ကွမ်းတောင်

ကွမ်းတောင် သည် ရှင်ပြုနားသ အခမ်းအနားတို့တွင် အလှူ့တန်ဆာအဖြစ် ပါဝင်သော ပစ္စည်းဖြစ်သည်။ [1] [2] ကွမ်းတောင်သယ်သူကို ကွမ်းတောင်ကိုင်ဟု ခေါ်၏။ [3] ယနေ့ခေတ်၌ ယွန်းရွှေချ အခက်အလက်များ၊ မှန်စီရွှေချ ကလပ်များဖြင့် ကွမ်းတောင်ကို တန်ဆာဆင်လာသည်။ [4] [5]

ကျေးရွာ အတွက် ကွမ်းတောင်ရွာ ကို ကြည့်ပါ။
ဒူးထောက်လျက် ဝဲဘက်စွန်ရှိမိန်းကလေး ကွမ်းတောင်ကိုင်ထားသည်ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အပါအဝင် [6] အခြား မြန်မာပြည်အထက်ပိုင်းဒေသတို့တွင် ဖက်စိမ်းကွမ်းတောင်၊ မြဖက်ကွမ်းတောင်၊ မြစိမ်းကွမ်းတောင်တို့ကို သုံးစွဲမြဲ ဖြစ်သည်။ [7] ထိုင်းနှင့် လာအိုတို့တွင် မီးခွက်မျှော၊ ဘိုးဘေးကန်တော့၊ ရဟန်းခံရှင်ပြု၌ အရွက်အပွင့်တို့ဖြင့် ခွက်ထိုးခြင်း၊ တန်ဆာဆင်ခြင်းများ ရှိသေးသော်လည်း ကွမ်းတောင်သယ်လေ့မူကား ပျောက်ချေပြီ။ [8] မိစုံဘစုံ အပျိုရွယ်သာ ကွမ်းတောင်ကိုင်ရသည်။ [1] စာရေးဆရာမ ခင်ခင်ထူးက ဖက်စိမ်းကွမ်းတောင်အကြောင်းကို မအိမ်ကံ ဝတ္ထု၌ အကျယ်တလင်း ဖော်ပြဖူးသည်။ [9]

ပါဝင်သော အစိတ်အပိုင်းများ

ကွမ်းတောင်တခုတွင် အောက်ပါအစိတ်အပိုင်းများ ပါဝင်သည် [10] -

  • ကလပ်
  • ကလပ်ကြာ
  • ကွေးထောက်ကုံး
  • ဆိုင်းကြိုး
  • စိန်တောင်ကြမ်း
  • ကြာသီး (ကြာဖူး)
  • စိန်တောင်နု
  • ကတော့
  • ပိန္နဲတိုင်
  • ပန်းလည်တိုင်
  • ကြာပတ်
  • ထီး
  • ကြက်တူရွေး

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.