ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)

ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)သည် မကွေးတိုင်းဒေသကြီးပခုက္ကူမြို့တွင် တည်ရှိသည်။ အစိုးရကွန်ပျူတာကောလိပ်အဖြစ် ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[1] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

တက္ကသိုလ်ဝင်​ပေါက်
ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)
Computer University, Pakokku
မြန်မှန်တွက်ချက် တိုင်းပြည်တွက်


တည်ထောင်ခုနှစ် ၂၁ ဇန်နဝါရီ ၂၀၀၂
တည်နေရာ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော

သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)

ကိုးကား

  1. ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ) သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.