ဂေါ်မိတ်

ဂေါ်မိတ် (Zircon) သည် စိန်ကိုတုပနိုင်လောက်အောင် ရောင်လက်အား/မီးအား(Dispersion/Fire)ကောင်းလှသည့် တွင်းထွက်ဖြစ်သည်။ မြန်မာတို့ နဝရတ် ကိုးပါးစာရင်းဝင် အဖြစ်နားလည်ကြသည်။ ဓာတုဖွဲ့စည်းမှုမှာ ဇာဂွန်နီယံဆီလီကိတ် ဖြစ်ပြီး မာဆင့် ၇ မှ ၇.၅ ရှိသည်။ ရောင်လက်မှာ ဆီရောင်လက် မှ စိန်ရောင်လက် ထိရှိတတ်ကြသည်။ ပုံဆောင်စနစ်မှာ စတုဂုဏ်စနစ်ဖြစ်ပြီး သိပ်သည်းဆ ၄.၆၈ ရှိသည်။

ဘရာဇီးနိုင်ငံထွက် ဂေါ်မိတ်

ဂုဏ်သတ္တိများ

ဂေါ်မိတ်သည် ရေဒီယိုဓာတ်ကြွသည့် ဂုဏ်သတ္တိအနည်းငယ်ရှိသော်လည်း လူကိုဘေးဥပါဒ်ဖြစ်စေသည်အထိ အန္တရာယ်မရှိပေ။ အရောင်မျိုးကွဲများစွာရှိပြီး အတွေ့ရများသည့်အရောင်များအနက်မှ ရောင်မဲ့၊အဝါရောင် နှင့် အပြာရောင် တို့သာ လူတို့ကနှစ်သက်ကြပြီး လတ်ဝတ်ရတနာအဖြစ် သုံးစွဲကြသည်။ ဂေါ်မိတ်ပြာများသည် များသောအားဖြင့် အပူပေးပြုပြင်ခြင်းဖြင့် အရောင်ပြောင်းထားခြင်းဖြစ်လေ့ရှိပြီး အရောင်မဲ့ဂေါ်မိတ်များကိုမူ စိန်အဖြစ် တုပရန်အတွက် သုံးစွဲကြပါသည်။ ယခုနောက်ဆုံးထွက်ရှိလာသည့် စိန်အတုများမှာ ဂေါ်မိတ်များကိုအောက်ခံထားပြီး စိန်အရည်ဖြင့် လွှမ်းခြုံထားသည့် နည်းပညာကို သုံးစွဲထားကြောင်း တွေ့ရသည်။

ဂေါ်မိတ်သည်လည်း စိန်ကဲ့သို့ပင် လားရာနှင့် မျက်နှာပြင်တို့ပေါ်တွင် မူတည်၍ မာဆင့်ကွာခြားတတ်သည်။ မာကြောသည်မှန်သော်လည်း ကြွပ်ဆတ်သည့်အတွက် ၎င်းတို့ကို သိမ်းဆည်းရာတွင် တစ်ခုနှစ့်တစ်ခုပွတ်တိုက်မှုမရှိစေရန် တစ်ပွင့်ခြင်းစီခွဲ၍ သတိထားသိမ်းဆည်းရပါသည်။

ထွက်ရှိရာဒေသ

မြန်မာသီရိလင်္ကာ နှင့်ထိုင်းနိုင်ငံတို့တွင် အဓိကထွက်ရှိပြီး ကျန်ကမ္ဘာ့ဒေသများတွင်လည်း ထွက်ရှိသည်။

ကျမ်းကိုး

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.