင်းပြတ်တောင်းဖြစ်ပေါ်စေသည်။ ဤလျှပ်စစ်သံလိုက် လှိုင်းများကို အခြားတစ်နေရာမှ ဖမ်းယူသောအခါထိုနေရာ ရှိကောင်းကင်ကြိုးထဲသို့ ထိုလှိုင်းများဝင်ခြင်းဖြင့်လျှပ်စစ် ဓာတ်စီးကြောင်း ဖြစ်ပေါ်လာသည်။ ထိုလျှပ်စစ်ဓာတ်စီး ကြောင်းကိုမာကိုနီက အသံမြည်စေသောကိရိယာဖြင့် အသံဖြစ်ပေါ်လာအောင် ပြန်ဖော်ယူသည်။

ထိုအခါ မူလလွှင့်လိုက်သော အချက်ပြအမှတ်အသားများ အတိုင်းအသံများ ဖြစ်ပေါ်လာသည့်အားလျော်စွာ အသံ လွှင့်စက်မှ ပေးပို့သောသတင်းကို အသံဖမ်းစက်မှ ဖမ်းယူ ရရှိလေသည်။ ဤသို့ ကြေးနန်းကြိုးကိုမသုံးဘဲ လျှပ်စစ် သံလိုက်လှိုင်းများအားဖြင့် သတင်းပို့နိုင်သောကြောင့် ဤ နည်းကို ဝိုင်ယာလက် သို့မဟုတ် ကြိုးမဲ့အချက်ပြ သတင်းပို့နည်းဟု ခေါ်တွင်လေသည်။

အစပထမတွင် ဤနည်းကို ခရီးတိုများအတွက်သာ အသုံး ပြုနိုင်သေးသည်။ ၁၈၉၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံနှင့်အင်္ဂလန်တို့သို့ အသွား အပြန် ဝိုင်ယာလက်သတင်းများ ပို့နိုင်သည့် ရုံနှစ်ရုံပေါ်ပေါက်လာသည်။ ၁၉ဝ၁ ခုနှစ်တွင် မိုင်၂ဝဝ အထိ သတင်းပို့ရန် အောင်မြင်လာသည်။ ထို့ နောက် မာကိုနီသည် အတ္တလန္တိတ်သမုဒ္ဒရာကြီးကိုပင် ကျော်ဖြတ်ကာ အင်္ဂလန်နှင့် အမေရိကတိုက်ကိုအသံလွှင့်ဆက် သွယ်ရန်ဧရာမအကြံကြီးကိုကြံစည်အားထုတ်ပြန် လေသည်။ ထိုအတွက် မာကိုနီသည် ရှေးဦးစွာ အင်္ဂလန်ပြည် အနောက်ဘက်ကမ်းခြေရှိ ကွန်းဝေါ နယ်တွင် အားကောင်းသော ဝိုင်ယာလက် အသံလွှင့် ရုံတစ်ရုံကို ဆောက်လုပ်သည်။ထို့နောက် ထိုအသံ လွှင့်ရုံမှ နေ့စဉ် သတ်မှတ်ထားသောအချိန်တွင် အင်္ဂလိပ်အက္ခရာ အက်စ(ျ) အသံလွှင့်ရန် မှာထား ပြီးလျှင် အမေရိကတိုက် နျူးဖောင်းလန်းကျွန်းသို့ ထွက်သွားသည်။ ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်မာကိုနီသည် သူ၏အသံဖမ်းစက်မှ အက်စ(ျ) အက္ခရာကို ပထမအကြိမ်ဖမ်းမိပြီးလျှင် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကျော်၍ သတင်းပေး ပို့နိုင်သူဟုတစ်ကမ္ဘာလုံးသို့ ကျော်ကြားသွားလေသည်။

ရေဒီယိုဖြစ်ပေါ်လာပုံ ဝိုင်ယာလက် ပေါ်ပေါက်လာခြင်းမှာ ကမ္ဘာကြီးကို တစ်ခေတ်ပြောင်းလိုက်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် ဝိုင်ယာလက်မှာ ထိုစဉ်ကအချက်ပြသတင်းပို့သည့် အဆင့်တွင်သာရှိသေး၍ ကြေးနန်းရိုက်သည်နှင့် ဘာမျှမခြားပေ။ ၁၉၁၈ ခုနှစ်တိုင်အောင်ပင် ပြည် တွင်းပြည်ပ သတင်းအမျိုးမျိုးနှင့် သာယာနာပျော်ဖွယ် တီးသံမှုတ်သံအမျိုးမျိုးကို အိမ်တိုင်ယာရောက် သယ်ပို့ ပေးမည့် ရေဒီယိုများ မပေါ်ပေါက်သေးချေ။ဝိုင်ယာ လက်မှ ရေဒီယိုဖြစ်ပေါ်လာပုံမှာ တယ်လီဂရပ် ခေါ် အချက်ပြကြေးနန်းရိုက်ခြင်းမှ တယ်လီဖုန်းခေါ် စကား ပြောကြေးနန်းအဆင့်သို့ တိုးတက်လာသည့် ပြောင်း လွဲမှုမျိုးပင်ဖြစ်သည်။ ရေဒီယိုပေါ်ပေါက်လာရ ခြင်းမှာ အောက်ပါအသုံး အဆောင်နှစ်ခုကို တီထွင်နိုင်ခဲ့ခြင်းကြောင့်ဖြစ် သည်။ ထိုအသုံးအဆောင်နှစ်ခုမှာ ဗက်ကျူအမ်ကျူခေါ် လေဟာပြွန်နှင့် မိုက္ကရိုဖုန်းခေါ် စကားပြောခွက်တို့ဖြစ်သည်။ စကားပြောခွက်ကို အသံဖြစ် ပေါ်စေရာတွင် အသုံးပြု၍ လေဟာပြွန်ကို အသံလွှင့် အသံဖမ်းရာတွင် အသုံးပြုသည်။ ၁၉ဝ၄ ခုနှစ်တွင် ဂျွန်အမ်ဗရို့ ဖလင်းမင်းခေါ် အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင်ကြီးက လေဟာပြွန်ကိုတီထွင်၍ထိုပြွန်ကို လီဒါဖောရက်ဆိုသူ အမေရိကန် သိပ္ပံပညာရှင်တစ်ဦးကကောင်းသည်ထက်ကောင်းအောင် ပြုပြင် ယူလေသည်။ ထိုအချိန်တွင် သေသပ်ကောင်းမွန်သော စကားပြောခွက်များ ဖြစ်ထွန်းနေပြီဖြစ်၍ ၁၉ဝ၈ ခုနှစ်တွင် ရောမမြို့နှင့် စစ္စလီကျွန်းကို ရေဒီယို ဖြင့် စကားပြောလာနိုင်လေသည်။တစ်ဖြည်းဖြည်းနှင့် ကိရိယာတန်ဆာပလာ များ တိုးတက်ကောင်းမွန်လာသည်နှင့်အညီ ၁၉၁၅ ခုနှစ်သို့ ရောက်သော အခါ လေဟာပြွန်ပေါင်း ၃ဝဝ မျှကို အသုံးပြုခြင်းဖြင့် မိုင်ပေါင်း ၃ယဝဝဝ ကျော်အထိပင် ရေဒီယိုဖြင့် စကားပြောနိုင်လာကြသည်။ ယခုမူ ကမ္ဘာ အရပ်ရပ်မှ လွှင့်လိုက်သောအသံများကို ဖမ်းယူနားထောင်နိုင်သည့် ရေဒီယို များမှာ အိမ်တိုင်းစေ့ မဟုတ်သည့်တိုင်အောင် မြို့တိုင်း ရွာတိုင်းမှာပင် မှို ပေါက်သလောက် ပေါများ၍နေပေပြီ။ အင်္ဂလန် - အမေရိကန်ကဲ့သို့သော ရှေ့တန်းနိုင်ငံကြီးများမှာ တယ်လီဗစ်ရှင်းခေါ် ရုပ်မြင်သံကြား ကိရိယာများ ပင် ပေါ်ပေါက်နေလေပြီ။ ခေတ်မီရေဒီယိုဖြစ်ပေါ်လာပုံ ရေဒီယိုခေတ်စားလာသည်မှာ ၁၉၂ဝ ပြည့်နှစ်လောက်ကစ၍ဖြစ် သည်။ ဥရောပနှင့် အမေရိကတိုက်တို့တွင် အပျော်တမ်းအသံဖမ်းရုံများ အလျှိုအလျှို ပေါ်ပေါက်လာသည်။ထို့နောက် မကြာမီပင် အစီအစဉ်နှင့်လွှင့် သော အသံလွှင့်ရုံများ ပေါ်ပေါက်လာလေသည်။ ငွေကြေးတတ်နိုင်သူတို့က အသံဖမ်းစက်များကို ဝယ်ယူကြ၍ အချို့ဝါသနာပါသူများကလည်း မိမိတို့ ဘာသာ လုပ်ယူကြသည်။ ရေဒီယိုခေတ်စားစအချိန်၌ လေထဲတွင် ပျံ့လွင့်နေသော ရေဒီယို လှိုင်းများမှာ မများလှသေး၍ အသံဖမ်းရာတွင် တစ်စတစ်စ ပေါများလာ သောအခါ အသံလွှင့်အစီအစဉ်များ အချင်းချင်း တစ်ခုနှင့်တစ်ခု တိုက်ဆိုင် လာသည့်အတွက်အသံတစ်ခုကို ကြည်လင်ပြတ်သားစွာ ဖမ်း၍မရလောက် အောင် ရှုပ်ထွေးလာတော့သည်။ ထိုအခါ အသံချင်း ရောထွေးယှက်တင် မဖြစ်ရလေအောင် အသံလွှင့်ရုံအသီးအသီးတို့အား ကွဲပြားသောလှိုင်းလျားတို့ ဖြင့် အသံလွှင့်ကြရန် ကန့်သတ်ခွဲဝေ၍ ပေးလာရလေသည်။ အသံဖမ်းစက် များတွင်လည်း မိမိလိုရာ အသံတစ်ခုတည်းကို ရွေးချယ်နားထောင်နိုင်ရန် အတွက် လိုရာလှိုင်းလျားတစ်ခုတည်းကို သီးသန့်ဖမ်းယူနိုင်သည့် ကိရိယာ များ တပ်ဆင်ထားသဖြင့် အသံဖမ်းရာတွင် အခက်အခဲ မတွေ့ရတော့ပေ။ ရေဒီယိုနားထောင်သော ပရိသတ်ကား များလှပေသည်။ အထူး သဖြင့် အာရုံဖြေမှုအတွက် တေးသံ ဂီတသံများကို နားထောင်သူ သောတ ရှင်ပရိသတ်မှာ အများဆုံးဖြစ်သည်။ သို့ရာတွင် ရေဒီယို ထိရောက်စွာအသုံး ချနိုင်သည့်ကိစ္စများမှာ မနည်းလှချေ။ ယခင်က ကျွန်ုပ်တို့သည် ကမ္ဘာအရပ် ရပ်သတင်းများအတွက် သတင်းစာများကိုသာ အားကိုးခဲ့ရသည်။ယခု ရေဒီ ယိုများ ပေါ်လာသောအခါ အရေးကြီးသည့် အဖြစ်အပျက်များကို ဖြစ်ပျက် ပြီးလျှင်ပြီးခြင်း၊ တစ်ခါတစ်ရံ ဖြစ်ပျက်ဆဲအချိန်မှာပင် သိခွင့်ကြားခွင့်ရ လာသည်။ အရေးကြီးသည့် ပုဂ္ဂိုလ်ကြီးများ၏ မိန့်ခွန်းများကို သတင်းစာ တွင် တစ်ဆင့်ခံဖတ်ရခြင်းထက် မိန့်ခွန်းစကားကို နားနှင့်ဆတ်ဆတ် ကြား ရခြင်းမှာလည်း အရသာပိုရှိပြီးလျှင် ပို၍လည်းပြည့်စုံ သေချာလေသည်။ ကုန်သည်ကြီးများအဖို့တွင် နေ့စဉ်ကုန်ဈေးနှုန်း အခြေအနေကို အလုပ်စာပွဲ၌ ထိုင်နေရင်းမှာပင် သိနိုင်ကြသည်။ ရဲဘက်တွင် ရဲဌာနအသီးအသီးနှင့် ရေဒီ ယိုကား (ဝိုင်ယာလက်ကား) များသို့ အကြောင်းကြားခြင်းဖြင့် ရာဇဝတ်ပြေး တရားခံများကို လွယ်ကူလျင်မြန်စွာ စောင့်ကြပ်ဖမ်းဆီးနိုင်သည်။ မိုးလေဝသ ဌာနမှ လေမိုးဘေးရန်များကို ကြိုတင်သတိပေးခြင်းဖြင့် အသက်ပေါင်းများ စွာကို ကယ်ဆယ်နိုင်ခဲ့သည်။ ရေဒီယိုဖြင့် ဘာသာရေးတရားဟောနိုင်သည်။ ပညာရပ်အလိုက် ဟောပြောခြင်း၊ သင်တန်းပေးခြင်းဖြင့် ပညာရေးဘက်တွင် တိုးတက်လာသည်။ ဒုက္ခတွေ့နေသော သင်္ဘော၊ လေယာဉ်ပျံတို့မှ ရေဒီယို ဖြင့် အကူတောင်းနိုင်သည်။ အထူးသဖြင့် ယခုခေတ်စစ်ပွဲများတွင် ရေဒီယို မှာ မပါလျှင်မဖြစ်လေက်အောင် ခရီးရောက်လျက်ရှိပေသည်။ ရေဒီယိုမှတစ် ဆင့်တက်၍ ရေဒါ ခေါ် မှောင်ထဲ၌မြင်နိုင်သည့် လမ်းညွှန်ကိရိယာကိုပင် ပြီးခဲ့သော ကမ္ဘာစစ်ကြီးအတွင်း၌ တီထွင်အသုံးပြုခဲ့သည်ကို တွေ့ရလေ သည်။ (ရေဒါ - ရှု။) ရေဒီယိုများကို သူ့ထက်ငါသာ အပြိုင်အဆိုင် ပြု လုပ်ရောင်းချသည့်အတွက်လည်း ပုံသစ်ပုံဆန်းအမျိုးမျိုးတွင် ထွက်ပေါ်လာ ရုံမက ခရီးဆောင် အိတ်ဆောင်ရေဒီယို အသေးစားကလေးများပင် ပေါ် ပေါက်လျက်ရှိပေပြီ။ အသံလွှင့်ရုံအတွင်း ရေဒီယိုနှင့်စပ်လျဉ်း၍ အသံလွှင်ရုံအတွင်း ပြုလုပ်စီစဉ်ထားပုံ အချက်အလက်များကိုလည်း ကျွန်ုပ်တို့ သိထားထိုက်ပေသည်။ အသံလွှင့်ရုံတစ်ရုံတွင် အသံခွက် (မိုက္ကရို)ဖုန်း လေး၊ ငါး၊ ဆယ် ခုထက်မနည်းရှိတတ်သည်။တူရိယာတီးဝိုင်းမှ တီးမှုတ်သီဆိုသံမျိုးကို အသံ လွှင့်ရာတွင် အသံခွက်သည် အခရာဖြစ်သည်။အသံခွက်သည်ခွက်နှင့်တည့် တည့်ဝင်လာသော အသံကိုသာလက်ခံ၍ ခွက်ထဲသို့မဝင်သော အသံလှိုင်း များကိုပယ်သည်။ ထို့ကြောင့် တူရိယာသံစုံညီညွတ်ပြေပြစ်အောင် တူရိယာ ဂီတပညာသည်တို့သည် အသံခွက်အနီးတွင် သင့်တော်သော နေရာများ၌နေ ၍ သီဆိုတီးမှုတ်ကြရသည်။ အသံလွှင့်နေစဉ် အခြားအသံများ အသံခွက်အတွင်းသို့ မရောက် ရန် အရေးကြီးသည်။ ထို့ပြင် စကားပြောသံသီဆိုတီးမှုတ်သံတွင် ပဲ့တင်သံ များ မပါရှိစေရန်အတွက် နံရံများတွင် ထူထဲသော ကန့်လန့်ကာများ ဆွဲ ချိတ်ထားရသည်။ သို့မဟုတ် အသံလှိုင်းများကို စုတ်ယူနိုင်သော ကတ်ထူ ချပ်ပြားများကို တပ်ဆင်ထားရသည်။ မြို့ကြီးများတွင် အသွားအလာရှုပ်ထွေး သော နေရာများ၌ အသံလွှင့်ရုံများဆောက်လုပ်လျှင် ပြင်ပအသံများ အသံ ခွက်ထဲသို့မဝင်အောင် ပြုလုပ်ရန် အရေးကြီးပြန်သည်။ အပြင်မှ အသံတို့ သည် နံရံများမှဖောက်ဝင်၍အသံခွက်ထဲသို့ ရောပြွမ်းဝင်ရောက်တတ်သည်။ သို့အတွက် အသံလွှင့်သောအခန်းကို အခြားအခန်းများနှင့် ဆက်မနေစေဘဲ ကြားတွင် လေခံ၍နေစေရန် နံရံနှစ်ထပ်ဖြင့် ဆောက်လုပ်ရသည်။ တစ်ဖန် အသံလွှင့်ခန်းတွင်းရှိလူများ မူးမေ့၍မသွားအောင် အခန်းတွင်းသို့ လေ ကောင်းလေသန့်ကို အမြဲသွင်းပေးရ၍ ရေးသားထားသော စာများကို ကောင်းစွာဖတ်နိုင်ရန် ဓာတ်မီးများကိုလည်း လုံလောက်အောင် တပ်ဆင်ပေး ထားရန်လိုသည်။ အသံလွှင့်ခန်းတွင် အသံလုံရသည့်အလျောက် ပြတင်းပေါက်မရှိ တတ်ပေ။ လူဝင် လူထွက်တံခါးသာရှိ၍ ထိုတံခါးကို နှစ်ထပ်လုပ်ထား သည်။အသံလွှင့်နေစဉ် တစ်ဦး တစ်ယောက်သည် ပထမတံခါးကို ဖွင့်၍ဝင်လာသောအခါ ပြင်ပမှအသံတို့သည် အတွင်းသို့ ရုတ်တရက်မဝင်နိုင်ပေ။ မဝင်နိုင်ခြင်းမှာ ဒုတိယတံခါး ပိတ်လျက်ရှိနေသော ကြောင့်ဖြစ်သည်။ ပထမတံခါးကို ပြန်လည်ပိတ်ပြီးမှ ဒုတိယတံခါးကိုဖွင့်၍ အခန်းအတွင်းသို့ ဝင်လာနိုင်သည်။ သို့သော် ထိုကဲ့သို့ပြုလုပ်ရုံနှင့် စကားပြောခွက်ထဲသို့ ပြင်ပ အသံများ မဝင်နိုင်ဟု မဆိုသာသေးသည့်အတွက် အသံလွှင့်ရုံတွင် အသံလွှင့်လျက်ရှိစဉ် အခြားလူများ ဆူဆူညံညံ မပြုလုပ်စေရန် သတိပေးဆိုင်းဘုတ်များ တပ်ထားလေ့ရှိသည်၊

အသံလွှင့်ရာတွင် အသံကို စမ်းသပ်ပြုပြင်ပေးရသော အသံညှိခန်းတစ်ခန်းရှိသည်။အသံလွှင့်ခန်းမှ တူရိယာသံစုံသည် ပြင်ပသို့ရောက်မသွားမီအင်ဂျင်နီယာ တစ်ဦးကြီးကြပ်သော အသံညှိခန်းသို့ ပထမရောက်လာသည်။အင်ဂျင်နီယာသည် ထိုအသံကိုနားထောင်၍ ခလုတ်များအားဖြင့် အသံကို အလိုရှိသလို အတိုးအကျယ်ညှိပြီးမှ ကမ္ဘာအရပ်ရပ်သို့ တစ်ဆင့်လွှင့်လေသည်။ ရေဒီယိုလှိုင်း အသံလွှင့်ရုံမှ လွှင့်လိုက်သော အသံတို့သည် ထိုရုံမှ ကမ္ဘာ အရပ်ရပ်သို့ တိုက်ရိုက်ပျံ့နှံ့၍မသွားပေ၊ စကားပြောခွက်ထဲသို့ ဝင်ရောက်လာ သော တီးသံမှုတ်သံ စကားသံတို့သည် လျှပ်စစ်ဓာတ်၏သတ္တိကြောင့် လျှပ် စစ်သံလိုက်လှိုင်းအဖြစ်သို့ ပြောင်းသွားကာ ကောင်းကင် ကြိုးမှတစ်ဆင့်ထွက်သွားသည်။ ထို့ကြောင့် ထိလှိုင်းတို့သည် အမှန်စင်စစ် အသံများမဟုတ်၊ လျှပ်စစ်စွမ်းအင်လှိုင်းများ သာဖြစ်လေသည်။ ထိုလျှပ်စစ်သံလိုက်လှိုင်းတို့သည် အလင်းလှိုင်းနည်းတူ တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆ဝဝဝ (သို့မဟုတ် မီတာ ၃ဝဝဝဝဝဝဝဝ) ခန့်ပြေးသည်။ အသံလှိုင်းတို့သည်လေရှိသောအရပ် သို့မဟုတ်သယ်ဆောင် ပို့ပေးနိုင်သော ကြားခံပစ္စည်း တစ်ခုခုရှိသည့် နေရာများ တွင်သာ သွားလာနိုင်ကြသည်။ သို့သော် လျှပ်စစ်သံ လိုက် လှိုင်းတို့မှာမူ လေနှင့် အခြားကြားခံပစ္စည်းများကို များစွာအားကိုးစရာ မလိုသည့်အတိုင်း အာကာသ(စပေ့) အတွင်း၌ လွတ်လပ်စွာပြေးနိုင်သည်။ ထိုလှိုင်းတို့သည် အလင်းလှိုင်း၊ အပူလှိုင်း၊ အိပ်စရေးလှိုင်း၊ ကော့ စမစ်လှိုင်း များနှင့် တစ်မျိုးတစ်စားတည်းဖြစ်၍ လှိုင်းလျားအတိုအရှည် တွင်သာ တစ်ခုနှင့်တစ်ခု ခြားနားလေသည်။ ( ရေဒီယေးရှင်း ။)

လျှပ်စစ်သံလိုက်လှိုင်း သို့မဟုတ် ရေဒီယိုလှိုင်းတို့သည် မြေပြင် တစ်လျှောက် ပြေးသောအခါ လမ်းနှစ်သွယ်ပြေးတတ်သည်။ တစ်လမ်းမှာ မြေပြင်အနီးတစ်လျှောက်ဖြစ်၍ ကျန်တစ်လမ်းမှာ မြေပြင်မှအထက်သို့ မြင့်မားစွာတက်သွားသည်။ မြေပြင်ကို လျှပ်၍ပြေးလျှင် ခရီးရှည်မသွားနိုင်ပေ။

မြေပြင်မှအထက်သို့ တက်သွားသောအခါတွင်မူ ခရီးမိုင်ပေါင်းများစွာပြေးနိုင်သည်။ သို့သော်အနှောင့်အယှက် နှင့်ကားမကင်းပေ။ မြေပြင်မှ အထက်မိုင် ၇ဝ မှ ၂ဝဝ ခန့်အတွင်းတွင် နေမှထွက်လာသော အာလတြာ ဝိုင်အိုလက် ရောင်ခြည်တို့ကြောင့် လျှပ်စစ်ဓာတ်ဝင်လျက်ရှိသည့် လေလွှာတစ်လွှာရှိသည်။ ထိုလေလွှာနှင့် စပ်လျဉ်းသည့် ယူဆချက်ကို ကင်နယ်လီခေါ်အမေရိကန်လူမျိုး လျှပ်စစ် အင်ဂျင်နီယာနှင့် ဟဲဗီးဆိုက်ခေါ် အဂ‡လိပ်လူမျိုး ရူပဗေဒပညာရှင်တို့က တစ်ဦးစီ သီးခြားထုတ်ဖော်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် ထိုလေလွှာကို ကင်နယ်လီဟဲဗီးဆိုက် လေလွှာဟု ခေါ်ဆိုကြသည်။ အထက်သို့တက်သွားသော ရေဒီယိုလှိုင်းတို့သည် ထိုလေလွှာနှင့် တွေ့သောအခါ မြေပြင်ရှိရာသို့ပြန်၍ ဟပ်ကြသည်။ ညဉ့်ဘက်တွင် အဆိုပါလေလွှာ သည် နှစ်ခြမ်းကွဲသွားသည်။ ထိုအခါမျိုးတွင် ရေဒီယိုလှိုင်း တို့သည် တစ်ခါတစ်ရံ အောက်ဘက်အလွှာကို ထိုးဖောက် သွားပြီးနောက် အထက်နှင့်အောက်ကွဲနေသည့် အလွှာနှစ်ခု အတွင်း၌ တက်ချည် ဆင်းချည်ဖြင့် ခရီးအတော်အတန် ပြေးပြီးနောက်မှ အောက်ဘက်အလွှာကို တစ်ဖန်ထိုးဖောက် ကာ မြေပြင်ရှိရာသို့ သက်ဆင်းလာတတ်သည်။ ထိုသို့ဖြစ်သောအခါ ရေဒီယိုလှိုင်းများအတက်နှင့် အဆင်းကြားခုလတ်တွင်ရောက်နေသော ရေဒီယိုများ မှာ အသံဖမ်း၍မမိဘဲ ဖြစ်နေတတ်သည်။ ကင်နယ်လီဟဲဗီးဆိုက်လေလွှာမှ ပြန်ဟပ်ပြီး ဆင်းလာစေကာမူ မြေပြင်သို့အရောက်နောက် ကျသည့်အတွက် မြေပြင်ကို လျှပ်၍ပြေးနေသည့် ရေဒီယိုလှိုင်းများကို အချိန်မီ အားမဖြည့်နိုင်ပြန်လျှင်လည်း ဖမ်းမိသည့်အသံသည် တိုး၍သွားတတ်ပြန်သည်။ တစ်ဖန် လျှပ်စစ်မိုတာ တစ်ခုခုလည်လျက်ရှိချိန်၊ ဓာတ်မီးခလုတ်ကိုဖွင့်လိုက်ချိန်၊ မိုး ချုန်း ရွာသွန်းချိန်များတွင် လျှပ်စစ်သံလိုက်လှိုင်းများ ထွက်ပေါ်ကြရာ ထို အချိန်မျိုးတွင် ရေဒီယိုကို ဖွင့်ထားမိပါက ရေဒီယိုလှိုင်းနှင့် မျိုးချင်းနီးစပ် သော ထိုလှိုင်းတို့၏ နှောင့်ယှက်မှုကြောင့် မလိုလားအပ်သော အသံများကို ကြားရတတ်လေသည်။ အသံလွှင့်ခြင်း ရေဒီယို အသံလွှင့်ခြင်း အသံဖမ်းခြင်းတို့ကို နားလည် လိုလျှင် လျှပ်စစ်ဓာတ်အကြောင်းကို အတော်အတန် နားလည် ရန်လိုအပ်ပေသည်။ နန်းကြိုးတစ်ပင်ကို လျှပ်စစ်ဓာတ် စီးဖြတ်စေသောအခါ ထိုနန်းကြိုးမှ သန်း ပေါင်းများစွာသော အီလက်ထရွန်တို့သည် လှုပ်ရှားသွားကြသည်။ နန်းကြိုး တစ်လျှောက်ကို စီးသော လျှပ်စစ်ဓာတ်အားတွင် အေစီကားရင့်ခေါ် အပြန် အလှန်စီးသော လျှပ်စစ်ဓာတ်စီးနှင့် ဒီစီကားရင့်ခေါ် တစ်ဖက်သတ်စီးသော လျှပ်စစ်ဓာတ်စီးဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ အပြန်အလှန်စီးသော လျှပ်စစ် ဓာတ်စီးကို အသုံးပြုသောအခါ ီလက်ထရွန်တို့သည် အလွန်လျင်မြန်စွာ ရှေ့တိုး နောက်ငင်ဖြစ်နေသည်။တစ်ဖက်သတ်စီးသော လျှပ်စစ်ဓာတ်စီးဖြစ်ခဲ့ သော် အီလက်ထရွန်တို့သည် တစ်ဖက်သတ်တည်းသာ ငိမ်သက်စွာ စီးကြ သည်။ ရေဒီယို အသံလွှင့်ရာတွင် လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်ပေါ်လာ စေရန် အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးကို အသုံးပြုရသည်။ လျှပ်စစ်ဓာတ်အပြန်အလှန်စီးနေချိန်တွင် အီလက်ထရွန်တို့သည် တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ လှုပ်ရှားကြသော်လည်း ဤသို့ အီလက်ထရွန်တို့ လှုပ် ရှားတိုင်း လျှပ်စစ်သံလိုက်လှိုင်းများ မဖြစ်ပေါ်နိုင်ပေ။ အောက်ထစ် တစ် စက္ကန့်လျှင် လျှပ်စစ်ဓာတ် အပြန်အလှန်စီးမှု အကြိမ်ပေါင်း တစ်သိန်းရှိမှသာ ရေဒီယိုလှိုင်းများ ဖြစ်ပေါ်နိုင်လေသည်။ ဤသို့ လျှပ်စစ်ဓာတ် အပြန် အလှန်စီးမှုကို အော်စီလေးရှင်းဟုခေါ်၍ အပြန်အလှန်စီးသည့် အကြိမ်အရေ အတွက်ကိုမူ ဆိုင်ကယ်နှင့်ပြဆိုလေ့ရှိသည်။ဆိုင်ကယ်တစ် ထောင်ကို ကီလို ဆိုင်ကယ်ဟုခေါ်၍ ကီလိုဆိုင်ကယ်တစ် ထာင်ကို မက်ဂဆိုင်ကယ်ဟုခေါ်ပြန်သည်။ တစ်စက္ကန့်အတွင်း လှုပ်ရှားသည့်အကြိမ်ပေါင်းကို ဖရီကွင်စီ (တုန်ကြိမ်)ဟု ဆိုကြသည်။ ထို့ကြောင့် အသံလွှင့်ရုံတစ်ရုံ သည် ၁. ၆ မက်ဂဆိုင်ကယ်ရှိသောဖရီကွင်စီဖြင့် အသံလွှင့်နေသည်ဟုဆိုခဲ့သော် ထိုရုံမှ တစ်စက္ကန့်လျှင်အကြိမ်ပေါင်း ၁,၆ဝဝ ကီလိုဆိုင်ကယ် သို့မဟုတ် အကြိမ်ပေါင်း ၁,၆ဝဝ,ဝဝဝ တုန်လှုပ်သည့် ရေဒီယိုလှိုင်းများကို လွှင့်နေသည်ဟုသိရာသည်။ အီလက်ထရွန်တို့၏ ရှေ့တိုးနောက်ငင် လှုပ်ရှားမှုကို လျင်မြန် လာအောင် ပြုလုပ်ပေးနိုင်သည့် နည်းအမျိုးမျိုးရှိသည်။ ဤကိစ္စအတွက် ယခင်က စပတ်ကွိုင်ခေါ် လျှပ်စစ်မီးပွားများကို ဖြစ်ပေါ်စေသော မီးခတ်ခွေ ကိုလည်းကောင်း၊ တုန်ကြိမ် (တစ်စက္ကန့်အတွင်း တုန်လှုပ်ကြိမ်ပေါင်း) များ စွာရှိသည့်လျှပ်စစ်ဓာတ်စီးကို ဖြစ်ထွန်းစေသော လျှပ်စစ်ဓာတ်စက်ကိုလည်း ကောင်း အသုံးပြုခဲ့ကြသည်။သို့ရာတွင် ယခုအခါ၌မူ ထိုအသုံးအဆောင်တို့ အစား ဗက်ကျူအမ်ကျူ (လေဟာပြွန်)ကို အသုံးပြုကြတော့သည်။ အသံလွှင့် ရာတွင် အသုံးပြုသော လေဟာပြွန်မှာ ရေဒီယို အသံဖမ်းစက်ရှိ လေဟာပြွန်နှင့် ဆင်တူယိုးမှားပင်ဖြစ်သည်။ အသံလွှင့်ရာ၌ အသုံးပြုသော လေဟာပြွန် က အသံဖမ်းရာတွင် အသုံးပြုသောလေဟာပြွန်ထက ်ပိုကြီး၍ အားလည်းပိုရှိခြင်းသာလျှင် ထူးခြားလေသည်၊ စပတ်ကွိုင်ကို အသုံးပြုသောအခါ ဖြစ်ပေါ်လာသောလှိုင်းတို့သည် အမြင့်အနိမ့် ညီညာခြင်းမရှိသည့်အပြင် တဖြည်းဖြည်းနိမ့်ကျသွားပြီးနောက် အရှိန်သေသွားကြသည်။ ထို့ကြောင့် ဤလှိုင်းမျိုးကို ဝိုင်ယာလက်ကြေးနန်း ရိုက်ရာတွင်သာအသုံးပြုနိုင်၍ ရေဒီယိုအသံလွှင့်ရန်အတွက် မသင့်တော်ပေ။ လေဟာပြွန်ကို အသုံးပြုသောအခါတွင်မူ တစ်သမတ်တည်း ညီညာသော လှိုင်းများကိုရရှိလေသည်။ ဤလှိုင်းတို့သည် အသံလွှင့်ရာတွင် လွှင့်လိုက် သည့်အသံလှိုင်းများကို သယ်ဆောင်သွားကြသဖြင့် ယင်းတို့ကို ကယ်ရီယာလှိုင်း(သယ်ဆောင်လှိုင်း)များ ဟုခေါ်ကြသည်။ တုန်ကြိမ်အလွန်များသော ကယ်ရီယာ လှိုင်းများကိုဖြစ်ထွန်းစေသည့် ကားရင့်(လျှပ်စစ်ဓာတ်စီး)များကိုမှ ရေဒီယိုဖရီကွင်စီကားရင့်များဟုခေါ်ကြသည်။ ရေဒီယိုဖရီ ကွင်စီ ကားရင့်များ ကို လေဟာပြွန်များဖြင့် ဖန်တီးထိန်း သိမ်းပေးနိုင်လေသည်။ ရေဒီယိုအသံလွှင့်ရာတွင် ရေဒီယိုဖရီကွင်စီကားရင့်ကို အသုံးပြု ခြင်းဖြင့် ကယ်ရီယာလှိုင်းများကို ဖန်တီးပေးနိုင်သည်။ အသံခွက်ထဲသို့ မည်သည့်အသံမှမဝင်မချင်း ရေဒီယိုဖရ ီကွင်စီကားရင့်ကြောင့် ကယ်ရီယာလှိုင်းများသာ ဖြစ်ပေါ် လျက်ရှိသည်။ ကယ်ရီယာလှိုင်းများမှာ လှိုင်းလုံးအရွယ်ချင်း ညီတူကြ၍တုန်ကြိမ်များလွန်းသည့်အတွက် ဤလှိုင်းများကို အသံဖမ်းစက်မှ မကြားရပေ။ အသံခွက်တွင် စကားပြောသံ၊ တီးသံ၊ မှုတ်သံတို့ကို သွင်းလိုက်သောအခါ အသံလှိုင်းများသည် အော်ဒီယိုဖရီကွင်စီခေါ် တုန်ကြိမ်နည်းသော ကားရင် ့(လျှပ်စစ်ဓာတ်စီး)များအဖြစ်သို့ ပြောင်းသွားကြသည်။ အော်ဒီ ယိုဖရီကွင်စီကားရင့်နှင့် ရေဒီယိုဖရီကွင်စီကားရင့် နှစ်မျိုးရောစပ်သွားရာမှ ဖြစ်ပေါ်လာသော တတိယကားရင့်ကို မော်ဒျူလိတ်တက် ကားရင့်(ပြုပြင်ပြီး လျှပ်စစ်ဓာတ်စီး)ဟူ၍ခေါ်သည်။ ထိုမော်ဒျူလိတ်တက်ကားရင့်ကို အေရီယယ်(ကောင်ကင်ကြိုး) သို့ပို့၍ အေရီယယ်မှတစ်ဆင့် ပတ်ဝန်းကျင် အရပ်မျက်နှာ အားလုံးသို့ ရေဒီယိုလှိုင်းများအဖြစ် ပျံ့နှံ့သွားစေသည်။ ရေဒီယိုလှိုင်းများကိုမလွှင့်မီ လိုအပ်သောတုန်ကြိမ်နှင့် လှိုင်းလျားများရှိစေရန် လေဟာပြွန်များ ဖြင့် လိုသလိုချဲ့ထွင ်ပေးရလေသည်။ ရေဒီယိုလှိုင်းများမှာ တုန်ကြိမ်အနည်းအများကိုလိုက်၍ လှိုင်းလျား ရှည်ကြတိုကြသည်။အသွားနှုန်းမှာမူ အားလုံးအတူတူပင် ဖြစ်သည်။ဤအသံ လွှင့်ရုံမှ ရေဒီယိုလှိုင်းများလွှင့်ရာတွင် လှိုင်းလျားများကို သုံးမျိုးသုံးစားခွဲပြီး လွှင့်ကြသည်။ လှိုင်းရှည်အစားတွင် မီတာ ၁ယဝဝဝ မှ ၂ယဝဝဝ အထိ လှိုင်း များသည်လည်းကောင်း၊ လှိုင်းလတ်အစားတွင် မီတာ ၂ဝဝ မှ ၅ဝဝ အ တွင်းရှိ လှိုင်းများသည်လည်း ကောင်း၊ လှိုင်းတိုအစားတွင် မီတာ ၁၆ မှ ၅ဝ အတွင်းရှိ လှိုင်းများသည်လည်းကောင်း ပါဝင်ကြလေသည်။ အသံဖမ်းခြင်း အသံဖမ်းခြင်းမှာ အသံလွှင့်ရာတွင် အသံမှ ရေဒီယိုလှိုင်းအဖြစ် သို့ အဆင့်ဆင့်ပြောင်းလဲပေးသည့် အစီအစဉ်များကို ပြောင်းပြန်ပြုလုပ်ပေး ခြင်းပင်ဖြစ်၍ ဤသို့ပြောင်းပြန်ပြု လုပ်ပေးသည့်အစီအစဉ်မှာ အောက်ပါအ တိုင်းဖြစ်သည်။ (၁) ရေဒီယိုလှိုင်းမျာကို အေရိယယ် ကောင်းကင်ကြိုးဖြင့်ဖမ်းယူခြင်း၊ (၂) အလိုရှိသောအသံကို ရစေရန်အတွက် အလိုရှိသော လှိုင်းကို ညှိယူခြင်း၊ (၃) ဖြစ်ပေါ်လာသော တုန်ကြိမ်များသည့် မော်ဒျူလိတ်တက်ကားရင့်(ပြုပြင်ပြီးလျှပ်စစ်ဓာတ်စီး)ကို တုန်ကြိမ်နည်းသည့် အော်ဒီယို ဖရီကွင်စီကားရင့်သို့ ပြောင်းပေးခြင်း၊ (၄) လျှပ်စစ်ဓာတ် လှုပ်ရှားမှုမှ အသံဖြစ်လာအောင် ဖော်ယူခြင်း၊အသံလွှင့်ရုံ အသီးအသီးမှလွှင့်လိုက်သော ရေဒီယိုလှိုင်းများကို ရှေးဦးစွာ အသံဖမ်းရုံအသံဖမ်းစက်ရှိ အေရီယယ်ကဖမ်းယူသည်။ အေရီယယ် ကို ရေဒီယိုလှိုင်းများလာ၍ ထိသောအခါ မူလအသံလွှင့်ရုံ၌ ဖြစ်ပွားသည့်လျှပ်စစ်ဓာတ်လှုပ်ရှားမှု အော်စီလေးရှင်းများအတိုင်း အေရိယယ်တွင် လျှပ် စစ်ဓာတ်လှုပ်ရှားသည်။ အေရီယယ်ကို အန်တင်နာဟုလည်းခေါ်ကြသည်။ အသံတစ်ခုတည်းကို ပီပီသသဖမ်းနိုင်ရန်မှာ အေရိယယ်သို့ရောက်လာသည့် ရေဒီယိုလှိုင်းများအနက်မှ တစ်မျိုးတည်းသောလှိုင်းကို ရွေးထုတ်ရန်တစ်နည်း ညှိပေးရန်လိုပေသည်။ ထိုသို့ လှိုင်းညှိပေးရန်အတွက် အသံဖမ်းစက်တွင် အင်ဒပ်တန့်ကွိုင်ခေါ် ဓာတ်ညှိခွေတစ်ခုနှင့် ကွန်ဒင်ဆာခေါ် လျှပ်စစ်လှောင် ကိရိယာတစ်ခုရှိသည်။ ဤကိရိယာနှစ်ခုကို လိုသလို ပြုပြင်ပေးခြင်းဖြင့် မိမိအလိုရှိသော လျှပ်စစ်ဓာတ်လှု့ပ်ရှားမှုကို ဖြစ်စေ၍ အလိုရှိသော လှိုင်းကို ဖမ်းယူနိုင်ပေသည်။ အင်ဒပ်တန့်ကွိုင်ကို အန်တင်နာကွိုင်ဟုလည်းခေါ်သည်။ အေရီယယ်သို့ ရောက်လာသော ရေဒီယိုလှိုင်းများမှာ အား နည်း၍နေရာ အားကြီးလာအောင် အန်တင်နာကွိုင်က ရှေးဦးစါာ ချဲ့ပေးသည်။ အန်တင်နာကွိုင်တွင် ပရိုင်မာရီခွေနှင့် စကင်ဒရီ(အညှို့ခံ)ခွေဟူ၍ နန်းကြိုးနှစ်ခွေရှိ၍ ပရိုင်မာရီခွေကို မြေကြီးနှင့် ဆက်ထားသည်။ အေရီ ယယ်တွင် ဖြစ်ပေါ်လာသော လျှပ်စစ်ဓာတ်စီးသည် ပရိုင်မာရီခွေမှ ဖြတ်၍ မြေကြီးသို့ ဆင်းပြီး ပြန်တက်လာခြင်းဖြင့် စကင်ဒရီ(အညှို့ခံ)ခွေတွင် အား ကောင်းသော လျှပ်စစ်ဓာတ်စီးကို ဖြစ်ပေါ်စေသည်။ စကင်ဒရီ(အညှို့ခံ)ခွေကို ကွန်ဒင်းဆားနှင့် တဖန်တက်ထားသည်။ ကွန်ဒင်းဆားတွင်လျှပ်စစ်ဓာတ်ကို သိုလှောင်ပြီးမှ စီးဖြတ်ခွင့် ပေးသည်။ ကွန်ဒင်းဆား၏ လျှပ်စစ်ဓာတ် သိုလှောင်နိုင်သော စွမ်းရည်ကို ပြုပြင်ပေးခြင်းဖြင့် အလိုရှိသော လှိုင်းကို ညှိယူရလေသည်။ ရေဒီယိုလှိုင်းများကို ညှိယူရုံဖြင့် အသံမထွက်သေးချေ။ မော်ဒျူလိတ်တက်ကားရင့်မှ အော်ဒီယို ဖရီကွင်စီ ကားရင့် ဖြစ်စေရန် တုန်ကြိမ်းများစွာနှင့် အပြန်အလှန် စီးလျက်ရှိသည့်ကားရင့်ကို တုန်ကြိမ်နည်းနည်းနှင့် တစ်ဖက်သတ်စီးသော ကားရင့်ဖြစ်အောင် ပြုလုပ်ပေးရသည်။ ဤကိစ္စအတွက် ယခင်က ဂလီးနားခေါ် လက်ဆာလဖိုက်(ဒ်) ခရစ္စတယ်ကို အသုံးပြုခဲ့ကြသော်လည်း အဆိုပါ ခရစ္စတယ်မှာ အမြဲတမ်း စိတ်တိုင်းကျ မဖြစ်သည့်အတွက် ယခုအခါ ထိုသလင်းပွင့်အစား သာမျွန်းနစ်ဗာ့၊ သို့မဟုတ် ရေဒီယိုဗာ့ခေါ် လေဟာပြွန်များကို အသုံးပြုလက် ရှိကြသည်။ ဆိုခဲ့သော လှိုင်းပြောင်းကိရိယာကို ဒီတက်တားဟုခေါ်သည်။ ဒီတက်တားများအနက် ရေဒီယိုဗာ့သည် အကောင်းဆုံး စိတ်အချရဆုံးဖြစ်သည်။ ရေဒီယိုဗာ့ပေါ်လာခြင်း ကြောင့်သာလျှင် ရေဒီယိုပညာသည် ယခုလောက် အဆင့်အတန်းမြင့်လာရခြင်း ဖြစ်ပေသည်။ ရေဒီယိုဗာ့ပေါ်လာခြင်းကြောင့်သာလျှင် ရေဒီယိုပညာသည် ယခုလောက် အဆင့် အတန်းမြင့်လာရခြင်း ဖြစ်ပေသည်။ ဂလီးနားခရစ္စတယ်နှင့်တကွ ရေဒီ ယိုဗာ့ စသော ဒီတက်တားတို့၏ သဘောမှာ အသွးအပြန် သွားရသောလမ်းကို တဖက်တည်းသာ သွားရသော လမ်းအဖြစ်သို့ ပြောင်း လိုက်ခြင်းပင် ဖြစ်သည်။ ရေဒီယိုဗာ့များတွင် ဒိုင်အော့နှင့် ထရိုင်အော့ဟူ၍ လေဟာပြွန် နှစ်မျိုးရှိ၍ ထိုလေဟာပြွန်တို့သည် ဓာတ်မီးလုံး(ဓာတ်မီး ဖန်သီး) များနှင့် သဏ္ဌာန်တူသည်။ ဒိုင်အော့တွင် ဓာတ်လိုက်သတ္တုပြား တစ်ခုနှင့် သတ္တုမျှင်ဖြင့် ပြုလုပ်ထားသော မီးစာခွေတစ်ခု ပါသည်။ ထရိုင်အော့တွင်မူ အဆိုပါဓာတ်လိုက် သတ္တုပြားနှင့် မီးစာခွေ စပ် ကြား၌ ဂရစ်ခေါ် ဓာတ်လိုက်ဆန်ခါတစ်ခု အပိုပါသည်။ မီးစာအတွင်းသို့ လျှပ်စစ်ဓာတ် စီးဖြတ်သောအခါ မီးစာသည် ပူလာ၍ အီလက်ထရွန်များ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဓာတ်လိုက်သတ္တုပြားကို လျှပ်စစ်အဖိုဓာတ် ပေးထားပါက အီလက်ထရွန်တို့သည် အဖိုဓာတ်ရှိရာ သတ္တုပြားသို့ သွားကြသဖြင့် မီးစာနှင့် သတ္တုပြားစပ်ကြားတွင် လျှပ်စစ်ကားရင့် မဖြစ်ပေါ်ပေ။ ထို့ကြောင့် ဒိုင်အော့အတွင်းသို့ အပြန်အလှန် စီးသည့်ကားရင့် (အေစီကားရင့်) စီးဖြတ်သောအခါ သတ္တုပြားနှင့် မီးစာတွင် လျှပ်စစ်ဓာတ် အဖိုတစ်လှည့် အမတစ်လှည့် ဖြစ်ပေါ်နေချိန်တွင် သတ္တုပြား၌ အဖိုဓာတ် ရှိ၍ မီးစာ၌ အမဓာတ်ရှိချိန်တွင်သာလျှင် ထိုပစ္စည်းနှစ်ခု စပ်ကြား၌ လျှပ်စစ်ဓာတ်စီးဖြတ်လေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဒိုင်အော့သည် အပြန်အလှန် စီးသည့် ကားရင့် (အေစီကားရင့်)ကို တစ်ဖက် သတ် စီးသည့်ကားရင့် (ဒီစီကားရင့်)အဖြစ်သို့ ပြောင်းလဲစေသည်။ ထရိုင်အော့၌ အထက်တွင် ပြောခဲ့သည့်အတိုင်း ဂရစ်တစ်ခု အပိုပါသည်။ ဂရစ်ကို လျှပ်စစ်အဖိုဓာတ် ပေးသောအခါ မီးစာမှ ထွက်လာသော အီလက်ထရွန်တို့ကို ဂရစ်က ပို၍ ဆွဲသဖြင့် သတ္တုပြားသို့ အီလထရွန် အရောက်များသည်။ ဂရစ်မှာ အလွန် သေးငယ်သော နန်းကြိုးကလေးများဖြင့် ဆန်ခါပမာ ပြုလုပ်ထားသောကြောင့် သတ္တုပြားရှိရာသို့ သွားသော အီလက်ထရွန်တို့အတွက် အဆီးအတားမဖြစ်လှပေ။ အကယ်၍ ဂရစ်ကို လျှပ်စစ်အမဓာတ်ပေးပါက ဓာတ်တူချင်း တွန်းဖယ်သည့်အတွက် သတ္တုပြားသို့ အီလက်ထရွန်အရောက်နည်းသွားသည်။ ထို့ပြင် အီလက်ထရွန် များ အလျင်း မရောက်နိုင်ပဲလည်း ဖြစ်နိုင်သည်။ သဘောမှာ ထရိုင်အော့သည် မီးစာနှင့် သတ္တုပြားစပ်ကြား၌ ဖြစ်ပေါ်စီးဖြတ် သည့် လျှပ်စစ်ကားရင့်ကို ဒိုင်အော့မှာထက် ပို၍ အားကြီး စေသည့်။ ထို့ကြောင့် ထရိုင်းအော့ကို အသံဖမ်းစက်များတွင် အမ်ပလီဖိုင်းယား(လှိုင်းချဲ့ကိရိယာ)အဖြစ် အသုံးပြုကြလေသည်။ ရေဒီယိုလှိုင်းများကို အထက်ဖော်ပြပါ ကိရိယာတို့ဖြင့် လိုသလို ညှိယူချဲ့ထွင် ပြောင်းလဲပေးပြီးသောအခါ အသံ ဖော်ရန် တစ်ခုသာ ကျန်တော့သည်။ ယခင်ကဆိုလျှင် နောက်ဆုံးပြောင်းလဲပြီး လှိုင်းကို နားကြပ်ဖြင့် အသံလှိုင်း ဖြစ်အောင် ပြုလုပ်ကြသည်။ နားကြပ်မှာ တယ်လီဖုန်း စကားပြော ကိရိယာရှိ နားထောင်သည့် ခွက်ကဲ့သို့ ဖြစ်၍ ထိုခွက်သည် လျှပ်စစ်သံလိုက်ဓာတ်အားဖြင့် အော်ဒီယို ဖရီကွင်စီ ကားရင့်ကို အသံအဖြစ်သို့ ပြောင်းပေးသည့် ကိရိယာဖြစ်သည်။ သို့သော် နားကြပ်ကို သုံးလျှင် အသံမှာ တိုး၍ ဤအသံကို နားကြပ်၍ နားထောင်သူသာ ကြားရ သည်။ အခြားလူအများ ကြားနိုင်ရလေအောင် အသံဖမ်း စက်များတွင် နားကြပ်အစား အသံချဲ့ကိရိယာကို တပ်ဆင် ပေရပြန်သည်။ အသံချဲ့ကိရိယာကို တပ်ဆင်ပေးရပြန်သည်။ အသံချဲ့ကိရိယာတွင် နားကြပ်နည်းတူ လျှပ်စစ်သံလိုက်ဓာတ် ၏ အစွမ်းကိုပင် အသုံးချထားသည်။ သို့သော် အသံချဲ့ ကိရိယာက အသံလှိုင်းတို့ကို အားကြီးစေသည့် အတွက် အလွန်ကျယ် သော အသံကို ထွက်ပေါ်စေသည်။

အထက်ပါတို့မှာ ဝိုင်ယာလက် ရေဒီယိုဆိုင်ရာ အဓိက အစိတ်အပိုင်းများသာ ဖြစ်၍ ဤပညာမှတစ်ဆင့် ယခုအခါ တယ်လီဗေးရှင်း၊ ရေဒါ စသည်တို့ ပေါ်လာသည်ကို ထောက် လျှင် ရှေ့ကိုလည်း တိုးတက်စရာလမ်း အများကြီး ရှိသေးသည်ဟုမျော်မှန်းရပေသည်။

ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးချခြင်း

သက်ဆိုင်သောဆောင်းပါးများ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.