ချစ်ဆွေ၊ စန္ဒရား

စန္ဒရား ချစ်ဆွေ ခရစ်(၁၉၃၅-၂၀၀၅) သည် ရေး၊ ဆို၊ တီး စွယ်စုံရ မြန်မာ အနုပညာရှင် ဖြစ်သည်။

ငယ်ဘဝ

တေးရေးတေးဆို ဂီတပညာရှင် စန္ဒရား ချစ်ဆွေကို ၁၂၉၇ ခု နယုန်လ (၁၉၃၅ ဇွန်)နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့၌ အဖ စန္ဒရားဆရာ ဦးဘလှိုင်၊ အမိ ဒေါ်ကျင်စိန်တို့မှ မွေးဖွားခဲ့သည်။[1] မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ စန္ဒရား ချစ်ဆွေကို မွေးဖွားသည့်ညက ဟင်္သာတမြို့ရှိ ရှရာဖ်ရုပ်ရှင်ရုံ (နောင်တွင် ထွန်းလင်း စီနီမာရုံ)တွင် အေဝမ်းဖလင်မှ မြခွာညို အသံတိတ် ရုပ်ရှင်ဇာတ်ကားပြသနေချိန်နှင့် ကြုံကြိုက်၍ ယင်းဇာတ်ကားမှ အဓိကဇာတ်ကောင် မင်းသား ရဲခေါင်ချစ်ဆွေ (ချစ်ရွှေ)ကို အမှတ်အသားပြုကာ ထိုရုံတွင် တီးဝိုင်းခေါင်းဆောင်ဖြစ်သော ဖခင်ဦးဘလှိုင်က သားကြီးဩရသကို ချစ်ဆွေဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ [2]

အနုပညာခရီး

စန္ဒရားတီးကို ဖခင်ထံမှ သင်ယူခဲ့ပြီး ၁၉၄၉ ခုတွင် ရန်ကုန်ရောက်လာသည်။ အသံတိတ်ရုပ်ရှင်၌ တီးနည်းကို စန္ဒရား ညွန့်လှိုင်၊ စစ်ကိုင်းလှရွှေတို့ထံမှ သင်သည်။ စန္ဒရားချစ်ဆွေ၏ ဂီတဆရာများမှာ ဖခင် ဦးဘလှိုင်၊ ဟင်္သတမြို့ ငွေတိုက်ဝန်ထောက် ဦးစု၊ စောင်းနှင့် စန္ဒရားဆရာကြီး ဦးထွန်းဖေတို့ ဖြစ်သည်။ စန္ဒရားချစ်ဆွေသည် ၁၀-နှစ်သားအရွယ်တွင် ဖခင်နှင့်အတူလိုက်ပြီး ရုပ်ရှင်ရုံတွင် စန္ဒရားတီးခတ်သည်။ ၁၉၄၉-ခုနှစ် အသက် ၁၄-နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုတွင် မစ္စတာဘင်ဟုတ်နှင့် ခတ္တရာအေးတို့ထံတွင် ဂီတအနုပညာကို ဆည်းပူးသည်။

ထို့နောက် စန္ဒရားချစ်ဆွေသည် ပြဇာတ်ခေတ် ဝင်းဝင်းရုံတွင် ဂီတပညာရှင် ရွှေပြည်အေး၏ ကွတ်ကဲမှုအောက်ဝယ် စန္ဒရားကို ပထမဆုံးဝင်ရောက် တီးခတ်သည်။ ဆက်၍ စန္ဒရားဆရာ ဂီတာညွန့်ခေါ် ဦးဘညွန့်နှင့် စန္ဒရား စစ်ကိုင်းလှရွှေထံတွင် ရုပ်ရှင်နှင့် ပတ်သက်သော ဂီတအနုပညာရပ်များကို ဆည်းပူးသည်။ ဤသို့နှင့် စန္ဒရားချစ်ဆွေသည် သွင်၊ ဘုရင့်ရုံ၊ ရာဇ် (ရဲရင့်)၊ ရီဂျင့် (ရှေ့ဆောင်)၊ ဂျမား၊ လွင်လွင်၊ မော် ရုပ်ရှင်ရုံများတွင် လိုက်လံ၍ စန္ဒရားတီးခတ်ခဲ့သည်။ ဤတွင် ဥဩဘသောင်၊ သထုံဘသိန်း၊ ပဲရော့ဘသန်းလေး၊ ကိုသန်းဖေ၊ ကိုစောလှိုင်၊ တေးလုလင်ရဲနောင်၊ ကိုသန်းတင်၊ ကိုနီ၊ စိန်ပါတီ၊ ဟင်္သာကြည်၊ ဒေါ်နု၊ ဒဂုန်ခင်၊ ခင်ခင်ညွန့်၊ ရွှေမြိုင်ကြည် စသည့် ဂီတအနုပညာရှင်များနှင့် တွဲဖက်လုပ်ကိုင်ခဲ့၍ ဂီတပညာရပ်များကို လေ့လာသင်ကြားခွင့် ရခဲ့သည်။


ချိုတေးရှင်၊ လေလှိုင်းသံ၊ တေးဗိမာန် တူရိယာအဖွဲ့များတွင် စန္ဒရားတီးသည်။

ရေးသား သီဆိုခဲ့သော သီချင်းများ

ခေါင်းစဉ် တေးရေး တေးဆို မှတ်ချက်
အင်းယား အမှာတော်ပုံ [3] ကိုမြတ်လေး စန္ဒရား ချစ်ဆွေ
ခက်ခက်ကိုမှ လိုချင်တယ် စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
စိတ်တိုင်းကျဖြစ်ရစေမယ်
ချစ်အား ငယ်ရသူမယ် စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
ချောကလျာ
ချစ်သူ ဝေးဝေး မသွားပါနဲ့လား စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
မေတ္တာအသဲလေးများ စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
မေတ္တာနုနု စေလိုသူ
မေတ္တာနုနု စေလာရင်
မုန်းဆက်ဆက်မရွယ် စန္ဒရား ချစ်ဆွေ ထား

စန္ဒရား ချစ်ဆွေ

မုန်းစိတ်မရည်ရွယ် ခင်ယုမေ

စန္ဒယား ချစ်ဆွေ

ချစ်ရင်လဲ ပြုံးပါကွယ် စန္ဒရား ချစ်ဆွေ နွဲ့လေး
ကြယ်ပွင့်ကလေးများ မချစ်ဝံ့ပြီ စန္ဒရား ချစ်ဆွေ ပျဉ်းမနား ကိုမြင့်
ချစ်သံသယစိတ် ဝင်မိတယ် စန္ဒရား ချစ်ဆွေ ကိုတင်လှိုင်
တကမ္ဘာခြားလဲ ချစ်နေမယ် စန္ဒရား ချစ်ဆွေ ကိုမင်းနောင်
ဗေဒါရဲ့ ဗေဒါလမ်း စန္ဒရား ချစ်ဆွေ ခင်ညွန့်ရည်
သဇင်နှစ်ခက်ပြိုင်
မွှေးလွန်းသည့် ပန်း စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
သံသရာခရီးသည် စန္ဒရား ချစ်ဆွေ အောင်လင်း
မေ့ကွက်ကို ရှာ စန္ဒရား ချစ်ဆွေ အောင်လင်း
ချစ်အရိပ် စန္ဒရား ချစ်ဆွေ
အမုန်းခွန်အား ပေးသနားပါ စန္ဒရား ချစ်ဆွေ စန္ဒရား ချစ်ဆွေ
တချစ်ရှာရှာ
မေတ္တာစေကျွန် စန္ဒရား ချစ်ဆွေ
တိမ်တမန် စန္ဒရား ချစ်ဆွေ
မိုး စန္ဒရား ချစ်ဆွေ
ခရေပင်အောက်က ပိတောက်ချစ်သူ စန္ဒရား ချစ်ဆွေ
အလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက်မယ် စန္ဒရား ချစ်ဆွေ
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ စန္ဒရား ချစ်ဆွေ
ပုံပမာ စန္ဒရား ချစ်ဆွေ
ချစ်လိုလျက်နဲ့ ဝေး စန္ဒရား ချစ်ဆွေ
ချစ်ရသည်က အသက်ထက်ဆုံး စန္ဒရား ချစ်ဆွေ
တူတူညီညီ ရီရီပြုံးပြုံး
စိန်ပန်းပြာနဲ့ ဝေးသူရယ်
ဒီမွေးနေ့မင်္ဂလာ
ငြင်းပယ်မှာပဲ စိုးမိတယ် စန္ဒရား ချစ်ဆွေ
ပြန်လည်ဆုံတွေ့ကြမယ် စန္ဒရား ချစ်ဆွေ
မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ စန္ဒရား ချစ်ဆွေ
အိပ်မပျော်သော ညများ စန္ဒရား ချစ်ဆွေ
ပိတောက်လမ်း စန္ဒရား ချစ်ဆွေ

ကိုးကား

  1. ဝန်ဇင်း (၁၉၇၅) "ဂီတအဘိဓာန်"
  2. (၂၀၀၆)စွယ်စုံကျမ်းနှစ်ချုပ်၊ စာ-၁၈၀
  3. မောင်ခင်မင် (ဓနုဖြူ)။ "အင်းယား အမှာတော်ပုံနှင့်အတူ"။ ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း။ အတွဲ ၂၂၊ အမှတ် ၆။ ၂၀၀၈၊ ဇွန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.