ကြောင်ကျောက်

ကြောင် (moonstone) ကျောက်သည် နဝရတ် ကိုးပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ ကြောင်ကျောက်ကို ကြောင်မျက်လုံးနှင့် တူ၍ (Cats' eye)ဟုလည်းခေါ်ဆိုသည်။

ကြောင်ကျောက်

ဓာတုဖွဲ့စည်းမှု

ကြောင်ကျောက်၏ ဓါတုဖွဲ့စည်းမှုအရ ဩသိုကလေ့စ် ကြွေကျောက် (Orthoclase feldspar) နှင့် ပလေဂျီအိုကလေ့စ် ကြွေကျောက် (Plagioclase feldspar) တို့ တစ်လှည့်စီ ပါဝင်ဖွဲ့စည်းထားသည်။ (ထို့ကြောင့် ရောင်ပြေးဖြစ်ပေါ်လာရခြင်းဖြစ်သည်။) ပုံဆောင်စနစ်မှာ တစ်ရိုးစောင်းပုံဆောင်စနစ်(Monoclinic system) ဖြစ်ပါသည်။ သိပ်သည်းဆ ၂.၅၆ ရှိကာ မာဆင့် ၆ မှ ၆.၅ ထိရှိသည်။ ဖန်ရောင်လက်ရှိပြီး အလင်းပေါက်(Transparent) မှ အလင်းမှုန်(Translucent) ထိရှိပါသည်။ အရောင်မဲ့၊ အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်၊ ခရမ်းပြာရောင်များကို အများအားဖြင့် တွေ့ရှိရသည်။

ထင်ရှားသော ကွဲအင်နှစ်စုံသည် ၉ဝ ံ အနေအထားဖြင့် ဖြတ်သန်း တည်ရှိသည်။

ထွက်ရှိရာ ဒေသများ

မြန်မာသီရိလင်္ကာအိန္ဒိယအမေရိကန်ပြည်ထောင်စု


ကြောင်ကျောက်၏ ဂုဏ်သတ္တိများ

ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ နီလာကျောက်သည် သူတပါး၏မေတ္တာကို ရရှိသည်။ လူတို့၏ ချစ်ခင်မြတ်နိုးမှုကို ရရှိသည်။ ရန်အပေါင်းမှ ကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ [1]

ကိုးကား

  1. ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်) ( မင်္ဂလာမောင်မယ် ၂၀၀၈-ခု အောက်တိုဘာလ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.