ချစ်ဆွေ (သရုပ်ဆောင်)

ချစ်ဆွေ သို့မဟုတ် ချစ်ရွှေ သို့မဟုတ် ရဲခေါင်ချစ်ဆွေ သည် မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်နှင့် စတန့်မင်းသား တစ်ဦး ဖြစ်သည်။[1]

ချစ်ဆွေသည် ပဲခူးတိုင်းပေါက်ခေါင်းမြို့မှ လေးမိုင်ခန့်အကွာတွင် ကျောက်စာတိုင်ရွာ ဇာတိဖြစ်သည်။ အင်္ဂလိပ် လက်ထက်က တစ်ကျွန်းပြန်မိုက်ခဲများအား စာရိတ္တပြုပြင်သည့်စခန်းကို ထိုရွာတွင် ဖွင့်ထားသည်။ ယောက်ဖဖြစ်သူမှာ ထိုစခန်းမှ ရဲအရာရှိဖြစ်ပြီး၊ ချစ်ဆွေသည် အစ်မဖြစ်သူနှင့် လိုက်နေရင်း ချစ်သူရည်းစားကိစ္စ အချင်းများကြရာမှ ရန်ကုန်မြို့သို့ တက်လာခဲ့ပြီး ရုပ်ရှင် နယ်ထဲ ရောက်ရှိလာခဲ့သည်။[1]

ချစ်ဆွေ ရိုက်ကူးခဲ့သောဇာတ်ကားမှာ စိမ်းရွှေရွှေ (ပထမဆုံးဒုတိယခေါင်းဆောင်မင်းသား)၊ ဒွေးညီနောင် (ဒုတိယ ခေါင်းဆောင်မင်းသား)၊ မြဂနိုင် (ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သောဇာတ်ကား)၊ နီလာရောင်ကျားတက်လူရွှေမျက်နှာသတ္တိခဲဘုန်းတော်ရှင်သွေးတစ်စက်ကြင်သက်ဝေစန်းရောင်ရှင်မြခွာညိုမာနရှင်မှိုင်းညိုညိုမင်းအာဏာအောင်မြေအောင်သပြေဖူးစာရှင်အသားမင်းသားစောရင်လေးမြမျက်ချယ် နှင့် ဇွဲ တို့ဖြစ်ပြီး အခြားရိုက်ကူးခဲ့သော ဇာတ်ကားများလည်း ရှိသေးသည်။[2]

ချစ်ဆွေမှာ မြန်မာအဆွေ-အေဝမ်းဖလင် မှ စင်တင်ပေးခဲ့သောမင်းသားဖြစ်ပြီး ချစ်ဆွေနှင့် ရိုက်ကူးခဲ့ သော ရုပ်ရှင် ကုမ္ပဏီများမှာ မြန်မာအဆွေ-အေဝမ်းဖလင်၊ ဗြိတိသျှဘားမား၊ ဇမ္ဗူ့မိတ်ဆွေ၊ သက်နှင်းဘရားသား၊ ပဲရော့ ရုပ်ရှင်နှင့် ရန်ကုန်ရုပ်ရှင်တို့ဖြစ်ကြပြီး မြန်မာအဆွေ-အေဝမ်းဖလင်နှင့် ဇာတ်ကားအများဆုံးရိုက်ကူးခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းချိန်တွင် စစ်ထဲသို့ဝင်ရောက်သွားခဲ့ရာ ရှေ့တန်းတွင် ကျဆုံးသွားခဲ့သည်။

ကိုးကား

  1. ရဲဝံ့စွန့်စား စတန့်မင်းသား ချစ်ဆွေ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန (၄ အောက်တိုဘာ ၂၀၁၃)။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ရဲဝံ့စွန့်စား စတန့်မင်းသား ချစ်ဆွေ (အပိုင်း ၂) သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန (၆ အောက်တိုဘာ ၂၀၁၃)။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.