ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန

ကြေးတိုင်ဦးစီးဌာန (Settlement Department)နှင့် မြေစာရင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန (Land Records and Agricultural Department) နှစ်ခုပူးပေါင်း ပြီးမကြာမီ ၁၉၀၆ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန (Agricultural Department) ခွဲထွက်သွား သည်မှစ၍ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန (Settlement and Land Records Department)အဖြစ် သီးခြား ပေါ် ထွက်လာခဲ့ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၁၅.၁.၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)၏ သဘောတူခွင့်ပြုချက်အပေါ် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ (၂၈.၄.၂၀၁၅)ရက်စွဲ ပါအမိန့်ကြော်ငြာစာအမှတ်(၁၃/၂၀၁၅)  ဖြင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရှိ အရာထမ်း(၃၉၅)နေရာ၊ အမှုထမ်း(၁၃၉၁၈)နေရာတို့ဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနအမည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[1]

နောက်ခံသမိုင်း

ဌာန၏ လုပ်ငန်းများသည်မူ ဗြိတိသျှ ကိုလိုနီနယ်ချဲ့ တို့ မြန်မာနိုင်ငံသို့ စတင် ဝင်ရောက်ချိန် ကတည်းက စတင်ခဲ့ပါသည်။ ဗြိတိသျှတို့ စတင်ဝင် ရောက်ချိန်တွင် ဦးစွာဌာနများ ဖွဲ့စည်းရာတွင် ယနေ့ခေတ် ကြေးတိုင်နှင့် မြေစာရင်းလုပ်ငန်းများကို အခြေတည်ဆောင်ရွက်ရန် ဖွဲ့စည်းခဲ့သော ဌာနမှာ Revenue Survey Department ဖြစ်ပြီး ယင်းဌာနအောက်တွင် Settlement Department နှင့် Survey Department တို့ပါဝင်ပါသည်။ ယင်းဌာနများ၏ လုပ်ငန်းများမှာ လူခွန်၊ မြေခွန်များ စည်းကြပ်ခြင်းနှင့် မြေမျက်နှာပြင် တိုင်းတာခြင်း လုပ်ငန်းများ ဖြစ်သည်။

အခွန်တော်မြေတိုင်းတာခြင်း (Cadastral Survey) လုပ်ငန်း

ယနေ့လက်ရှိ အသုံးပြုနေသော Cadastral Maps ခေါ် ကွင်းမြေပုံများမရှိ ခင်က ဗြိတိသျှအစိုးရမှ အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တယား တည်ဆောက်ရန် ရည်ရွယ် တိုင်းတာထားသော မြေမျက်နှာပြင် မြေပုံများ(Topographical Maps) များကို အခွန်တော် ကောက်ယူရေး လုပ်ငန်းတွင် အသုံးပြုခဲ့ပါသည်။ ယင်းမြေပုံများမှာ ၁ လက်မ = ၃၂ မိုင်၊ ၁ လက်မ = ၈ မိုင်၊ ၁ လက်မ = ၄ မိုင် နှင့် ၁ လက်မ = ၁ မိုင်စကေးများ ဖြစ်ကြပါသည်။ ၁လက်မ၁မိုင် စကေးမြေပုံ များကို သူကြီးများက မြေခွန်စည်းကြပ်ရန် လမ်းညွှန်မြေပုံအဖြစ် အသုံးပြု ကြရပါသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံရှိ မဟာဝန်ရှင်တော်မင်းကြီး Chief Commissioner က အသေးစိတ်မြေတိုင်းတာခြင်းနှင့် ကြေးတိုင်လုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများလုပ်ကိုင်ရန် လိုအပ်ကြောင်း အိန္ဒိယအစိုးရသို့ တိုက်တွန်းမှုကြောင့် အိန္ဒိယအစိုးရမှ ၁၈၇၉ ခုနှစ်၊နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြေတိုင်းဥပဒေကြမ်း (Survey Bill)ကို ထုတ်ပြန်၍ ကွက်စိတ်တိုင်းတာရေး အစီအစဉ်ကို (Cadastral Survey Program)ချမှတ်ခဲ့ပါသည်။ထို့နောက် ကွက်စိပ်မြေတိုင်းအဖွဲ့ (၈) ဖွဲ့ဖြင့် မြန်မာနိုင်ငံအတွင်း ကွက်စိပ် တိုင်းတာမှုများ ဆောင်ရွက်ခဲ့ပြီး ကွင်းမြေပုံ(Cadastral Kwin Map)များ ထုတ်လုပ်ခဲ့ပါသည်။

ကြေးတိုင်လုပ်ငန်း

Revenue Survey Department အောက်တွင် Revenue Settlement Officers များနှင့် Superintendents of Survey များ၏ ကြီးကြပ်မှုဖြင့် ခရိုင်မြေတိုင်းစာရေး၊ သူကြီးနှင့် မြေတိုင်းသူကြီးတို့၏ မြေခွန်စည်းကြပ်မှုနှင့် ကောက်ခံမှုတို့ကို ဆောင်ရွက်စေပြီး မြေခွန်တော် ကို သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံနိုင်စေရန် မြေခွန်တိုင်းတာသတ်မှတ်သည့်လုပ်ငန်း ( Land Revenue Settlement Operation) တို့ကိုဆောင်ရွက်ပြီး သက်တမ်း (၃)နှစ်၊ (၅)နှစ်၊ (၁၀)နှစ် ထားရှိ၍ တစ်ဧက အခွန်နှုန်း (Fix Rated per Acre) သတ်မှတ် ထားပါသည်။

၁၈၇၉ ခုနှစ်တွင် Revenue Settlement Department ပေါ်ပေါက်လာပြီး ကွက်စိပ်မြေတိုင်းနှင့် ကြေးတိုင်လုပ်ငန်းများ ဆောင်ရွက်ရန် အောက်ပါရာထူးများ ခန့်ထားသည်။

  • ၁. Settlement Officers
  • ၂. Officers in Charge of Cadastral Surveys

၁၈၇၉ ခုနှစ်တွင် ၁၆ လက်မ = ၁ မိုင် စကေး ကွက်စိပ်မြေပုံများ စတင်တိုင်းတာထုတ်လုပ်ပြီး ကြေးတိုင်စိုက်သည့်လုပ်ငန်း (Settlement Operation)များစတင်ခဲ့ပါသည်။

၁၈၈၀တွင် ကွင်းအလိုက်အခွန်တော်နှုန်း(Single Kwin Rate) အစား မြေအတန်းအစားအလိုက်နှုန်း(Soil Class Rate)ကို ကြေးတိုင်ရပ်ကွက် (Tract)တစ်ခုချင်း အလိုက် သတ်မှတ်ရန် မဟာဝန်ရှင်တော်မင်းကြီး မှ ညွှန်ကြားချက် ထုတ်ပြန်သည်။ ထိုနှစ်မှာပင် ဥယျာဉ်၊ အခြားသီးနှံ၊ သစ်သီး နှင့် ထန်း တို့ကို တစ်ဧကနှုန်း စည်းကြပ်သော မြေခွန်တော်ပြန်တမ်းကို မဟာဝန်ရှင်တော် မင်းကြီးမှ ထုတ်ပြန်သည်။

ကွက်စိတ်မြေပုံ တိုင်းတာပြီး ဒေသများအတွက် ကြေးတိုင်စိုက်သည့် လုပ်ငန်း (Settlement Operation) ကို ကြေးတိုင်အဖွဲ့ (Settlement Party) ၅ဖွဲ့မှ ဆောင်ရွက်ကြပါသည်။

ကြေးတိုင် စိုက်ခြင်းလုပ်ငန်းမှာ ဗြိတိသျှကိုလိုနီတို့က နယ်မြေတည် ငြိမ်ရေး၊ ဥပဒေစိုမိုးရေး၊ အုပ်ချုပ်ရေးအာဏာစက် ထိရောက်စေရေးတို့အတွက် နယ်မြေဒေသကို ဦးစွာတိုင်းတာ၍ နယ်မြေပိုင်းခြားသတ်မှတ်ပြီးနောက် မြေခွန် စည်းကြပ်လိုက်ခြင်းဖြင့် ဗျူရိုကရေစီယန္ယယားအခြေစိုက်ပြီး နယ်မြေကိုယင်းတို့ ကစိုးမိုးလိုက်ပြီဖြစ်ကြောင်း ဆင့်ဆိုအမိန့်ပေးလိုက်ခြင်းသဘောဆောင်ပါသည်။

၁၈၈၃ ခုနှစ်တွင် Land Revenue and Agriclutural Department ကို ဖွဲ့စည်းသည်။ ယင်းဌာနမှ ကြေးတိုင် သက်တမ်းကာလ သတ်မှတ်ခြင်း၊ ကြေးတိုင်သက်တမ်း ပြည့်ပါက ပြင်ဆင်ကြေးတိုင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရပါသည်။

ယင်းကာလ ကြေးတိုင်လုပ်ငန်းများတွင် နောင်တွင် မြေခွန်စည်းကြပ်ရေး နှင့် လယ်ယာကဏ္ဍစာရင်းအင်းများ ထုတ်ပြန်ရေးအတွက် ပေါ်ပေါက် လာမည့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အတွက် မြေယာလုပ်ကိုင်ပိုင်ဆိုင်မှု နှင့် မြေယာ အသုံးချမှု မှတ်ပုံတင်စာရင်းများ ကို ကနဦး ပြုစုပေးသော လုပ်ငန်းတစ်ရပ်လည်း ပါဝင်ပါသည်။

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမွေးဖွားခြင်း

ဦးစွာ ပထမဆုံး မြေတိုင်းလုပ်ငန်းနှင့် ကြေးတိုင်လုပ်ငန်းတို့ကို ပေါင်းစပ် ပေးသောဌာနမှာ Revenue Survey Department ဖြစ်သည်။ယင်းဌာနကို အောက်မြန်မာနိုင်ငံအား အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက်ဖွဲ့စည်းခဲ့ပြီး မြေမျက်နှာပြင်မြေပုံ တိုင်းတာထုတ်လုပ်ခြင်းလုပ်ငန်းနှင့် မြေခွန်တော် အကြမ်းဖျင်းသတ်မှတ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။ ၁၈၇၉ တွင် ကွက်စိပ်ကွင်းမြေပုံတိုင်းတာခြင်းနှင့် ကြေးတိုင်စိုက်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြပြီး အောက်ပါအတိုင်း ဌာနအဆင့်ဆင့် ဖွဲ့စည်း ပေါ်ပေါက်လာသည်။

  • 1. Revenue Settlement Department, 1879
  • 2. Land Revenue and Agricultural Department, 1883
  • 3. Department of Land Records and Agriculture, 1887
  • 4. Land Records Department, 1893
  • 5. Directorate of Settlement and Land Records and Agriculture, 20th Feb 1905
  • 6. Directorate of Settlement and Land Records, 15th Oct 1906

ပထမဆုံးသော Director of the Land Records and Agriculture အဖြစ်ခန့်ထားခံရသူမှာ Mr. W.T Hall ဖြစ်ပြီး 12th May 1887 တွင်စတင် ခန့်ထားသည်။

20th Feb 1905 တွင် Settlement Department နှင့် Land Records and Agricultural Department တို့ပေါင်းစပ် ဖွဲ့စည်းရာ တွင် Settlement Commissioner and Director of Land Records and Agriculture ရာထူးသို့ စတင် ခန့်ထားခံရသူမှာ Mr. TC Wilson (ICS) ဖြစ်ပါသည်။ 15th Oct 1906 တွင် Agricultural Department ခွဲထွက်ပြီးနောက် Director of Settlement and Land Records တာဝန်ကို Mr. TC Wilson (ICS) က ဆက်လက်ထမ်းဆောင်ပါသည်။

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန သည် ဌာန၏ သမိုင်းသက်တမ်း တစ်လျှောက် ထမ်းဆောင်လာခဲ့သော တာဝန်များမှာ မြေတိုင်း၊ မြေပုံထုတ်၊ ကြေးတိုင်စိုက် နှင့် မှတ်ပုံတင်ခြင်း တို့ ဖြစ်ပါသည်။[2]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.