ငါးခူ

ငါးခူ
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Actinopterygii
မျိုးစဉ်:
Siluriformes
မျိုးရင်း:
Clariidae
မျိုးစု:
Clarias
မျိုးစိတ်:
C. batrachus
ဒွိနာမ
Clarias batrachus
(Linnaeus, 1758)
Synonyms
  • Clarias assamensis
  • Clarias punctatus
  • Silurus batrachus

ငါးခူ

ငါးခူသည် အင်းငါးများတွင် လူသိများသောငါး ဖြစ်သည်။ ပါဏဗေဒအရ 'ကလာရီယပ်ဗတစ်ရာချပ်'ဟူ၍ ခေါ်သည်။ ငါးခူ၏ အရောင်မှာ နီညိုရောင် သို့မဟုတ် အနက်ရောင် ခပ်မွဲဲမွဲဖြစ်သည်။ ဝမ်းပိုင်းတွင် အရောင်အနည်းငယ် ဖျော့နေ သည်။ ဦးခေါင်းမှာပြား၍ ကိုယ်အနည်းငယ်လုံးသည်။ကျောဆူး တောင်သည် လည်ပင်းမှ အမြီးရင်းအထိ အရိုးငယ်ပေါင်း များစွာဖြင့် ဆက်လျက်ရှိ၏။ အမြီးထိပ်မှ ဝိုင်းနေ၏။ ရင်ဆူး တောင်မှာ လွှသွားကဲ့သို့ရှိသော်လည်း အရေ တစ်ထပ်ဖုံးလျက် ရှိသည်။ ငါးခူတွင် လေမှအောက်ဆီဂျင်ကို ရှူနိုင်သော အင်္ဂါ ပါရှိသဖြင့် ကုန်းပေါ်တွင် နာရီပေါင်းများစွာ အသက်ရှင် နေနိုင်သည်။ ငါးခူသည် ကိုယ်အရှည် ၁၂ ပေခန့်အထိ ရှိတတ် ၍ ရေချိုရေငန်နှစ်ရပ်လုံးတွင် ကျက်စားလေ့ရှိသည်။ မြန်မာ နိုင်ငံတွင် ငါးခူကို ဟင်းလျာအဖြစ် စားကြရုံမက ငါးပိကောင် လည်း လုပ်ကြသည်။ ငါးခူငါးပိကောင်မှာ လူကြိုက်များသော ငါးပိကောင်များအနက် တစ်မျိုးအပါအဝင် ဖြစ်သည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.