ချာကိုယဉ်ကျေးမှု အမျိုးသား သမိုင်းဝင် ဥယျာဉ်

ချာကိုယဉ်ကျေးမှု အမျိုးသား သမိုင်းဝင် ဥယျာဉ် သည် အမေရိကန်ပြည်ထောင်စုမှ အမျိုးသားသမိုင်းဆိုင်ရာ ဥယျာဉ်တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် တည်ရှိကာ စပိန်တို့တည်ထောင်ခဲ့သော ပျူဘလိုမြို့ရွာများ စုစည်းနေသော နေရာ ဖြစ်သည်။​ ထိုဥယျာဉ်သည် နယူးမက္ကဆီကိုပြည်နယ်၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး အယ်လ်ဘူကွာကွေး နှင့် ဖာမင်တန်မြို့နှစ်မြို့ကြား ချာကိုလမ်းဖြတ်ဖြင့် ပိုင်းခြားထားသော ဝေးလံခေါင်းပါးသော ချောက်အတွင်းတွင် တည်ရှိသည်။ မက္ကဆီကိုနိုင်ငံမြောက်ဘက်တွင် ရှေးဟောင်းအပျက်အစီးအများဆုံး စုဝေးရာဒေသဖြစ်ပြီး ထိုဥယျာဉ်အတွင်းတွင် ကိုလံဘီယာခေတ်မတိုင်မီက အမေရိကန်ပြည်ထောင်စုအတွင်း ယဉ်ကျေးမှုနှင့် သမိုင်းအရ အရေးအပါဆုံးဖြစ်သော အပျက်အစီးများကို ထိန်းသိမ်း ထားသည်။[1]

ချာကိုယဉ်ကျေးမှု*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အမေရိကန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii
ကိုးကား ၃၅၃
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၇  (၁၁ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

အေဒီ ၉၀၀ နှင့် ၁၁၅၀ ကြားတွင် ချာကိုချောက်ကမ်းပါးသည် ပျူဘလိုရန် ဘိုးစဉ်ဘောင်ဆက်များအတွက် အဓိက ယဉ်ကျေးမှု ဗဟိုဌာန ဖြစ်ခဲ့သည်။ချာကိုသား တို့သည် အလွန်ဝေးကွာသော နေရာမှ သဲကျောက်တုံးများကို ထုတ်ယူခဲ့ကြပြီး သစ်များကိုလည်း ဆွဲယူခဲ့ကြကာ မြောက်အမေရိကတွင် ၁၉ ရာစု အထိ အကြီးဆုံးဖြစ်သည့် အဓိက အဆောက်အဦး အစုအဝေး ၁၅ ခုကို တည်ဆောက်ခဲ့ကြသည်။[1][2] ရှေးဟောင်းနက္ခတ္တဗေဒ လေ့လာမှုများ ပြုလုပ်ခဲ့ကြကြောင်း ဆွေးနွေးခဲ့သူများ ရှိကြပြီး ဖာဂျာဒါတောင်ကုန်းစောက်တွင် တည်ရှိသော နေဓားရှည် ပုံ​ကျောက်ထွင်းလက်ရာမှာ လူသိများသော ဥပမာတစ်ခု ဖြစ်သည်။ ချာကိုတို့၏ အဆောက်အဦး အများအပြားမှာ နေသွားလမ်း နှင့် လသွားလမ်းတို့ကို ဖမ်းယူရန် တည့်မတ် တည်ဆောက်ထားခဲ့ကြပြီး [3] ထိုသို့ တည်ဆောက်ရန် မျိုးဆက်ပေါင်းများစွာသော နက္ခတ္တဗေဒဆိုင်ရာ လေ့လာမှုများ နှင့် ရာစုနှစ်ပေါင်းများစွာ တိုင်အောင် ပေါင်းစည်းညှိနှိုင်းသော တည်ဆောက်ရေး ရှိရန် လိုအပ်ပေသည်။.[4] ရာသီဥတုပြောင်းလဲမှုသည် ချာကိုတို့ ထိုနေရာမှ ရွှေ့ပြောင်းသွားရခြင်း ၏ အကြောင်းဖြစ်သည်ဟုနောက်ဆုံးတွင် ချောက်နေရာကို စွန့်ပစ်သွားခဲ့ကြသည်ဟု ယူဆကြသည်။​၁၁၃၀ တွင် စတင်သော နှစ် ၅၀ မျှသော မိုးခေါင်ရေရှားမှုကြောင့် ဖြစ်သည်။[5]

ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ပါဝင်သော ဒေသမှာ မိုးခေါင်ရေရှားပြီး လူဦးရေကျဲပါးသော ထောင့်စွန်းလေးခု ဒေသတွင် တည်ရှိသဖြင့် ချာကိုယဉ်ကျေးမှု ဒေသမှ ထိရှလွယ်သည်။ ခရီးသွားတို့ကြောင့် ဖြစ်ပေါ်သော မြေတိုက်စားမှုကို စိုးရိမ်သဖြင့် ဖာဂျာဒါတောင်ကုန်းစောက်ကို အများပြည်သူ လည်ပတ်ခွင့် မပြုပဲ​ ပိတ်ထားခဲ့သည်။ ထိုဒေသများသည် ဟိုပီ နှင့် ပျူဘလို လူမျိုးတို့၏ မြင့်မြင်သော ဘိုးစဉ်ဘောင်ဆက် ဇာတိမြေဟု ယူဆကြပြီး ချာကိုမှ သမိုင်းဝင် ပြောင်းရွှေ့ခဲ့မှု နှင့် ထိုမြေနှင့် စိတ်ဝိဉာဉ်ဆိုင်ရာ ဆက်နွယ်မှု ရှိကြောင်း သူတို့တွင် ပါးစပ်ပြော ရာဇဝင် ရှိသည်။​[6][7] ထိုဥယျာဉ်အား ထိန်းသိမ်းရန် ကြိုးပမ်းခြင်းသည် ဒေသခံတို့၏ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများ နှင့် ပဋိပက္ခဖြစ်နိုင်သော်လည်း လူမျိုးစု ကိုယ်စားလှယ်တို့သည် အမျိုးသားဥယျာဉ်ဝန်ဆောင်မှု ဌာနနှင့် နီးစပ်စွာ အလုပ်လုပ်ကြပြီး ချာကို ယဉ်ကျေးမှုနှင့် ပတ်သက်သော သူတို့၏ ဗဟုသုတနှင့် လေးစားမှုများကို ဝေမျှလေ့ ရှိကြသည်။[6]

ထိုဒေသသည် နယူးမက္ကဆီကိုပြည်နယ်၏ ရှေးဟောင်းလမ်းကြောင်း သတ်မှတ်ထားသော ဒေသတွင် တည်ရှိပြီး နယူးမက္ကဆီကို၏ ရှုခင်းလှသော လမ်းကြောင်းတစ်ခု အဖြစ် သတ်မှတ်ထားသည်။[8]


'

ကိုးကား

  1. Strutin 1994, p. 6.
  2. Fagan 2005, p. 35.
  3. Fagan 1998, pp. 177–182.
  4. Sofaer 1997.
  5. Fagan 2005, p. 198.
  6. National Park Service.
  7. Sofaer & Dibble 1999.
  8. Trail of the Ancients. Archived August 21, 2014, at the Wayback Machine. New Mexico Tourism Department. Retrieved August 14, 2014.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.