ခွဲစိတ်ဆရာဝန်

ဆေးပညာနယ်ပယ်တွင် ခွဲစိတ်ဆရာဝန် ဆိုသည်မှာ ခွဲစိတ်ကုပညာတွင် အထူးပြုသောသူ ဖြစ်သည်။ ခွဲစိတ်ကုပညာတွင် အလွန်ကျယ်ပြန့်သော ခွဲစိတ်ကုသခြင်းများပါဝင်ပြီး လူ သို့မဟုတ် တိရိစ္ဆာန်၏ ခန္ဓာကိုယ်ကို ခွဲစိတ်ခြင်းဖြင့် ရောဂါဖြစ်နေသော တစ်သျှူး အပိုင်းအစကို ဖယ်ထုတ်ခြင်း သို့မဟုတ် ကွဲနေသော နေရာများကို ပြန်လည် ဆက်စပ်ခြင်း စသည်တို့ကို ပြုလုပ်ရန် ဖြစ်သည်။။ ခွဲစိတ်ဆရာဝန် များတွင် သမားတော်ကြီးများ၊ သွားဆရာဝန်များ၊ တိရိစ္ဆာန်ကုဆရာဝန်များ ပါဝင်သည်။

ခွဲစိတ်ဆရာဝန်
ခွဲစိတ်ခန်းအတွင်းမှ ခွဲစိတ်ဆရာဝန်များ
အလုပ်အကိုင်
အမျိုးအစား ပရော်ဖက်ရှင်
ပါဝင်လှုပ်ရှားသည့် နယ်ပယ် ဆေးပညာ
ဖွင့်ဆိုချက်
လိုအပ်သော ပညာအရည်အချင်း ဆေးပညာဘွဲ့
လုပ်ငန်းခွင် ဆေးရုံများ
သက်ဆိုင်သော အလုပ်အကိုင်များ ဆရာဝန်

အထူးပြုနှင့် ဆက်စပ်သော ပညာရပ်များ

  • နှလုံးခွဲစိတ်မှုပညာ (Cardiac surgery)
  • အစာလမ်းကြောင်း ခွဲစိတ်မှုပညာ (Gastrointestinal Surgery)
  • အသည်း၊ သည်းခြေလမ်းကြောင်းနှင့် ပန်ကရိယ ခွဲစိတ်မှုပညာ (Hepatobiliary and Pancreas Surgery)
  • သွားခွဲစိတ်မှုပညာ (Dental surgery)
  • ဦးခေါင်း၊လည်ပင်း၊ မျက်နှာနှင့် ခံတွင်း ခွဲစိတ်မှုပညာ (Oral and maxillofacial surgery)
  • အစားထိုး ခွဲစိတ်မှု ပညာ (Transplant surgery)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.