ဂျမ်း၊ ဦး

ဦးဂျမ်း (ဦးဂျမ်းချည်ချောလုံချည်) သည် ၁၅၊၅၊၂၀၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့် တွင် အမရပူရမြို့ နေအိမ်တွင် ကွယ်လွန်သွားပြီဟု သိရှိရပါသည်။

ဦးဂျမ်း ကချင်လုံချည်

နိုင်ငံတစ်ဝှမ်း ကျော်ကြားသည့် အရေအသွေးမြင့် ၂/၈၀ ချည်ချောလုံချည်များ ထုတ်လုပ်ရောင်းချခဲ့သူတစ်ဦးဖြစ်ပါသည်။

အိန္ဒိယ ချည်ချောလုံချည်များ မြန်မာနိုင်ငံတွင်အဝတ်များသည့်ကာလတွင် မြန်မာများ မြန်မာ့ လုံချည် ဝတ်နိုင်ရန် ပြည်တွင်းဖြစ်ကိုအသုံးပြုနိုင်ရန် ပြန်လည်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ သွင်းကုန်အစားထိုး ထုတ်လုပ်အောင်မြင်ခဲ့သူတစ်ယောက်အဖြစ် မှတ်တမ်း တင်အပ်ပါသည်။

အမရပူရနယ်တစ်လွား စက်ရက်ကန်းသံများ နိုးထနိုင်ရန် စွမ်းဆောင်ခဲ့သူဖြစ်ပါသည်။

ဦးဂျမ်း ကို အဘ ဦးကျော်၊အမိ ဒေါ်အေးစိန်တိုမှ အမရပူရမြို့ နယ် ၊ ရဲလွှမ်းကျော်ရွာတွင် မွေးဖွားခဲ့ပြီး၊ မွေးချင်း(၉)ယောက်အနက် တတိယမြောက်သားဖြစ်ပါသည်။

ကွယ်လွန်ချိန်တွင် အသက်(၈၅)နှစ်ရှိပြီး၊ ဇနီးဒေါ်မြရင်၊သားသမီး (၄)ယောက်၊ မြေး (၈) ယောက်ကျန်ရှိပါသည်။ [1]

ကိုးကား

  1. ချည်ချောလုံချည် ထုတ်လုပ်သူ ဦးဂျမ်း ကွယ်လွန် – U Gyan passes away | MoeMaKa Burmese News & Media
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.