ချက္ကရီမင်းဆက်

ချက္ကရီမင်းဆက် (မြန်မာ: စကြီ ရာဇဝံသ; သင်္သကရိုက်: Cakrī Rājavaṁsa) သည် ထိုင်းဘုရင့်နိုင်ငံ၏ လက်ရှိမင်းဆက်ဖြစ်ကာ အကြီးအကဲဘုရင်မှာ နိုင်ငံတော်၏ ခေါင်းဆောင်ဖြစ်သည်။တက်ဆင်နှင့် သွန်ဘူရီ​ခေတ်များအလွန် ၁၇၈၂ခုနစ်တွင် မြို့​တော်ကို ဘန်​ကောက်သို့ ​ပြောင်းပြီး​ချိန် ရတနကောသိန္ဒြခေတ် မှစ၍ ထိုင်းနိုင်ငံကို အုပ်စိုးခဲ့သည်။ဤမင်းဆက်ကို တရုတ်-မွန်နွယ်ဖွားဖြစ်​သော အယုဓျာစစ်တပ်​ခေါင်း​ဆောင်ဖြစ်သူ ပတ်တရော့ဖာ ချူလာလော့က တည်​ထောင်ခဲ့သည်။

ချက္ကရီမင်းဆက်
အမှတ်တံဆိပ်
နိုင်ငံထိုင်းနိုင်ငံ
စတင်တည်​ထောင်ခြင်း၁၇၈၂ (၁၇၈၂)
တည်​ထောင်သူရာမ ၁
လက်ရှိ အကြီးအကဲရာမ ၁၀
အမည်များဆိုင်ယမ်ဘုရင် (၁၇၈၂-၁၉၄၀)
ထိုင်းနိုင်ငံ၏ ဘုရင် (၁၉၄၈-လက်ရှိ)
ကိုးကွယ်မှုဗုဒ္ဓဘာသာ
Estate(s)ထိုင်းဘုရင့်နိုင်ငံ

လက်ရှိအကြီးအကဲဖြစ်သူမှာ ၁၀ဆက်​မြောက်ဘုရင်ဖြစ်​သော ဝဇိရာလင်္ကရဏဖြစ်သည်။မင်းဆက်၏ လက်ရှိ​နေရာမှာ ဘန်​​ကောက်မြို့ရှိ တော်ဝင်နန်းတော်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ​တော်ဝင်မိသားစု

မင်းသား မဟီတလ အတုလျေတေဇနင့် မိဖုရား သီရိနဂရိန္ဒြာ
တော်ဝင်နန်းတော်

ထိုင်းနိုင်ငံ၏ လက်ရှိ​တော်ဝင်မိသားစုမှာ မဟီတလ အတုလျေတေဇမင်းသားမှ ဆင်းသက်လာသည်။သူသည် စုဠာလင်္ကရဏဘုရင်၏သား​တော်ဖြစ်ကာ ဝဇိရာဝုဓဘုရင်နှင့် ပြဇာဓိပကဘုရင်တို့ အ​ဖေတူအ​မေကွဲ ညီအစ်ကိုလည်းဖြစ်သည်။မဟီတလ အတုလျေတေဇ၏သား​တော်ကြီး အာနန္ဒ မဟီတလနတ်ရွာစံပြီး​နောက် သား​တော်ငယ် ဘူမိဗလအတုလျတေဇနန်းတက်ခဲ့သည်။သူ့အား သား​တော် ဝဇိရာလင်္ကရဏဆက်ခံခဲ့သည်။

မိသားစုဝင်များ

​တော်ဝင်မိသားစု၏ လက်ရှိမိသားစုဝင်များမှာ ​​အောက်ပါအတိုင်းဖြစ်သည်။

  • သီရိခေတ် (ဘုရင့်မယ်​တော်)
    • သိရိန္ဓရ (ဘုရင့်ညီမ​တော်)
    • စုဠာဘရဏ (ဘုရင့်ညီမ​တော်)
      • သိရိဘာစုဍာဘရဏ (ဘုရင့်တူမ​တော်၊စုဠာဘရဏမင်းသမီး၏ သမီး)
      • အဒိတျာဒရကိတိဂုဏ (ဘုရင့်တူမ​တော်၊စုဠာဘရဏမင်းသမီး၏ သမီး)
    • ဥပ္ပလရတနာ (ဘုရင့် အစ်မ​တော်)

အခြား မိသားစုဝင်များ

  • စုံသဝလီ (ဘုရင့် ယခင်မိဖုရား၊ဝဇိရကိတိယာဘာ၏ မယ်​တော်)
  • ပလွိုင်းပိုင်လင် ဂျန်ဆန် (ဘုရင့်တူမ​တော်၊ဥပ္ပလရတနာ၏ သမီး)
  • သိရိကိတိယာ ဂျန်ဆန် (ဘုရင့်တူမ​တော်၊ဥပ္ပလရတနာ၏ သမီး)
  • ဒသနာဝလယ သရသင်္ဂြါမ (ဘုရင့် ဝမ်းကွဲအစ်မ)

မကြာမီက လွန်​လေပြီး​သော မိသားစုဝင်များ

  • ဘူမိဗလအတုလျတေဇ (၂၀၁၆)
  • ဝဇိရရတန (ဘုရင်ဘူမိ​ဗလ၏ ဝမ်းကွဲ၊ဗာဂျီရာဗုဘုရင်၏ တစ်ဦးတည်း​သောသမီး) (၂၀၁၁)
  • ကလျာဏိ ဝဎနာ (ဘုရင်ဘူမိ​ဗလ၏ အစ်မ​တော်) (၂၀၀၈)
  • ပွန်းဂျန်ဆန် (ဥပ္ပလရတနာ၏ သား​တော်) (၂၀၀၄)
  • သီရိနဂရိန္ဒြာ (ရာမ၈နှင့် ရာမ၉ တို့၏မယ်​တော်) (၁၉၉၅)

နန်း​မွေနန်းလျာ ဆက်ခံမှု ဇယား

၁၉၆၆ခုနှစ်က ဘုရင်ဘူမိ​ဗလနှင့်​တော်ဝင်မိသားစု

မှတ်စု

  • ဥပ္ပလရတနာ ရာဇာကညာမင်းသမီးသည် ဘုရင်ဘူမိ​ဗလ၏ သမီးကြီးဖြစ်​သော်လည်း ၁၉၇၂ ခုနှစ်တွင် အ​မေရိကန်နိုင်ငံသားနှင့် လက်ထပ်အပြီး သူ၏ နန်း​မွေနန်းလျာနှင့် ​တော်ဝင်ဂုဏ်ပုဒ်များကို စွန့်လွှတ်ခဲ့သည်။
  • စုဍာဝဇရ ဝိဝဇရဝံသ၊ ဝဇိရရေသ ဝိဝဇရဝံသ၊ စကြီဝဇိရ ဝိဝဇရဝံသ၊ ဝဇရဝီရ ဝိဝဇရဝံသ င်းသားများသည် ဝဇိရာလင်္ကရဏဘုရင်၏ သား​တော်များဖြစ်​သော်လည်း ဝဇိရာလင်္ကရဏက သုစာရိဏီ ဝိဝဇရဝံသမိဖုရားနှင့်အတူ ၎င်းတို့ကိုပါ စွန့်ပစ်လိုက်သည်။

သမိုင်း​ကြောင်း

ဘုရင်များ

ပုံအမည်​မွေးဖွားခြင်းစိုးစံမှုစတင်ခြင်းစိုးစံမှုပြီးဆုံးခြင်းနတ်ရွာစံခြင်းမိဖုရားများသားသမီးများ
ဗုဒ္ဓ ယော့ဖာ စုဠာလောက
(ရာမ၁)
၂၀ မတ် ၁၇၃၇
အယုဓျာမြို့အယုဓျာတိုင်းပြည်
၆ ဧပြီ ၁၇၈၂ ၇ စက်တင်ဘာ ၁၈၀၉
တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၇၂
အမရိန္ဒြာ
နှင့်အခြားမိဖုရား ၃၁ပါး
သား​တော်၁၇၊ သမီး​တော် ၂၅
ဗုဒ္ဓ လော့လာ နဘာလယ
(ရာမ၂)
၂၄ ​ဖေ​ဖော်ဝါရီ ၁၇၆၇
အမ်ဖဝါး၊ အယုဓျာတိုင်းပြည်
၇ စက်တင်ဘာ ၁၈၀၉ ၂၁ ဇူလိုင် ၁၈၂၄
တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၅၇
  • သီရိသုရိယေန္ဒြ
  • ဆရီ ဆူလာလိုင်
    အခြားမိဖုရား ၅၁ပါး
သား​တော်၃၈၊ သမီး​တော်၃၅
နန်းကလော
(ရာမ၃)
၃၁ မတ် ၁၇၈၈
သွန်ဘူရီနန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၁ ဇူလိုင်၁၈၂၄ ၂ ဧပြီ ၁၈၅၁
တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၆၃
မိဖုရား၄၂ပါး သား​တော်၂၂၊ သမီး​တော်၂၉
မကုဋ
(ရာမ၄)
၁၈ ​အောက်တိုဘာ ၁၈၀၄
သွန်ဘူရီနန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂ ဧပြီ ၁၈၅၁ ၁ ​အောက်တိုဘာ ၁၈၆၈
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၆၃
  • သောမနဿ ဝဍ္ဎနာဝတီ
  • ဒေဝသိရိန္ဒြာ
  • ဝဏ္ဏရာယ
    အခြားမိဖုရား ၅၈ပါး
သား​တော်၃၉၊ သမီး​တော်၄၃
စုဠာလင်္ကရဏ
(ရာမ၅)
၂၀ စက်တင်ဘာ ၁၈၅၃
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁ ​အောက်တိုဘာ ၁၈၆၈ ၂၃ ​အောက်တိုဘာ ၁၉၁၀
ဒူ​ဆစ်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၅၇
  • သုနန္ဒာ ကုမာရီရတနာ
  • သုကုမာရ မာရသရီ
  • ဆာဗန် ဗဟာနာ
  • စစ်ဗာပါ ပေါင်ဆရီ
    အခြားမိဖုရား ၈၈​ပါး
သား​တော် ၃၂၊ သမီး​တော်၄၄
ဝဇိရာဝုဓ
(ရာမ၆)
၁ ဇန်နဝါရီ ၁၈၈၁
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၃ ​အောက်တိုဘာ ၁၉၁၀ ၂၆ နိုဝင်ဘာ ၁၉၂၅
​တော်ဝင်နန်း​တော်၊ ဘန်​​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၄၄
  • ဣန္ဒြသတ္တိ ဆာချီ
  • သုစရိတသုတာ
  • လက္ခီလာဝဏ
  • သုဝဒနာ
ဝဇိရရတနရာဇသုတာ
ပြဇာဓိပက
(ရာမ၇)
၈ နိုဝင်ဘာ ၁၈၉၃
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၆ နိုဝင်ဘာ ၁၉၂၅ ၂ မတ် ၁၉၃၅ ၃၀ ​မေ ၁၉၄၁1
ဗြိတိန်နိုင်ငံ
သက်​တော် ၄၇
ရမ်ဘိုင် ဘာနီ -
အာနန္ဒ မဟိတလ
(ရာမ၈)
၂၀ စက်တင်ဘာ ၁၉၂၅
ဟိုင်ဒါဘတ်ဘာဒန်သမ္မတနိုင်ငံဝါမန်
၂ မတ် ၁၉၃၅
၁၉၃၅မှ ၁၉၄၆အထိ ဘုရင်ခံ​ကောင်စီဖြင့်သာ အုပ်ချုပ်ခဲ့သည်။
၉ ဇွန် ၁၉၄၆
ဘိုရွန်းဖီမင်နန်းဆောင်တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
သက်​တော် ၂၀
- -
ဘူမိဗလအတုလျတေဇ
(ရာမ၉)
၅ ဒီဇင်ဘာ ၁၉၂၇
အာဘန်​တောင် ​ဆေးရုံကမ်းဘ​ရေ့ချ်မက်ဆာချူးဆက်ပြည်နယ်အမေရိကန်ပြည်ထောင်စု
၉ ဇွန် ၁၉၄၆
(၁၉၅၀ ​မေလ ၅ရက်တွင် ဘိသိက်သွန်း)
၁၃ ​အောက်တိုဘာ ၂၀၁၆
သီရိရတ်ချ်ချ်​ဆေးရုံဘန်ကောက်မြို့ထိုင်းနိုင်ငံ
သက်​တော် ၈၈နှစ်
သီရိခေတ်
မဟာဝဇိရာလင်္ကရဏ
(ရာမ၁၀)
၂၈ ဇူလိုင် ၁၉၅၂
အမ်ပွန်း စသမ် အိမ်တော် ဒူဆစ်နန်းတော်၊ ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
၁၃ ​အောက်တိုဘာ ၂၀၁၆(၂၀၁၉ ​မေလတွင် ဘိသိက်သွန်းမည်) လက်ရှိ -
  • ဝဇိရကိတိယာဘာ
  • စုဍာဝဇရ ဝိဝဇရဝံသ
  • ဝဇိရရေသ ဝိဝဇရဝံသ
  • စကြီဝဇိရ ဝိဝဇရဝံသ
  • ဝဇရဝီရ ဝိဝဇရဝံသ
  • သီရိဝဏ္ဏဝရီ နာရီရတန
  • ဒီပင်္ကရ ရံသိဇောတိ

အရှေ့နန်းတော်များ (ဥပရာဇာများ)

ဥပရာဇာသည် ဆိုင်ယမ်တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ခဲ့သည်။ထို​နေရာကို အဆင့်အမြင့်ဆုံးမင်းသားကို ​ပေး​လေ့ရှိသည်။ဥပမာ- ဘုရင်၏ညီငယ် (သို့မဟုတ်) သား​တော်ကြီးများဖြစ်သည်။၁၈၈၅ခုနှစ်မတိုင်မီအထိ ချက္ကရီမင်းဆက်မှန်သမျှသည် ဥပရာဇာခန့်​လေ့ရှိသည်။ဥပရာဇာသည် အရှေ့နန်းတော်တွင် ရုံးစိုက်​လေ့ရှိသည်။ထိုင်းအစဉ်အလာအရ ဥပရာဇာသည် နန်းတက်ရန် လျာထားသတ်မှတ်ခံရ​သော်လည်း အစာရစန်ဒုံမင်းသားသာလျှင် ဗုဒ္ဓ လော့လာ နဘာလယဘုရင်အဖြစ် နန်းတက်နိုင်ခဲ့သည်။စုဠာလင်္ကရဏဘုရင်လက်ထက်တွင် သူ၏ဝမ်းကွဲ၊ဥပရာဇာဖြစ်​သော ဝိဇယဇည​ကွယ်လွန်ပြီး​နောက် ဥပရာဇာ​နေရာကို ဖျက်သိမ်းခဲ့သည်။ထို့​နောက် သူ၏သားအကြီးဆုံးကို အိမ်​ရှေ့မင်း ခန့်အပ်ခဲ့သည်။သို့​သော် ဥပရာဇာမဟုတ်​ပေ။ [1]

ပုံအမည်​မွေးဖွားခြင်းစိုးစံမှုစတင်ခြင်း
(ခန့်အပ်မှုစတင်ခြင်း)
စိုးစံမှုပြီးဆုံးခြင်းသားသမီးများဘုရင်
(ဘုရင်နှင့်ပက်သက်မှု)
မဟာသုရသိင်္ဟနာဒ ၁ နိုဝင်ဘာ ၁၇၄၄
အယုဓျာမြို့အယုဓျာတိုင်းပြည်
၁၇၈၂ ၃ နိုဝင်ဘာ ၁၈၀၃
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၅၉
၄၃​ယောက် ရာမ၁
(ညီ​တော်)
အစာရစန်ဒုံ ၂၄ ​ဖေ​ဖော်ဝါရီ ၁၇၆၇
အယုဓျာတိုင်းပြည်
၁၈၀၆ ၇ စက်တင်ဘာ ၁၈၀၉
(ရာမ၂အဖြစ်နန်းတက်ခဲ့)
၇၃​ယောက် ရာမ၁
(အကြီးဆုံးသား)
မဟာသေနာနုရက္ခ ၂၉ မတ် ၁၇၇၃
အယုဓျာတိုင်းပြည်
၇ စက်တင်ဘာ ၁၈၀၉ ၁၆ ဇူလိုင် ၁၈၁၇
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၄၅
၄၀​ယောက် ရာမ၂
(ညီ​တော်)
ဆတ်ဒီဖိုလဆပ် ၂၁ ​အောက်တိုဘာ ၁၇၈၅
အယုဓျာတိုင်းပြည်
၂၁ ဇူလိုင် ၁၈၂၄ ၁ ​မေ ၁၈၃၂
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၄၆
၂၀ ရာမ၃
(ဦးရီး​တော်၊ ရာမ၁၏သား​တော်)
ပင်ကလို ၄ စက်တင်ဘာ ၁၈၀၈
သွန်ဘူရီနန်း​တော်၊ ဆိုင်ယမ်တိုင်းပြည်
၂၅ ​မေ ၁၈၅၁ ၇ ဇန်နဝါရီ ၁၈၆၆
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၅၇
၅၈​ယောက် ရာမ၄
(ညီ​တော်)
ဝိဇယဇည ၆ ဧပြီ ၁၈၃၈
သွန်ဘူရီနန်း​တော်၊ ဆိုင်ယမ်တိုင်းပြည်
၂ ​အောက်တိုဘာ ၁၈၆၈ ၂၈ ဩဂုတ် ၁၈၈၅
အ​ရှေ့နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၄၇
(ကွယ်လွန်ပြီး​နောက် ရာထူးဖျက်သိမ်း)
၂၈​ယောက် ရာမ၅
(ဝမ်းကွဲ၊ ပင်ကလို၏သား)

အ​နောက်နန်း​တော်

အ​နောက်နန်း​တော်ဆိုသည်မှာ အယုဓျာ​ခေတ်မှ ဆက်၍လာ​သော ​နေရာဖြစ်သည်။သို့​သော် ချက္ကရီမင်းဆက် စတင်တည်​ထောင်ချိန်မှစ၍ အ​နောက်နန်း​တော်ကို တစ်ဦးသာစိုးစံခဲ့သည်။အနုရတ် ဒီဗေ့ချ်မင်းသားသည် ရာမ၁ဘုရင်၏ ဝမ်းကွဲဖြစ်ကာ ၁၇၈၅တွင် ခန့်အပ်ခံခဲ့ရသည်။

ပုံအမည်​မွေးဖွားခြင်းခန့်အပ်ခြင်း​သေဆုံးခြင်းသားသမီးများဘုရင်
(ဘုရင်နှင့် ပက်သက်မှု)
အနုရတ် ဒီဗေ့ချ် ၂၈ မတ် ၁၇၄၆ ၁၇၈၅ ၂၀ ဒီဇင်ဘာ ၁၈၀၆
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၆၀
(​နေရာရပ်စဲ)
၃၅​ယောက် ရာမ၁
(ဝမ်းကွဲ)

အိမ်​ရှေ့မင်းများ

ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်း သို့မဟုတ် Sayam မကုဋရာဇကုမာရ (สยามมกุฎราชกุมาร)သည် တိုင်းပြည်၏ အနာဂတ်ဘုရင်အဖြစ် သတ်မှတ်ထား​သော​နေရာဖြစ်သည်။၁၈၈၆ခုနှစ်တွင် စုဠာလင်္ကရဏဘုရင်သည် သူ၏အကြီးဆုံးသားကို ခန့်အပ်ခြင်းဖြင့် ရာထူးစတင်ဖန်တီးခဲ့သည်။ဤ​နေရာသည် အ​နောက်နိုင်ငံများ၏ဓ​လေ့မှ တိုက်ရိုက်ကူးချထားခြင်းဖြစ်သည်။ထိုစဉ်မှစ၍ အိမ်​ရှေ့မင်းသား၃​ယောက်သာ ခန့်အပ်ခဲ့သည်။​နောက်ဆုံး​သော အိမ်​ရှေ့မင်းသားမှာ လက်ရှိဘုရင် မဟာဝဇိရာလင်္ကရဏဖြစ်သည်။သူ့ကို ၁၉၇၂ခုနှစ်တွင် ခမည်း​တော် ဘုရင်ဘူမိ​ဗလအတုလျတေဇခန့်အပ်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ဘုရင်ဖြစ်လာခဲ့သည်။

ပုံအမည်​မွေးဖွားခြင်းခန့်အပ်ခြင်းပြီးဆုံးခြင်းမှတ်စုမိဘများ
မဟာဝဇိရုဏဟိသ ၂၇ ဇွန် ၁၈၇၉
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁၄ ဇန်နဝါရီ ၁၈၈၆[2] ၄ ဇန်နဝါရီ ၁၈၉၅ အသက်၁၆နှစ်အရွယ်တွင် တိုက်ဖိုက်​ရောဂါဖြင့် ကွယ်လွန် ရာမ၅ဘုရင်နှင့် မိဖုရားဆာဗန် ဗဟာနာ
ဝဇိရာဝုဓ ၁ ဇန်နဝါရီ ၁၈၈၁

​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်

၄ ဇန်နဝါရီ ၁၈၉၅[3] ၂၃ ​အောက်တိုဘာ ၁၉၁၀ ခမည်း​တော်နတ်ရွာစံအပြီး ရာမ၆အဖြစ်နန်းတက်ခဲ့ ရာမ၅ဘုရင်နှင့် မိဖုရားစစ်ဗာပါ ပေါင်ဆရီ
မဟာဝဇိရာလင်္ကရဏ ၂၈ ဇူလိုင် ၁၉၅၂

အမ်ပွန်း စသမ် အိမ်တော် ၊ ဒူဆစ်နန်းတော်၊ ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ

၂၈ ဒီဇင်ဘာ ၁၉၇၂[4] ၁၃ ​အောက်တိုဘာ ၂၀၁၆ ခမည်း​တော်နတ်ရွာစံအပြီး ရာမ၁၀အဖြစ် နန်းတက်ခဲ့ ရာမ၉ဘုရင်နှင့် မိဖုရားသီရိ​ခေတ်

မိဖုရား​ခေါင်များ

ပုံအမည်​မွေးဖွားခြင်းထိမ်းမြားခြင်းမိဖုရား​ခေါင်ကြီးဖြစ်လာခြင်းပြီးဆုံးခြင်း​သေဆုံးခြင်းသားသမီးများ၏မိဖုား​ခေါင်
(မှတ်စုများ)
အမရိန္ဒြာ ၁၅ မတ် ၁၇၃၇
အယုဓျာတိုင်းပြည်
၁၇၆၀ ခန့်က ၆ ဧပြီ ၁၇၈၂
ဘုရင်၏ဘိသိက်ပွဲနှင့်အတူ
၇ စက်တင်ဘာ ၁၈၀၉
ဘုရင်၏​သေဆုံးခြင်းနှင့်အတူ
၂၅ ​မေ ၁၈၂၆
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၈၉
၁၀​ယောက် ရာမ၁
(ရာမ၂၏ မယ်​တော်)
သီရိသုရိယေန္ဒြ ၁၇၆၇ခန့်က
အယုဓျာတိုင်းပြည်
၂၁ စက်တင်ဘာ ၁၈၀၁ ၇ စက်တင်ဘာ ၁၈၀၉
ဘုရင်၏ဘိသိက်ပွဲနှင့်အတူ
၂၁ ဇူလိုင် ၁၈၂၄
ဘုရင်၏​သေဆုံးခြင်းနှင့်အတူ
၁၈ ​အောက်တိုဘာ ၁၈၃၆
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၆၉
၅​ယောက် ရာမ၂
(ရာမ၄၏မယ်​တော်)
ဒေဝသိရိန္ဒြာ ၁၇ ဇူလိုင် ၁၈၃၄
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁ ဧပြီ ၁၈၅၁ ၉ စက်တင်ဘာ ၁၈၆၂
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၂၈
​၄ယောက် ရာမ၄
(ရာမ၅၏မယ်​တော်)
စစ်ဗာပါ ပေါင်ဆရီ
(ဘုရင်ခံမိဖုရား)
၁ ဇန်နဝါရီ ၁၈၆၄
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁၈၇၈ခန့်က ၂၃ ​အောက်တိုဘာ ၁၉၁၀
ဘုရင်၏​သေဆုံးခြင်းနှင့်အတူ
၂၀ ​အောက်တိုဘာ ၁၉၁၉
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၅၆
၉​ယောက် ရာမ၅
(ရာမ၆နှင့် ရာမ၇တို့၏မယ်​တော်)
ဣန္ဒြသတ္တိဆာချီ ၁၀ ဇွန် ၁၉၀၂
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁၀ ဇွန် ၁၉၂၁ ၁ ဇန်နဝါရီ ၁၉၂၂
ခန့်အပ်ခြင်း
၁၅ နိုဝင်ဘာ ၁၉၂၅
မိဖုရားအဖြစ် တိုးမြှင့်ခံရ
၃၀ နိုဝင်ဘာ ၁၉၇၅
ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
သက်​တော်၇၃
- ရာမ၆
ရမ်ဘိုင် ဘာနီ ၂၀ ဒီဇင်ဘာ ၁၉၀၄
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၅ ဩဂုတ် ၁၉၁၈ ၂၅ နိုဝင်ဘာ ၁၉၂၅
ဘုရင်၏ဘိသိက်ပွဲနှင့်အတူ
၂ မတ် ၁၉၃၅
ဘုရင်၏ ပြုတ်ကျခြင်းနှင့်အတူ
၂၂​ ​မေ ၁၉၈၄
ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
သက်​တော်၇၉
- ရာမ၇
သီရိခေတ်(ဘုရင်ခံမိဖုရား) ၁၂ ဩဂုတ် ၁၉၃၂
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၈ ဧပြီ ၁၉၅၀ ၁၃ ​အောက်တိုဘာ ၂၀၁၆
ဘုရင်၏​သေဆုံးခြင်းနှင့်အတူ
၄​ယောက် ရာမ၉
(ရာမ၁၀၏မယ်​တော်)

မှတ်စု

ဥပရာဇာမှာ လက်ရှိနန်းဆက်၏ ဒုတိယဘုရင်သ​ဘောဖြစ်ကာ အိမ်​ရှေ့မင်းမှာ ​နောင်တွင်ဘုရင်ဖြစ်မည့် မင်း​လောင်းဖြစ်သည်။

ကိုးကား

  1. Terwiel၊ B.J. (2011)။ Thailand's Political History: From the 13th Century to Recent Times။ Thailand: River Books။ p. 39။ ISBN 9749863968CS1 maint: ref=harv (link)
  2. ​တော်ဝင်ထိုင်းပြန်တမ်း Announcement of the appointment of Prince Vajirunhis to the Crown Prince of Siam (Thai), Volume 3, Chapter 44, 1 March 1886, page 368
  3. Royal Gazette, The Investiture of Crown Prince Maha Vajiravudh (Thai), Volume 11, Chapter 63, 20 January 1895, page 346
  4. Royal Gazette, Royal Decree announcing the Investiture of Crown Prince Maha Vajiralongkorn (Thai), Volume 89, Chapter 200 (ก), Special Edition, 28 December 1972, Page 1
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.