ဂျင်ပို အပြည်ပြည်ဆိုင်ရာလေဆိပ်
ဂျင်ပိုအပြည်ပြည်ဆိုင်ရာလေဆိပ်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အနောက်ပိုင်းတွင်တည်ရှိကာ အင်ချွန်းလေဆိပ်မတိုင်ခင်အထိ ဆိုးလ်မြို့၏အဓိကလေဆိပ် ဖြစ်သည်။
Gimpo International Airport 김포국제공항 金浦國際空港 Gimpo Gukje Gonghang | |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
Domestic Terminal | |||||||||||||||
အချက်အလက်များ | |||||||||||||||
အမျိုးအစား | Public | ||||||||||||||
စီမံကွပ်ကဲသူ | Korea Airports Corporation | ||||||||||||||
ဝန်ဆောင်မှု ဧရိယာ | ဆိုးလ်မြို့ | ||||||||||||||
တည်နေရာ | Gangseo District, Seoul, South Korea | ||||||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
| ||||||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၁၈ မီတာ / ၅၈ ပေ | ||||||||||||||
ကိုဩဒိနိတ် | 37°33′29″N 126°47′26″E | ||||||||||||||
ဝက်ဘ်ဆိုဒ် | [1] | ||||||||||||||
မြေပုံ | |||||||||||||||
GMP GMP | |||||||||||||||
ပြေးလမ်း | |||||||||||||||
| |||||||||||||||
ကိန်းဂဏန်း အချက်အလက်များ (2016) | |||||||||||||||
| |||||||||||||||
Statistics from KAC[2] |
သမိုင်း
လေယာဉ်ပြေးလမ်းကို ၁၉၃၉-၁၉၄၂ ဂျပန်ခေတ်တွင် ဆောက်ခဲ့သည်။
၁၉၅၈တွင် ဂျင်ပိုလေဆိပ်အဖြစ် ပြန်လည်တည်ဆောက်ကာ ယူအီဒိုလေဆိပ်ကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် ဆိုးလ်မြို့၏ အဓိကဝင်ပေါက် ဖြစ်လာသည်။ ၁၉၇၁ တွင် ပြည်ပနှင့် ပြည်တွင်းပေါင်းစပ်ထားသော ဂိတ်အသစ်ကို ဖွင့်လှစ်ခဲ့သည်။ ၁၉၇၇ တွင် ဂိတ်အသစ် ဆောက်လုပ်ပြီး၍ အဟောင်းကို ပြည်တွင်းအတွက်သာ ထားခဲ့သည်။ မကြာမီ ပြည်ပဂိတ်(၂)အသစ်ကို အိုလံပစ်အတွက် ဖွင့်လှစ်ခဲ့သည်။
သို့သော် လေယာဉ်များအတွက် နေရာအခက်အခဲဖြစ်လာသည်။ ၁၉၈၀တွင် ထပ်မံတိုးချဲ့ရန် မြေနေရာမရှိတော့၍ ပြဿနာများစွာ ရှိခဲ့သည်။ အဓိကပြဿနာတစ်ခုမှာ ညမထွက်ရအမိန့်ကြောင့် ဆိုက်ရောက်၊ ထွက်ခွာများ တင်းကျပ်ခဲ့သည်။
ထို့ကြောင့် အစိုးရအနေဖြင့် လေဆိပ်အသစ်ကို တည်ဆောက်ခဲ့သည်။ လေဆိပ်အသစ်အတွက် နေရာများစွာရွေးခဲ့ပြီး နောက်ဆုံးတွင် အင်ချွန်းမြို့ ရန်ဂျူးကျွန်းပေါ်တွင် တည်ဆောက်ခဲ့သည်။ ၂၀၀၁ တွင် ထိုအင်ချွန်းလေဆိပ်ဖွင့်အပြီး နိုင်ငံတကာလေကြောင်းလိုင်းအားလုံး ပြောင်းသွားကာ ဂျင်ပိုမှာ ပြည်တွင်းဂိတ်သာ ကျန်ခဲ့သည်။
သို့သော် ၂၀၀၃တွင် ဂျပန်နိုင်ငံ ဟန်ဒါလေဆိပ်သို့ ပြေးဆွဲခဲ့သည်။ ထိုစဉ်မှစ၍ အိမ်နီးချင်းနိုင်ငံများသို့ နိုင်ငံတကာခရီးစဉ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့သည်။
ဂိတ် ၃ ခုလုံး ခေတ်မမှီတော့၍ ပြုပြင်ရန် မာစတာပလန် ရေးဆွဲခဲ့ကြသည်။ ၂၀၁၇ တွင် ပြီးခဲ့သည်။
ယခုတွင် လေယာဉ်ပြေးလမ်း ၂ ခုရှိကာ ခရီးသည်ဂိတ် ၂ ခု၊ ကုန်ဂိတ် ၁ ခုတို့ ရှိသည်။
လေကြောင်းလိုင်းများ
ပြည်တွင်း
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ |
---|---|
Air Busan | Busan, Daegu, Jeju, Ulsan |
Asiana Airlines | Gwangju, Jeju, Yeosu |
Eastar Jet | Busan, Jeju |
Jin Air | Jeju |
Korean Air | Busan, Jeju, Pohang, Sacheon, Ulsan, Yeosu |
T'way Airlines | Jeju |
ပြည်ပ
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ |
---|---|
Air China | Beijing–Capital |
All Nippon Airways | Tokyo–Haneda |
Asiana Airlines | Beijing–Capital, Osaka–Kansai, Shanghai–Hongqiao, Tokyo–Haneda |
China Airlines | Taipei–Songshan |
China Eastern Airlines | Shanghai–Hongqiao |
China Eastern Airlines operated by Shanghai Airlines | Shanghai–Hongqiao |
China Southern Airlines | Beijing–Capital |
Eastar Jet | Taipei–Songshan |
EVA Air | Taipei–Songshan |
Japan Airlines | Tokyo–Haneda |
Jeju Air | Osaka–Kansai |
Korean Air | Beijing–Capital, Osaka–Kansai, Shanghai–Hongqiao, Tokyo–Haneda |
T'way Airlines | Taipei–Songshan |
ကုန်
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ |
---|---|
Air China Cargo | Beijing–Capital |
ANA Cargo | Tokyo–Haneda |
Asiana Cargo | Beijing–Capital, Osaka–Kansai, Shanghai–Hongqiao, Tokyo–Haneda |
China Airlines Cargo | Taipei–Songshan |
China Cargo Airlines | Shanghai–Hongqiao |
China Southern Cargo | Beijing–Capital |
EVA Air Cargo | Taipei–Songshan |
Korean Air Cargo | Beijing–Capital, Cheongju, Osaka–Kansai, Shanghai–Hongqiao, Tokyo–Haneda |
အချက်အလက်များ
မြေပြင်ဆက်သွယ်ရေး
ရထား
၂၀၀၇ မတ်လ၂၃ တွင် အဲရက် လေဆိပ်ရထားမှ အင်ချွန်းလေဆိပ်၊ ၂၀၁၀ ဒီဇင်လာတွင် ဆိုလ်းဘူတာတို့နှင့် ဆက်သွယ်ထားသည်။ ဂန်းနမ်သို့လည်း မြေအောက်ရထားလိုင်း အမှတ် ၉ နှင့်ဆက်သွယ်ထားသည်။
ကိုးကား
- Gimpo International Airport. Airport.co.kr. Retrieved on 24 August 2013.
- Archived copy။ 20 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-03-18 တွင် ပြန်စစ်ပြီး။