ဂျိမ်းဂျွိုက်စ်

ဂျိမ်း ဩဂတ်စတင်း အလွိုင်းစစ် ဂျွိုက်စ် (အင်္ဂလိပ်: James Augustine Aloysius Joyce; ၂ ဖေဖော်ဝါရီ ၁၈၈၂ – ၁၃ ဇန်နဝါရီ ၁၉၄၁) သည် အိုင်ယာလန် ဝတ္ထုတို စာရေးဆရာနှင့် ကဗျာဆရာ တစ်ဦး ဖြစ်သည်။ သူသည် ၂၀ ရာစု၏ ဩဇာအလွှမ်းမိုးဆုံး စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။

ဂျိမ်းဂျွိုက်စ်

Ulysses (၁၉၂၂) သည် သူ၏ အကျော်ကြားဆုံးသော ဝတ္ထုရှည်ကြီးဖြစ်ခဲ့ပြီး Finnegans Wake (၁၉၃၉) သည် သူ၏ အမြင့်မားဆုံးသော စာပေလက်ရာတစ်ခု ဖြစ်သည်။ ဝတ္ထုတိုများအနေဖြင့် ဒပ်ဘလင်မြို့သားများ (၁၉၁၄) နှင့် ကိုယ်တိုင်ရေးအတ္ထုပတ္တိဖြစ်သော အနုပညာသမား လူငယ်တစ်ယောက်၏ ပုံတူ (၁၉၁၆) တို့သည် ထင်ရှားသော လက်ရာများ ဖြစ်သည်။

ဂျိမ်းဂျွိုက်စ် ကို ၁၈၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံဒပ်ဘလင်မြို့တွင် မွေးဖွားခဲ့သည်။ ဂျွိုက်စ်သည် အသက် ၅၈နှစ်အရွယ် ၁၉၄၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့မှာ ကွယ်လွန်ခဲ့သည်။ ဝတ္ထုရေးဆရာ၊ ကဗျာဆရာဖြစ်သော ဂျွိုက်စ်သည် မော်ဒန် (Mordernism) နှင့် ပုံရိပ် (Imagism) ဝါဒီတစ်ယောက် ဖြစ်သည်။

Dubliners, 1914


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.