ခရိုမိုဆုမ်း
အဖို၏ သုတ်ပိုး ဇီဝကလာပ်နှင့် အမမျိုးဥ ဇီဝကလာပ်တို့တွင် တွေ့ရှိရသည့် ထိုအဖို အမတို့မှ မျိုးရိုးဆက်ခံ ပါရှိလာသော ဗီဇပစ္စည်းများ ဖြစ်သည်။ သန္ဓေတည်လျက် ရှိသော သန္ဓေဥ၏ ဇီဝကလာပ်ဆဲလ်များသည် အဆင့်ဆင့် ကွဲပွားသွားရာ ဇီဝကလပ်တိုင်း၌ အမိ၏ ဇီဝပစ္စည်း ၂၃-ခုနှင့် အဖ၏ ဇီဝပစ္စည်း ၂၃-ခု အညီအမျှစီ ပါရှိသည်။ ထိုဗီဇပစ္စည်းခေါ် ကိုယ်ပွားဗီဇများအရ သန္ဓေသား၏ ဖိုမ ကွဲပြားမှုသည်လည်း ဖြစ်လာရလေသည်။ ခရိုမိုဆုမ်းမှာ အဓိကအားဖြင့် ဒီအောက်ဇီရီ ဗိုနျူကလိုက် အက်ဆစ်နှင့် ပရိုတိန်းဓာတ်ပစ္စည်းများ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ [1]
ကိုးကား
- လှသမိန် ၏ ဗဟုသုတစွယ်စုံ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.