ချစ်သုဝေ

ချစ်သုဝေ (၁၉၈၄ ခု၊ ဩဂုတ်လ ၁၀ မွေး) သည် မြန်မာ သရုပ်ဆောင်နှင့် အဆိုတော် တစ်ဦးဖြစ်သည်။

ချစ်သုဝေ
မွေးဖွားမြန်မာနိုင်ငံ
အခြား အမည်များထရီဇာ
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်
အိမ်ထောင်ဖက်(များ)လင်းလင်း (m. 2014)
သားသမီးမေမြန်မာသစ်
မေမြန်မာခေတ်

ငယ်ဘဝ

၁၉၈၄ ခု၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ဦးဇော်ဝင်း၊ ဒေါ်ဒီဒီတို့မှ ရန်ကုန်၌ မွေးသည်။ ညီအစ်မ ၂ ယောက်ရှိပြီး အစ်မမှာ ချစ်ဆုဝေ ဖြစ်သည်။ အမည်ရင်းမှာ ထရီဇာလီလီယန်ဇော်ဝင်း ဖြစ်သည်။ မိဘများနည်းတူ ရိုမန်ကက်သလစ် ဘာသာကို ကိုးကွယ်သည်။

ဆေးတက္ကသိုလ် ၂ ရန်ကုန် မှ ဆရာဝန်ဘွဲ့ ရသော်လည်း ဆရာဝန်အလုပ်ကို စွန့်ကာ အနုပညာဘဝကို ခံယူလိုက်သူ ဖြစ်သည်။

အနုပညာ လှုပ်ရှားမှု

တေးစီးရီးများ

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
တရှိုက်မက်မက်
တိမ်တွေနေတဲ့ အရပ် ၂၀၁၀
မီးအိမ်ကဗျာ

ပါဝင်သော ဇာတ်ကားများ

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ မှတ်ချက်
ငယ်သူမို့ မသိပါ ၂၀၀၉

လူမှုရေး လှုပ်ရှားမှု

၂၀၁၂ ခုတွင် စားသုံးသူကာကွယ်ရေးအသင်းတွင် အသင်းဝင် ဖြစ်လာသည်။ မြန်မာ မသန်မစွမ်းသူများအသင်း၏ ကိုယ်စားလှယ်အဖြစ် ၂၀၁၃ ခုတွင် ရွေးချယ်ခံရသည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အသိပညာပေးအစီအစဉ်များ၊ ဆပ်ပြာနှင့် လက်ဆေးကာ ရောဂါကာကွယ်ရန် တိုက်တွန်းမှုများ လုပ်ခဲ့သည်။

နိုင်ငံရေး လှုပ်ရှားမှု

၂၀၁၂ ခု၊ ရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား မဲပေးရန် နိုးဆော်သည့် ပွဲလမ်းများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။

မိသားစုဘဝ

အဆိုတော် လင်းလင်းနှင့် ၂၀၁၄ ခု၊ ဇန်နဝါရီလ ၃၁ ရက်တွင် လက်ထပ်ရာ ၂၀၁၇ ခုတွင် ခေတ် (မေမြန်မာခေတ်) နှင့် သစ် (မေမြန်မာသစ်) ဟူသော သမီးမွှာ ရသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.