ဂိုရီးခရိုင်

ဂိုရီးကျွန်းသည် ဆီနီဂေါနိုင်ငံ ဒါကာမြို့၏ ခရိုင် ၁၉ ခုထဲမှ တစ်ခုဖြစ်သည်။ ဒါကာမြို့ အဓိက ဆိပ်ကမ်းမှ ၁.၂ မိုင် (၂ ကီလိုမီတာ) အကွာတွင် တည်ရှိသော ၄၅ ဧက (၁၈.၂ ဟက်တာ)မျှ ကျယ်ဝန်းသော ကျွန်းတစ်ခု ဖြစ်သည်။

ဂိုရီးကျွန်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဆီနီဂေါ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း vi
ကိုးကား ၂၆
ဒေသ** အာဖရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၈  (ဒုတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

၂၀၁၃ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၁,၆၈၀ ဦး ရှိသဖြင့် လူဦးရေ သိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၅,၈၀၂ ဦး ရှိသဖြင့် ဒါကာမြို့ လူဦးရေ သိပ်သည်းမှု၏ တစ်ဝက်မျှသာ ရှိသည်။ ဂိုရီးသည် ဒါကာရှိ ခရိုင် ၁၉ ခုတွင် အသေးဆုံး နှင့် လူဦးရေ သိပ်သည်းမှု အနည်းဆုံး ခရိုင်တစ်ခု ဖြစ်သည်။

ဂိုရီးကျွန်းသည် အတ္တလန္တိတ် ကျွန်ရောင်းဝယ်ရေး သမိုင်းကြောင်းအား စိတ်ဝင်စားသူများ အဓိက သွားရောက်ရာ နေရာ တစ်ခု ဖြစ်သည်။ အခြား ကျွန်ရောင်းဝယ်ရေး သမိုင်းတွင် အရေးပါသော နေရာများမှာ မြောက်ဘက်တွင် ရှိသော ဆီနီဂေါနိုင်ငံ တွင်းရှိ စိန့်လူးဝစ်မြို့နှင့် တောင်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံ အဓိက မြစ်များ၏ မြစ်ဝများတွင် ဖြစ်သည်။ [1][2] ယူနက်စကို၏ ကမ္ဘာ့ အမွေခံ နေရာတစ်ခုလည်း ဖြစ်သည်။[3]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.