ငန်းနက်

ငန်းနက်သည် ကြီးမားသောရေငှက်တစ်မျိုး ဖြစ်သည်။ ဩစတြေးလျတိုက် အရှေ့တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် အဓိကသားပေါက်သောငန်း တစ်မျိုး ဖြစ်သည်။ သိပ္ပံအမည်မှာ ဆင်းဂနက်စ် အက်တရာတက်စ် ဖြစ်သည်။ ကြီးမားသောငှက်ကြီးတစ်မျိုး ဖြစ်ပြီး ပြောင်လက်သော အနက်ရောင်အမွေးအတောင်များနှင့် အနီ ရောင်နှုတ်သီး ရှိသည်။ အတောင်များပေါ်ရှိ အမွေးများမှာ ကောက်ကွေးနေသည်။[1]

ပျံ့နှံ့ကျက်စားရာဒေသ ဩစတြေးလျတိုက် အနောက်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ စိမ့်တောများနှင့် အနီးတဝိုက်ရှိ ကမ်းလွန်ကျွန်းများတွင် တွေ့ရသည်။ တက်စမေးနီးယားတွင်လည်း တွေ့ရသည်။ [2]


ကိုးကား

  1. "Cygnus atratus - Black swan (Species)". Wildlife1.wildlifeinformation.org. Retrieved 2011-10-17.
  2. ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.