ကြေးနန်း

အဝေးတစ်နေရာမှ တစ်နေရာသို့ အချက်အမှတ်အသားဖြင့် သတင်းပို့နိုင်သော ကိရိယာဖြစ်သည်။ လျှပ်စစ်ခလုပ်ဖြင့် နန်းကြိုးသွယ်တန်း၍ဖြစ်စေ၊ အသံလွှင့်ခြင်းဖြင့် ဖြစ်စေ လွှင့်ပို့နိုင်သည်။ ထိုစနစ်ကို ၁၈၄၄-ခုနှစ်တွင် ဆင်မြူတဲလ်မော့စ်က ဝါရှင်တန်မှ ဘာတီမိုး အရပ်သို့ စတင်သတင်းပို့ခြင်းဖြင့် တီထွင်ပြခဲ့သည်။ ၁၈၆၆-ခုနှစ်တွင် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်၍ သတင်းပို့နိုင်ခဲ့သည်။ စတန်းနှင့် အက်ဒီဆင်တို့က မွမ်းမံပြုပြင်ခဲ့သည်။ ကြေးနန်းအချက်ပြ အက္ခရာ ပြန်ဆိုရာတွင် လူကပြန်ဆိုရ၍ တယ်လီပရင်တာ စက်တွင် စက်က အလိုအလျောက် ပြန်ဆို၍ ရိုက်နှိတ်ပေးလေသည်။ [1]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.