ချစ်တီး

ချစ်တီး (အင်္ဂလိပ် - Chettiar) ဆိုသည်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း အထူးသဖြင့် တမီးလ်နာဒု ပြည်နယ် နှင့် ကယ်ရာလာပြည်နယ်ရှိ ကုန်သည်၊ စိုက်ပျိုးမွေးမြူရေးသမား၊ မြေရှင် ဇာတ်( အဆင့်အတန်း) တစ်ခုကို ခေါ်ဆိုခြင်း ဖြစ်သည်။ မူရင်းပထမက ဆားကုန်သည်များ ဖြစ်ကြပြီး နောက်ပိုင်းတွင် ငွေကြေးဝန်ဆောင်မှုပေးခြင်း၊ ကုန်ကူးသန်းရောင်းဝယ်ရေး အဆင်ပြေအောင် ဝန်ဆောင်မှုပေးခြင်းများအဖြစ် ထင်ရှားသည်။ ၁၉ ရာစုအစောပိုင်းကာလများတွင် ငွေရေးကြေးရေးသည် ၎င်းတို့၏ အထူးပြုပညာရပ်ဖြစ်လာခဲ့ပြီး လယ်သမားအကြီးစားများကို ငွေကြေးဝန်ဆောင်မှုပေးသူများအဖြစ် နာမည်ကြီးသည်။

ကနာဒုကာသန် ချစ်တီးနာဒု နန်းတော် အဝင်ဝ - ချစ်တီးနာဒု ဗိသုကာလက်ရာ

မြန်မာနိုင်ငံတွင်မူ အင်္ဂလိပ်ခေတ်က ငွေတိုးချေး၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသော အိန္ဒိယလူမျိုးများအား ချစ်တီးကုလားများဟု လူသိများကြသည်။

၁၈၂၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အိန္ဒိယလူမျိုးဗြိတိသျှစစ်သားများ၊ လယ်ယာလုပ်သားများနှင့်အတူ တနင်္သာရီဒေသသို့ အစောဆုံးရောက်ရှိခဲ့သည်။ မော်လမြိုင်တွင် ၁၈၅၀ တွင် ပထမဦးဆုံး ချစ်တီးယားဘဏ်ကို ဖွင့်လှစ်ခဲ့သည်။ ၁၈၆၉ စူးအက်တူးမြောင်း ဖွင့်လှစ်ခြင်းနှင့် ဗမာ့မြေယာဥပဒေ ထုတ်ပြန်ခြင်းတို့နှင့်အတူ ၎င်းတို့၏ကဏ္ဍ ပိုမိုအရေးပါလာခဲ့သည်။ ၁၉၀၀ ရာစုမပြည့်ခင်အချိန်တွင် မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ခဲ့သည်။

ချစ်တီးဘဏ်လုပ်ငန်းလုပ်ကိုင်ပုံ

ဗမာနိုင်ငံတွင် ချစ်တီးများသည် ဘဏ်လုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းတော်တော်များများကို လုပ်ကိုင်ခဲ့သည်။ ၎င်းတို့သည် ငွေချေးခြင်း၊ အပ်ငွေလက်ခံခြင်း၊ ငွေလွဲခြင်း၊ ချက်လက်မှတ်များ လဲလှယ်ပေးခြင်း၊ နိုင်ငံခြားငွေ လဲလှယ်ပေးခြင်း၊ ရွှေအရောင်းအဝယ်လုပ်ခြင်းနှင့် အဖိုးတန်ပစ္စည်းများကို လုံခြုံစွာသိမ်းဆည်းပေးခြင်း လုပ်ငန်းများ လုပ်ကိုင်ပါသည်။ ၎င်းတို့သည် စိုက်ပျိုးရေးနှင့် လယ်လုပ်ငန်းလုပ်သူများအတွက် တနေရာတည်းဝန်ဆောင်မှုအဖြစ် ငွေရေးကြေးရေးလုပ်ငန်းများကို လုပ်ကိုင်ပါသည်။

ချစ်တီးများ ဩဇာကျဆင်းပုံ

၁၉၃၀ ခုနှစ်များမှာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်ချိန်တွင် ချစ်တီးများ၏ ဗမာပြည်အပေါ် ဩဇာကျဆင်းချိန်ရောက်ပါသည်။ စီးပွားပျက်ကပ်ကြောင့် ဗမာပြည်မှ ဆန်စပါးဈေးကွက်လဲ ပြိုကွဲကာ ၁၉၂၆တွင် စပါးတစ်တင်းလျှင် ၂၀၂ ရူပီးရှိခဲ့ရာမှ ၁၉၃၃တွင် ၆၄ ရူပီးထိ ကျဆင်းသွားခဲ့သည်။ အဆိုပါ ကွင်းဆက်များ၏ အကျိုးဆက်များအဖြစ် လယ်သမားအများစုထံတွင် ငွေကြေးမြုတ်နှံထားသော ချစ်တီးများအပေါ် တည့်တည့်မှန်လေသည်။ လယ်သမားများ စီးပွားရေးမကောင်းချိန်တွင် အတိုးများမပေးနိုင်ခြင်း အရင်းငွေများ ပြန်မဆပ်နိုင်ခြင်းတို့ကြောင့် ထိုအချိန်တွင် အများဆုံးပေါင်ဖြစ်သော လယ်ယာမြေများကို သိမ်းရန်သာ ကျန်တော့သည်။ လယ်သမားများ၏ ဒေါသအဝဝနှင့် နိုင်ငံခြားသားဆန့်ကျင့်ရေး အမျိုးသားရေးသမားတို့၏ အပြစ်ပုံချစရာအဖြစ် ချစ်တီးများရောက်လေ၏။ ထို့ကြောင့် မည်ကဲ့သို့ပင် မြန်မာ့ဆန်စပါးလုပ်ငန်းအတွက် အစကောင်းခဲ့စေကာမူ စီးပွားရေးပျက်ကပ်နှင့် အမျိုးသားရေးသမားတို့၏ ထိုးနှက်လာခဲ့မှုကြောင့် ချစ်တီးများ ၂၁ရာစု အစောပိုင်း၏လူကြမ်းများဘဝနှင့် ဇာတ်သိမ်းခဲ့သည်။

ဗမာပြည် လွတ်လပ်ရေးရပြီး ၁၉၄၈ နှောင်းပိုင်းတွင် ချစ်တီးများကို အဆိုပါ ငွေရေးကြေးရေးအလုပ်ဆက်လက် လုပ်ကိုင်ခွင့် မပေးတော့ချေ။

ချစ်တီးများ ချေးငွေအတိုးကောက်ခံပုံ

ချေးငွေအမျိုးအစား တနှစ်စာ အတိုး
မြေနှင့် ရွေ့ပြောင်းမရသော အပေါင်ပစ္စည်းများ ၉-၁၅%
ရွှေနှင့် အဖိုးတန်ရတနာများ ၁၂-၁၅%
အာမခံပစ္စည်းပါဝင်သော စာချုပ်နှင့်ချေးငွေ ၁၂-၁၅%
အာမခံပစ္စည်းမဲ့ စာချုပ်နှင့် ချေးငွေ ၁၈-၂၄%

ကိုးကား

    Fiery dragons : banks, moneylenders and microfinance in Burma, Sean Turnell, 2009

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.