ကွမ်းတောင်ရွာ၊ ကွမ်းတောင်

ကွမ်းတောင်ရွာသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စံပြကျေးရွာတစ်ရွာ ဖြစ်သည်။ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိသဖြင့် သွားလာရ လွယ်ကူသည်။ အိမ်ခြေ ၇၃၀ ကျော်ရှိပြီး ‌အဓိက စီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးနှင့် ပင်လယ်ရေထွက်သားကောင်များ မွေးမြူရောင်းချခြင်းဖြစ်သည်။

ကွမ်းတောင်
ကွမ်းတောင်
ကွမ်းတောင် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: MM 20.30335°N 92.92706°E / 20.30335; 92.92706
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်စစ်တွေခရိုင်
မြို့နယ်ပုဏ္ဏားကျွန်းမြို့နယ်
ကျေးရွာအုပ်စုကွမ်းတောင်[1]

ယခင်က ကျားပုဇွန်မွေးမြူရေးလုပ်ငန်းအောင်မြင်ခဲ့သော်လည်း ယခုအခါ ဝယ်လက်အားနည်းသည့်အတွက် ကဏန်း ရောင်းဝယ်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိကြသည်။ ကွမ်းတောင်ကျေးရွာမှတစ်ဆင့် တရုတ်နယ်စပ် ဝန်ဒိန်ပင်လယ်စာဈေးသို့ ကဏန်းတိုက်ရိုက်တင်ပို့သည့် လုပ်ငန်းအများအပြားရှိသည်။ တရုတ်ကုန်သည်များကိုယ်တိုင် လာရောက် ရင်းနှီးမြှတ်နှံထားသော ကဏန်း မွေးမြူရေးကန်ကြီးများလည်းရှိသည်။

ကျေးရွာထိပ်ရှိ ကားလမ်းမဘေးတွင် ရောင်းချလျက်ရှိသော ကွန်းတောင်ကြက်ကင်သည်လည်း လူကြိုက်များသော အစားအစာဖြစ်သည်။

ပညာရေးတွင် အထက်တန်းကျောင်း (၁) ကျောင်းနှင့် မူလတန်းကျောင်း (၂) ကျောင်းရှိသည်။ ကျန်းမာရေးအတွက် ကျေးလက်ကျန်းမာရေးဌာ (ပင်မ) နှင့် ပုဂ္ဂလိက ဆေးခန်းများရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှုအသင်းတစ်ခုရှိပြီး လူတင်နာယဉ်တစ်စီးကိုလည်း ပိုင်ဆိုင်ထားကြသည်။

ဘာသာရေးတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၂) ကျောင်းရှိသည်။ ကျောင်း (၂) ကျောင်းအနက် တောင်ကျောင်းမှ ဆရာတော်ကြီး အဂ္ဂါဘိဓဇသည် မင်းတုန်းမင်းကြီး၏ ပဉ္စမသံဃာယနာသို့ ပင့်ဖိတ်ခံရသော ရခိုင်ဆရာတော်နှစ်ပါးအနက် တစ်ပါးဖြစ်သည်။

လူငယ်များအသိပညာတိုးတက်ရေးနှင့် ပတ်သတ်၍ ကျေးရွာအလယ်ရှိ စာကြည့်တိုက်သည် ကျေးရွာရှိ လူငယ်များ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ သင်တန်းများကို စီစဉ် သင်ကြားပေးလျက်ရှိသည်။

ကိုးကား

  1. GAD, Feb 2011.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.