ဂရမ်မီဆု

ဂရမ်မီဆုသည် အမေရိကန် အမျိုးသား တေးသံသွင်း အကယ်ဒမီအဖွဲ့အစည်းမှ တေးဂီတလောကအတွင်း ထူးချွန်ပြောင်မြောက်သူများအား နှစ်စဉ် ချီးမြှင့်ပေးအပ်သည့် ဆုဖြစ်သည်။ ဂရမ်မီဆုကို ၁၉၅၈ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ၁၉၅၉ ခုနှစ်မှစ၍ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှစကာ အစီအစဉ်ကို တိုက်ရိုက် ထုတ်လွှင့်လာသည်။ ဂရမ်မီဆုသည် ရုပ်ရှင်နယ်ပယ်တွင်ထူးချွန်သော အသိပညာရှင်အတတ်ပညာရှင်များကို ချီးမြှင့်သော အကယ်ဒမီဆု (အော်စကာဆု ဟုလည်းခေါ်ကြသည်)၊ ရုပ်မြင်သံကြားတွင်ထုတ်လွှင့်သော ဇာတ်လမ်းတွဲနှင့် အစီအစဉ်များတွင် ထူးချွန်သူများကို ချီးမြှင့်သော အမ်မီဆု နှင့် ပြဇာတ်၊ သဘင်နှင့် စင်မြင့်ထက်တွင် ထူးချွန်သော ပညာရှင်များကိုချီးမြှင့်သည့် တိုနီဆု များကဲ့သို့ပင် ဂီတလောကတွင်လည်း အမြင့်ဆုံးသော ထူးချွန်ဆုပင်ဖြစ်သည်။

Grammy Awards
58th Annual Grammy Awards
ဆုပေးအပ်ခြင်းအကြောင်းဂီတနယ်ပယ်တွင် အမြင့်ဆုံးသော အောင်မြင်မှုပန်းတိုင်
ဆုတံဆိပ်ပေးအပ်သူNational Academy of Recording Arts and Sciences
နိုင်ငံ အမေရိကန်
ပထမဆုံးဆုတံဆိပ်၁၉၅၉ ခုနှစ်
ဝက်ဘ်ဆိုဒ်grammy.com
ရိုက်မြင်သံကြား ဖုံးလွှမ်းမှု
ရုပ်သံလိုင်းNBC (၁၉၅၉–၁၉၇၀)
American Broadcasting Company (၁၉၇၁–၁၉၇၂)
CBS (၁၉၇၃–လက်ရှိ)

ပထမဦးဆုံးသော ဂရမ်မီဆုချီးမြှင့်ပွဲကို ၁၉၅၉ခုနှစ် မေလ ၄ရက်နေ့တွင် ကျင်းပခဲ့ပြီး ၁၉၅၈ခုနှစ်အတွင်း ထွက်ရှိခဲ့သော သီချင်းနှင့်အယ်လ်ဘမ်များကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဂရမ်မီဆုကိုချီးမြှင့်ပေးအပ်သော NARAS အဖွဲ့ကြီးက ဂရမ်မီဆု၏ဆုစာရင်းများကို ၂၀၁၂ခုနှစ်တွင် အကြီးစားပြင်ဆင်မှုများပြုလုပ်ခဲ့သည်။ ဂရမ်မီဆုချီးမြှင့်ပွဲအခမ်းအနားများတွင် ထိုဆုပေးပွဲတွင် ဆန်ကာတင်ဆုစာရင်းဝင်သောအနုပညာရှင်များ၊ ထိုနှစ်အတွင်း တေးသီချင်းထွက်ရှိထားသော လူကြိုက်များသည့်အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေလေ့ရှိကြသည်။ ၅၈ကြိမ်မြောက်ဂရမ်မီဆုချီးမြှင့်ပွဲကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့ စတေပယ်လ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂရမ်မီဆုသည် NARAS အဖွဲ့ကြီး၏ ဂရမ်မီဆုချီးမြှင့်ရေးအဖွဲ့ဝင်များက မဲပေးရွေးချယ်ထားခြင်းဖြစ်ပြီး တေးသီချင်းနှင့်အယ်လ်ဘမ်များ၏ ရောင်းအားနှင့်မသက်ဆိုင်ပေ။ ဂရမ်မီဆု၏ ၅၈နှစ်တာသမိုင်းကြောင်းတစ်လျှောက်တွင် ဆုအများဆုံးရရှိထားသူမှာ ဆာဂျော့ချ်ဆောလ်တီဖြစ်ပြီး ဂရမ်မီဆု ၃၁ ဆုရရှိထားသည်။ အမျိုးသမီးများတွင် တေးသံရှင် အယ်လ်လီဆန်ကရော့စ်က ၂၇ ဆုဖြင့် အများဆုံးရရှိထားကာ ဂီတအဖွဲ့များတွင် U2 အဖွဲ့က ၂၂ ဆုဖြင့် အများဆုံးရရှိထားသည်။

တေလာဆွစ်ဖ်(Taylor Swift) သည် ၂၀၁၆ Grammy ဆုပေးပွဲတွင် 1989 Album ဖြင့် တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ် (Album of the year) ကိုရရှိခဲ့​သောကြောင့် သမိုင်းတစ်လျှောက် တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ် (Album of the year) ဆုကို ၂ကြိမ်ရဖူးသူဖြစ်လာသည် သူမသည် ၂၀၁၀ Grammy ဆုပေးပွဲတွင် (Album of the year) ကို Fearless ဖြင့်ရဖူးသောကြောင့်ဖြစ်သည် ၂၀၁၇ တွင် အဒဲလ် (Adele) သည်တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ် (Album of the year) ကို 25 Album ဖြင့် ရသောကြောင့် တေလာ (Taylor) နဲ့ စံချိန်တူသွားသည် သူမသည်လည်း ၂၀၁၂ တွင် 21 Album ဖြင့် Album of the year ရဖူးသူဖြစ်သည်

[Category:ဆုတံဆိပ်များ‏‎]]

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.