ဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်း

ဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်းသည် အင်ဒိုနီးရှားနိုင်ငံ ဖလန်းပင်မြို့ရှိ အားကစားကွင်းဖြစ်သည်။ပရိသတ် ၂၃၀၀၀ဝင်ဆံ့ပြီး လက်ရှိတွင် ဘောလုံးပြိုင်ပွဲများကို အများဆုံး ကျင်းပနေသည်။ ၂၀၀၁ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ အင်ဒိုနီးရှား အမျိုးသားအားကစားပွဲတော်ကို လက်ခံကျင်းပခဲ့သည်။ [1]

ဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်း
Gelora Sriwijaya Stadium
Jakabaring Stadium
၂၀၁၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်
တည်နေရာဖလန်းပင်မြို့၊ အင်ဒိုနီးရှားနိုင်ငံ
ကိုဩဒိနိတ်3°01′17″S 104°47′21″E
ပိုင်ဆိုင်သူတောင်စူမားတြားအစိုးရ
ဝင်ဆံ့ပမာဏ၂၃၀၀၀
ကွင်းအရွယ်၁၀၅ by ၆၈ m (၃၄၄ by ၂၂၃ ft)
တည်ဆောက်ခြင်း
တည်ဆောက်၂၀၀၁
ဖွင့်လှစ်၂၀၀၄
ပြင်ဆင်၂၀၁၇

ကွင်း၏ပုံစံ

အေ၊ဘီ၊စီ၊ဒီဟုခေါ်သော ပွဲကြည့်စင်၄ခုမှာ ပရိသတ် ၂၃၀၀၀ ဝင်ဆံ့သည်။၆၈×၁၀၅မီတာ ရှိသော မြက်ခင်းပြင်ကို ပြေးလမ်း၈ခုက ဝန်းရံထားသည်။အရှေ့ဘက်နှင့် အနောက်ဘက် ပွဲကြည့်စင်များကို အမိုးမိုးထားသည်။

ကိုးကား

  1. မော်ကွန်းတင်ပြီးမိတ္တူ 23 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 November 2020 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.