ကွမ်တမ်မက္ကင်းနစ်

ကွမ်တမ်မက္ကင်းနစ် (အင်္ဂလိပ်: Quantum mechanics) ကို ကွမ်တမ်ရူပဗေဒ သို့မဟုတ် ကွမ်တမ်သီအိုရီ ဟူ၍လည်း ခေါ်ဆိုကြသည်။ ကွမ်တမ်စက်ကွင်းသီအိုရီ သည်လည်း ကွမ်တမ်မက္ကင်းနစ်၏ အစိတ်အပိုင်းဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်သည် ရူပဗေဒ၏ အခြေခံကိုင်းခွဲတစ်ခုဖြစ်ပြီး အက်တမ်နှင့် အက်တမ်အောက်အမှုန်များဖြစ်သည့် ဖိုတွန်အီလက်ထရွန် စသည်တို့နှင့် သက်ဆိုင်သော ဘာသာရပ်ဖြစ်သည်။ ကွမ်တမ်ဖြစ်ရပ်များသည် ပလန့်ကိန်းသေ (Plank's Constant) ၏ ဆတိုးကိန်းပြည့်များဖြင့် ဖြစ်ပေါ်ကြောင်း လေ့လာတွေ့ရှိရသည်။ အက်တမ်အောက် အမှုန်လောကတွင် စွမ်းအင်များ ဖလှယ်သည့်အခါ၊ ထုတ်လွှတ်သည့်အခါများတွင် စိတ်ကြိုက်ပမာဏဖြင့် ထုတ်လွှတ်ခြင်း မရှိဘဲ ပလိန့်ကိန်းသေ၏ ဆတိုးအပြည့်ကိန်းဖြစ်သော ပမာဏများဖြင့်သာ ထုတ်လွှတ်သည်။ ၎င်းသည် စွမ်းအင်ကို သတ်မှတ်ထားသည့်ပမာဏများ(Quanta) ဖြင့်သာ ထုတ်လွှတ်သောကြောင့် ကွမ်တမ်မက္ကင်းနစ် (Quantum mechanics) ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဤသဘောတရားသည် ရှေးရိုးရူပဗေဒ သဘောတရားဖြင့် မည်သို့မှ ရှင်းမပြနိုင်သည့် ကိစ္စဖြစ်သည်။

၁၉၀၀ ခုနှစ် တွင် ဝတ္တုနက်၏ရောင်ခြည်ထုတ်လွှတ်ခြင်း (Black-body radiation) ပြဿနာအပေါ် မက်စ် ပလန့် (Max Plank) ၏ ဖြေရှင်းချက်နှင့် ၁၉၀၅ ခုနှစ်တွင် အဲလ်ဘတ် အိုင်းစတိုင်းအလင်းလျှပ်စစ် အကျိုး (Photoelectric effect) ကိုဖြေရှင်းပေးသည့် ကွမ်တမ်သဘောတရား အခြေပြု သီအိုရီတို့မှ စတင်၍ ကွမ်တမ်မက္ကင်းနစ် ပညာရပ်သည် တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည်။

ကွမ်တမ်မက္ကင်းနစ် ဆိုင်ရာ သီအိုရီများကို အသုံးပြုသည့် ထင်ရှားသော ကိစ္စရပ်များမှာ စူပါလျှပ်ကူးသံလိုက်အလင်းလွှတ်ဒိုင်အုတ်နှင့် လေဆာအလင်း၊ ထရန်စစ်စတာနှင့် တပိုင်းလျှပ်ကူးပစ္စည်းများဖြစ်သည့် မိုက်ကရိုပရောဆက်ဆာ၊ ဆေးရုံများတွင် အသုံးပြုသည့် MRI ဓာတ်မှန်စက် စသည်တို့ ဖြစ်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.