ဂျမ်ရှိ ဗလီမျှော်စင်

ဂျမ်ရှိ ဗလီမျှော်စင် သည် အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။ ၎င်းသည် ဝေးလံခေါင်းပါးပြီး သွားလာရန် ခက်ခဲသော ဂေါပြည်နယ်၊ ရှားရက်ခရိုင် ရှိ ဟာရီမြစ်နံဘေးတွင် တည်ရှိသည်။ ၆၅-မီတာ (၂၁၃-ပေ)[1] or ၆၂-မီတာ (၂၀၃-ပေ) မြင့်သော ဗလီမျှော်စင်[2] အား ၁၁၉၀ ခုနှစ် ခန့်တွင် တည်ဆောက်ခဲ့ပြီး ဖုတ်ထားသော အုတ်များဖြင့်သာ တည်ဆောက်ထားကာ ရှုပ်ထွေးသော အုတ်၊ သရွတ်နု နှင့် စဉ့်ရည်သုတ်ပြားများဖြင့် အလှဆင်ထားခြင်းကြောင့် ကျော်ကြားသည်။ ကူဖစ် နှင့် နပ်စခီ လက်ရေးအလှများ၊ ဂျီဩမေတြီ ပုံစံများ နှင့် ကိုရမ်ကျမ်းမှ စာပိုဒ်များ ပါဝင်သည်။ ၂၀၀၂ ခုနှစ်မှစ၍ ဗလီမျှော်စင်သည် ပျောက်ပျက်ရန် စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းတွင် ပါဝင်ခဲ့ပြီး မြေသားပြုန်းတီးမှု၏ ခြိမ်းခြောက်မှုကို ပြင်းထန်စွာ ခံစားနေရပြီး ဂရုတစိုက် ထိန်းသိမ်းထားမှုလည်း မရှိခြင်းကြောင့် ဖြစ်သည်။[3] ၂၀၁၄ ခုနှစ်တွင် ဘီဘီစီ သတင်းဌာနမှ ထိုမျှော်စင်သည် အချိန်မရွေး ပြိုကျသွားနိုင်ကြောင်း အစီရင်ခံ တင်ပြခဲ့သည်။[4]

ဂျမ်ရှိ ဗလီမျှော်စင်နှင့် ရှေးဟောင်းသုတေသနဆိုင်ရာ အကြွင်းအကျန်များ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အာဖဂန်နစ္စတန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iii, iv
ကိုးကား ၂၁၁
ဒေသ** တောင်အာရှ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၂၀၀၂  (၂၆ ကြိမ်)
ပျောက်ပျက်ရန် စိုးရိမ်ရမှု ၂၀၀၂-
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကိုးကား

  1. Afghan historic minaret of Jam 'in danger of collapse' BBC BBC News။ 23 July 2018 တွင် ပြန်စစ်ပြီး။
  2. Ghaznavid and Ghūrid Minarets, Ralph Pinder-Wilson, Iran, Vol. 39, (2001), 167.
  3. NATO Channel, Discover Afghanistan – The Minaret of Jam, August 2013, https://www.youtube.com/watch?v=5F8SREfehZ4
  4. Afghan historic minaret of Jam 'in danger of collapse', although no efforts have yet been made to preserve it, 28 August 2014, By Mohammad Qazizada and Daud Qarizadah, https://www.bbc.com/news/world-asia-28969385
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.