ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်း

ကွမ်တုံးကွမ်ယင်ဘုရားကျောင်း‌ (ဝါ) ကွမ်ယင်ဗုဒ္ဓဘာသာဘုရားကျောင်းသည် ရန်ကုန်မြို့၊ လသာလမ်း၌ ရှိပြီး၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မဖြစ်ပွားမီကပင် သစ်သားအဆောက်အဦ အဖြစ် တည်ရှိသည်။ ၁၈၅၅ ခုတွင် မီးလောင် ပျက်စီးပြီး ၁၈၆၈ တွင် အသစ် ပြန်လည် ‌တည်ဆောက်သည်။ ၁၈၇၂ တွင် တိုးချဲ့ မွမ်းမံမှု ပြုပြီး ၁၈၈၈ ခုတွင်လည်း ထပ်မံပြုပြင်သည်။ ကွမ်းတုံ/ ကွမ်တုံး/ ကန်တုံ စသဖြင့် အသံထွက် အနည်းငယ် ခြားနားသော်လည်း အသံထွက် အမှန်မှာ ကွမ်တုံး ဖြစ်သည်။ ကွမ်တုံးလူမျိုးတို့ ကိုးကွယ်ရာ ကွမ်ယင်မယ်တော်ကျောင်း ဖြစ်သည်။ စဉ့်အိုးတန်းလမ်း၌ ဖူကျန့်လူမျိုးတို့ ကိုးကွယ်သော ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းလည်း ရှိသည်။[1]ကွမ်းယင်းကိုလည်း ကွမ်းရင်/ ကွမ်ယင်/ ကွမ်ရင် စသဖြင့် အမျိုးမျိုး ရေးကြ ခေါ်ကြသေးသည်။ အသံထွက်အရ ရေးရမည်ဆိုပါက ကွမ်းယင်း ဖြစ်သည်။

ဘုရား​ကျောင်းအတွင်းပိုင်းအား​​တွေ့ရစဉ်
ကွမ်တုံးကွမ်ယင်ဘုရားကျောင်း‌
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာလသာလမ်း၊ ရန်ကုန်မြို့
ကိုဩဒိနိတ်16°46′29.40″N 96°9′0.25″E
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
ပြီးစီး၁၈၂၃ (၁၈၂၃)
ရွေးချယ်သတ်မှတ်ခြင်းများ

ကိုးကား

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၆။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.