ဂိုဘင်ဒ် ဆင်းဂ်
ဂိုဘင်ဒ် ဆင်းဂ် (Guru Gobind Singh) ၁၆၆၆-ခုနှစ်၌ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ပတ္တနာမြို့တွင် မွေးဖွားသည်။ ဂိုဘင်ဒ် ဆင်းဂ်သည် နဝမမြောက် ဂုရု ဒန်းဂ် ဗဟာဒူး၏သားဖြစ်သည်။ ဂုရုဂိုဘင်ဒ် ဆင်းဂ် သည် ကောင်းစွာပညာသင်ကြားခဲ့ရသော ပညာတတ်ကြီးတစ်ယောက်ဖြစ်သည်။ ကိုယ်ခံပညာကို ကောင်းစွာ လေ့ကျင့်တတ်မြောက်ထားသည်။ သူသည် အလွန်ရက်ရောပြီး ကြင်နာတတ်သော သဘာဝလည်း ရှိသည်။ ဆစ်ခ်များက သူ့အား စံပြလူသားတစ်ယောက်အဖြစ် သဘောထားကြသည်။ ၁၆၉၉-ခုနှစ်က အနန်ပါ၌ ကျင်းပသော ဘေစကီပွဲတော်သို့ ဆစ်ခ်များ စုရုံးရောက်ရှိလာကြသည်။ ဂုရုဂိုဘင်ဒ် ဆင်းဂ်က သူတို့၏ ယုံကြည်မှုအတွက် သူတို့၏အသက်ကို စွန့်လွှတ်ဖို့အသင့်ရှိနေသော ဆစ်ခ် (၅)ဦး တောင်းဆိုသည်။ လူငါးယောက် ဘော်လံတီယာ လုပ်ကြသည်။ ဆန္ဒအလျောက် ထွက်လာကြသည်။ သို့သော် သူတို့အား ဂုရုဂိုဘင်ဒ် ဆင်းဂ်က သူတို့ကို ချီးမြှင့်မှု ပုံစံသစ်တစ်ခုဖြင့် ခါလ်ဆာ (Khalsa) အဖွဲ့ထဲသို့ သွတ်သွင်းလိုက်သည်။ *(ခါလ်ဆာအဖွဲ့မှာ အရာခပ်သိမ်း၌ ဂုရုကြီး၏ စကားကို နာခံပါမည်ဟု သစ္စာပြုထားသော ညီအစ်ကိုသဖွယ် ရဲဘော်အဖွဲ့ဖြစ်သည်။) နောက်ထပ် လူအမြောက်အများကိုလည်း ထိုအဖွဲ့ထဲသို့ သွတ်သွင်းပေးခဲ့သည်။ [7]
Guru Gobind Singh | |
---|---|
![]() Coin depicting Guru Gobind Singh from 1747 CE | |
ဘာသာ | Sikhism |
ကျော်ကြားမှု |
Wrote the following :
Fought the following Battles :
|
အခြားအမည်များ | Tenth Nanak[2] |
ပုဂ္ဂိုလ်ရေးရာ | |
မွေးဖွား | Gobind Rai 22 December 1666[3] Patna Sahib (Present day Patna, Bihar, India) |
ကွယ်လွန် | ၇ အောက်တိုဘာ၊ ၁၇၀၈ ၄၁) Hazur Sahib Nanded (Present day Nanded, Maharashtra) | (အသက်
ကွယ်လွန်ရသည့် အကြောင်းရင်း | Assassination by Jamshed Khan and Wasil Beg[4][5] |
အိမ်ထောင်ဖက် | Mata Jito, Mata Sundari and Mata Sahib Devan[6] |
သားသမီး |
|
မိဘ |
|
ရာထူး တာဝန် | |
ယခင် | Guru Tegh Bahadur |
ဆက်ခံ | Guru Granth Sahib |
ကိုးကား
- Pashaura Singh; Louis E. Fenech (2014)။ The Oxford Handbook of Sikh Studies။ Oxford University Press။ p. 311။ ISBN 978-0-19-969930-8။
- ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိ အဘိဓာန် (ဒုတိယတွဲ) မောင်မောင်ထွန်း ပြန်ဆိုပြုစုသည်။ ၂၀၁၅ (ပထမအကြိမ်)၊ စာ-၃၈၁